fbpx

Applied English

♦️ English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ

နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် …” ♦

 

♦️ သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့

၁၀၀% အာမခံ သင်ကြားပေးနေတဲ့ ** Active English သင်တန်း ** ♦️

 

☆☆☆☆☆

♦ English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်

ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ …

 

♦ English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် …

 

♦ သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်…

 

♦ ကိုယ့်ကိုကိုယ် တိုးတက်အောင် ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် …

 

♦ သင်ခန်းစာတွေတင် မက English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် …

 

♦ English ဘာသာစကား လေ့လာရင်း

Personal Development လို့ခေါ်တဲ့

ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးတာမျိုးကို လေ့လာလိုပြီဆိုရင် …

 

♦ စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်….

ဆရာ ကိုဇင်ဇေ ကိုယ်တိုင် ( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီး စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )

ဦးစီး တည်ထောင် သင်ကြားနေတဲ့

Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ

🙂

 

♦ အခု Post မှာ သင်တန်းအကြောင်း / သင်ကြားရေးပုံစံ / Level ခွဲပုံ /

သင်တန်းသား အခွင့်အရေး ( စာကြည့်တိုက် + Book Cafe +

Free Wifi + ထပ်ကျော့တက်ခွင့် )

သင်တန်းကြေး / လိပ်စာ နဲ့ လမ်းညွှန် စတာတွေကို သေချာ ရေးပေးထားပါတယ် ♦

 

♦ အသစ်ဖွင့်လှစ်မည့်

( Applied English / Business English / Grammar Foundation )

တန်းခွဲသစ်များပါဝင်တဲ့ အချိန်ဇယားစာရွက်ကို

Message ကနေ “ Timetable” လို့ စာပို့ပြီး တောင်းနိုင်ပါတယ်ဗျာ ။

ဒီလင့်မှာလည်း ပုံနဲ့ သေချာတင်ပေးထားပါတယ်ဗျာ … 🙂

>>> Timetable <<<

လူပြည့်သွားလို့ မတက်လိုက်ရမှာ စိုးရိမ်သူများ

ကြိုတင်အပ်နှံနိုင်ပါပြီဗျာ။

🙂

 

( ဒီစာကို ဖတ်ပြီးလို့ မရှင်းလင်းတာ ၊ ထပ်သိချင်တာရှိရင်

09 4311 5202 / 09 25000 5174 တို့ကို ဖုန်းဆက်စုံစမ်းနိုင်ပါတယ် ။

လူကိုယ်တိုင် လာစုံစမ်းချင်ရင်တော့

အမှတ် ၂၈ ၊ မြေညီထပ် ၊ ၁၆၇ လမ်း ၊ တာမွေ ၊ ရန်ကုန် ကို သာ လာခဲ့လိုက်ပါဗျာ ။ )

 

~~~~~~~~~~~~~~~~~~~~~~~

 

Active English သင်တန်းနဲ့ ပတ်သက်ပြီး

မေးမြန်း စုံစမ်းလေ့ ရှိတာလေးတွေ စုပြီး ဖြေပေး လိုက်ပါတယ်။

 

၁။ သင်ကြားမှု ပုံစံ

 

♦♦♦

ဆယ်တန်းအောင် အရွယ်ကနေစပြီး လူကြီးတွေအတွက်

သင်တန်း ပုံစံ ၂ မျိုး ခွဲပေးထားပါတယ် ။

 

♦ Listening နဲ့ Speaking ကို ဦးစားပေး လေ့လာလိုသူများအတွက်

☆ Applied English Class ☆ နဲ့

 

♦ သဒါ္ဒ အခြေခံ ကောင်း ရချင်သူများ အတွက်

☆ Grammar Foundation Course ☆ တို့ ဖြစ်ပါတယ် ။

 

♦♦♦

Applied English သင်တန်းမှာ

4 skills လုံး သင်မှာ ဖြစ်ပေမယ့်

Listening နဲ့ Speaking ကို (၈၀) ရာခိုင်နှုန်း

ဦးစားပေး သင်ကြား လေ့ကျင့်ပေးသွားမှာပါ။

 

♦ သင်ရိုးကို ခိုင်မာပြီး စနစ်ကျအောင်

Cambridge University ရဲ့ Course တွေကို ယူသုံးပါတယ်။

 

♦ Cambridge သင်ရိုးမှာ မပါတဲ့ တစ်ခြား လိုအပ်မယ် ထင်တာလေးတွေ ၊

Pair Work ( ၂ ယောက် တစ်တွဲ ) လေ့ကျင့်တာတွေ အပြင်

Group Work ( အဖွဲ့လိုက် ) လေ့ကျင့်တာတွေ ၊

Group Discussion -အဖွဲ့လိုက် ဆွေးနွေးခိုင်းပြီး

ပြန်ပြီး Presentation လုပ်ခိုင်းတာတွေ ပါပါမယ် ။

( သင်တန်းသားတွေရဲ့ Level အလိုက် ချိန်ညှိပြီး လုပ်ပေးသွားမှာပါ ။ )

 

♦ သင်တန်းရဲ့ အဓိက ဟန်ဖြစ်တဲ့ Personal Development,

Motivation, Effective Thinking, Successology စတဲ့ အကြောင်းအရာတွေကို

ဆရာ ကိုဇင်ဇေ က ဖြည့်စွက်ပြီး သင်ပေးပါတယ်။

☆ Applied English ( #GeneralEnglish ) အတန်းတိုင်းမှာ

ဆရာ ကိုဇင်ဇေ ကိုယ်တိုင် ဝင်သင်ပေးပါတယ် ။

 

ဆရာ ကိုဇင်ဇေ ရဲ့ Page & Website က ဒီမှာပါ

( ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ စာစုတွေကို သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် )

> https://www.facebook.com/sharingkozin

ဆရာ ကိုဇင်ဇေ စီစဉ် ထုတ်ဝေပေးနေတဲ့

မြန်မာ့အိပ်မက် ( လူငယ်တိုးတက်ရေး မဂ္ဂဇင်း ) Page က ဒီမှာပါ

> https://www.facebook.com/myanmadream

 

♦♦♦

(Reading & Writing က အရင်ကျောင်းတွေမှာလဲ

အတော် လုပ်ခဲ့ပြီးသား ဖြစ်ကြမှာပါ။)

ဒီတော့ အဓိက အားနည်းနေတဲ့ Listening and Speaking အပိုင်းတွေကို

အရင် စပြီး ဖိဖိစီးစီး လေ့ကျင့် သင်ကြားပေးမှာပါ ။

Grammar အဓိက ထားပြီး သွားတဲ့ သင်ကြားမှု ပုံစံမျိုး မဟုတ်ဘဲ

လက်တွေ့ အသုံးချ ဘာသာစကား သင်ကြားရေး ပုံစံကို အဓိက ထားမှာပါ။

(ပြောချင်တာက ကျောင်းသင် ပုံစံမဟုတ်ဘဲ

Grammar က အနောက်က လိုက်မှာပါ။)

 

♦ ဆရာတွေကို မရှိန်အောင် ၊ မေးစရာရှိတာကို ပေါ့ပေါ့ပါးပါး မေးရဲအောင်

သင်တန်းသားတွေ အချိန်တိုတိုနဲ့ နားလည်လွယ်အောင် လို့

ဆရာတွေက English လို ( ၁၀၀ ရာခိုင်နှုန်း )

တောက်လျှောက် ပြောသင်တဲ့ နည်းစနစ်ကို မသုံးပါဘူး ။

ဒါပေမယ့် ကျောင်းသားတွေရဲ့

Level အလိုက် လိုက်နိုင်လောက်တယ် ထင်သလောက်ကို

English လို ညှပ် ညှပ်ပြီး ရှင်းပြတာမျိုး လုပ်ပေးသွားမှာပါ ။

 

♦ လက်ရှိ စဖွင့်တဲ့ Applied English သင်တန်း တန်းခွဲတွေမှာ

သဒ္ဒါကို အလွန်အမင်း ဦးစားပေးပြီး မသင်ပါဘူး။

နားထောင်မှု စွမ်းရည်၊ တုံ့ပြန်နိုင်မှု စွမ်းရည် ၊

တွေးခေါ်မှု စွမ်းရည်၊ ပြောဆို ဆွေးနွေးမှု စွမ်းရည်တွေကို

လေ့ကျင့် သင်ကြား ပေးဖို့အတွက် အချိန် ပိုပေးချင်လို့ ဖြစ်ပါတယ်။

 

♦ Grammar တအား အားနည်းတဲ့ ကျောင်းသားတွေ အတွက်တော့

လိုအပ်သလောက်ကို ညှိပြီး အကြံပေး လမ်းညွှန်ပေးပါတယ်။

ဆရာကိုယ်တိုင် အချိန်အနည်းငယ် ပေးပြီး တွဲဖက် လေ့လာရမယ့်

ဖြည့်စွက် စာအုပ်တွေနဲ့ လေ့လာရမယ့် ပုံစံတွေကို ဆွေးနွေးပေးပါတယ်။

Grammar တအား အားနည်းတဲ့ ကျောင်းသားတွေ အတွက်

သင်တန်းကြေး ထပ်မံ သွင်းစရာမလိုပဲ

အချိန်ပို ထပ်ခေါ်ပြီးလည်း လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ။

ပိုပြီး ထိထိရောက်ရောက် လေ့လာလေ့ကျင့်ချင်ရင်တော့

Grammar Foundation Course ကို တက်ရောက်သင့်ပါတယ် ။

ဒီ Page လေးက

သင်ခန်းစာတွေကိုလည်း ကြိုတင် လေ့လာနေနိုင်ပါတယ် ။ 🙂

>>> Grammar အားနည်းသူများအတွက် သင်ခန်းစာများ – ကိုဇင်ဇေ <<<

https://www.facebook.com/activeenglish.basicgrammar/

 

♦ သင်တန်းပျက်တာ ၊ စာမလိုက်နိုင်တာတွေ ရှိခဲ့ရင်လည်း

အဆင်ပြေမယ့် တန်းခွဲတွေမှာထပ်ကျော့ ပြီး

တက်ရောက် လေ့လာလေ့ကျင့်နိုင်ဖို့ သင်တန်းမှူးတွေနဲ့ ညှိနှိုင်းနိုင်ပါတယ်။

 

♦ တကယ်လို့ စာ မလိုက်နိုင်ရင် အတန်းမစခင် (ဒါမှမဟုတ်) ပြီးသွားတဲ့အခါ

ကျွန်တော် (ဆရာကိုဇင်ဇေ) နဲ့ တစ်ဦးချင်းတွေ့ခွင့်တောင်းပြီး ဆွေးနွေးလို့ရပါတယ် ။

ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့် အခြေအနေကို ပြောပြတိုင်ပင်ရင်

ကျွန်တော်တို့ အထိရောက်ဆုံး ကူညီလမ်းပြ သင်ကြားပေးမှာပါ ။

 

♦♦♦ တကယ်တမ်းတော့ ဇွဲလေး နည်းနည်း ထည့်လိုက်ရင်

တော်ရုံ အားနည်းသူတွေတောင် လိုက်နိုင်ကြပါတယ်။ ♦♦♦

~~~~~~~~~~~~~~~~~~~~~~~

 

☆ Business English Course ☆

 

♦♦♦

လက်ရှိ စီးပွားရေး လုပ်ကိုင် နေသူတွေ / နောင် စီးပွားရေး လုပ်ချင်သူတွေ /

လက်ရှိ လုပ်ငန်းခွင်မှာ အခြေခံ ဝန်ထမ်း ဘဝထက် တစ်ဆင့် မြင့်ချင်သူတွေ အတွက်

အဆင်ပြေအောင် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ #BusinessEnglishCourse လည်း ရှိပါတယ် ။

ဒီ Business English အတန်းကတော့ သင်တန်းသား/သူဟောင်းတွေ ၊

( စီးပွားရေး နဲ့ တိုးတက်ရေး ) သင်တန်းသား/သူဟောင်းတွေ နဲ့

ဆရာ ကိုဇင်ဇေ ရဲ့ သင်ကြားဟောပြောမှု / ရေးသားမှုတွေကို

ပုံမှန်ဖတ်ရှုလေ့လာပြီးသားဖြစ်တဲ့လူတွေ အတွက်သာ

သီးသန့် ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ် ။

#BusinessEnglishCourse အကြောင်း အပြည့်အစုံကို

ဒီ လင့် မှာ သေချာ သွားရောက် ဖတ်ရှုလေ့လာနိုင်ပါတယ် ။

>>> Business English Class <<<

 

~~~~~~~~~~~~~~~~~~~~~~~

 

☆Young Learners Class ☆

 

♦♦♦

အသက် ၅ နှစ်ကနေ ၁၃ နှစ်အတွင်း ကလေးတွေကို

အသက်အရွယ် နဲ့ လက်ရှိ English စာ အပေါ် မူတည်ပြီး

အတန်းတွေခွဲပြီး သင်ကြားပေးတဲ့

☆Young Learners Class ☆ အကြောင်းကိုတော့ ဒီ လင့်မှာ

> Young Learners Class <

အသေးစိတ် သွားရောက်လေ့လာနိုင်ပါတယ်ဗျာ ။

 

~~~~~~~~~~~~~~~~~~~~~~~

 

အပြင်မှာ သင်တန်းလာတက်ဖို့

အချိန် ၊ နေရာ အဆင်မပြေသူများ

အဆင်ပြေစေဖို့ အတွက်

ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့

Online Class အကြောင်းကိုတော့

ဒီလင့်မှာ လေ့လာနိုင်ပါတယ် ။

> Online Class <

 

( ဖုန်းဆက်မယ် ဆိုရင် တော့

♦ 09 26100 8186 / 09 4311 5202 / 09 25000 5174 တို့ကို

ဆက်သွယ် စုံစမ်းနိုင်ပါတယ်ဗျာ ။ )

 

~~~~~~~~~~~~~~~~~~~~~~~

 

၂။ သင်ကြားပေးမည့် ဆရာများ

♦ သင်မယ့်ဆရာထဲမှာ ကျွန်တော်( ကိုဇင်ဇေ ) ပါ ပါတယ်။

Applied English အတန်းတိုင်းမှာ

ဆရာ ကိုဇင်ဇေ ကိုယ်တိုင် ဝင်သင်ပေးပါတယ် ။

တခြားပြင်ပက သင်ကြားရေး အတွေ့အကြုံရှိတဲ့ ဆရာတွေ လည်း ပါ ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

 

image47
၃။ “သင်တန်းကြေး ၁၀၀ ရာခိုင်နှုန်း ပြန်အမ်းပေးခြင်း”

 

♦ သင်ကြားမှု ပုံစံနှင့် မိမိ၏ တိုးတက်မှုအပေါ် ကျေနပ်မှု မရှိရင်သာ

တကယ် ငွေပြန်အမ်း ပေးပါတယ်။

(တစ်ပတ်အတွင်းဆို(၁၀၀)ရာခိုင်နှုန်းပြန်အမ်းပေးပါတယ်။)

ကျွန်တော်သင်တန်းသားတွေကိုကိုယ်ချင်းစာလို့

ဒီအစီအစဉ် ကို ထည့်ပေးတာပါ။

 

♦ စာတတ်၊ စာတော်တိုင်းလည်း စာမသင်တတ်ပါဘူး။

စာသင်တတ်တိုင်းလည်း ကိုယ်နဲ့ကိုက်မယ်လို့သေချာပေါက် မပြောနိုင်ပါဘူး။

ဒီတော့ သင်တန်းရဲ့ ဟန်နဲ့ မကိုက်ရင် မြန်မြန် တခြား

ကိုယ်နဲ့ ပိုအဆင်ပြေတဲ့ ဆရာ ရှာနိုင်ဖို့ ဒီအစီအစဉ်ကို ထည့်ပေးထားတာပါ။

~~~~~~~~~~~~~~~~~~~~~~~

 

၄။ သင်တန်းတွင် လူဦးရေ ကန့်သတ်ထားခြင်း။

 

♦ တန်းခွဲ တစ်ခုမှာ လူဦးရေ ( ၄၀ – ၅၀ ) အထိပဲ လက်ခံပါတယ်။

အသစ်ဝင်လာတဲ့ ကျောင်းသားတွေကို အဟောင်းတွေနဲ့ ရောသင်တာမျိုး

ကျွန်တော်တို့ သင်တန်းမှာ လုံး၀ မရှိပါဘူး။

~~~~~~~~~~~~~~~~~~~~~~~

 

၅။ သင်တန်းကာလ (တစ်ခု) ပြီးတိုင်း နောက် Level တွေ ရှိလား?

လပိုင်းလောက်ပဲ တက်ပြီး ကျွမ်းကျင်နိုင်လား … ?

 

♦ သင်တန်းကာလ တစ်ခုပြီးတိုင်း နောက် level တွေ ရှိပါတယ်။ ဆက်တက်လို့ရပါတယ်။

 

♦ အကယ်၍ နောက် level တွေဆက်မတက်ဖြစ်ရင်

ဘယ်စာအုပ် စာတမ်းတွေကို ဘယ်လို အသုံးပြုပြီး

ဆက်လက် လေ့လာသွားရမယ် ဆိုတာကိုလည်း လမ်းညွှန် ပေးပါတယ်။

 

♦ တကယ် ကျွမ်းကျင်ချင်ရင် ဘယ်ပညာရပ်မဆို

“နာရီ တစ်သောင်း” အချိန်ပေးရတယ်လို့

ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။

 

♦ လပိုင်းလောက် တက်မယ်။

ဟိုဟာ ဖြစ်မလား?.. ဒီဟာ ဖြစ်မလား ဘုမသိ ဘမသိ

(မေးသူရဲ့ အနေအထားကို မသိဘဲ)

ကျွန်တော်တို့ သင်တန်းမှ ပြန်မဖြေချင်ပါဘူး။

< အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ အသေးစိတ်ကို

ဆောင်းပါးတစ်ပုဒ်လည်း သီးသန့်ရေးပေးထားပါတယ်

ဒီလင့်မှာ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် >>>

https://www.facebook.com/activeenglishmyanmar/posts/984282104998329 >

🙂

~~~~~~~~~~~~~~~~~~~~~~~

 

၆။ သင်တန်းသားဟောင်းများ အတွက် အခွင့်အရေး !

 

♦ သင်တန်းပြီးဆုံးသွားသော်လည်းသင်တန်းသားဟောင်း တွေဟာ

မိမိရဲ့ ကိုယ်တိုင်လေ့လာမှု လမ်းခရီးမှာအခက်အခဲ တွေရှိခဲ့ရင်

အမြဲတတ်နိုင်သလောက် အကြံပေးပေးပါတယ်။

 

♦ သင်တန်းပြီးသွားလည်း English ဘာသာစကား လေ့လာမှုနဲ့ အဆက်မပြတ်အောင်

အတတ်နိုင်ဆုံး Channel ပေါင်းစုံ၊

Media ပေါင်းစုံ သုံးပြီး ဆက်သွယ်ပေးထားပါတယ်။

– Website

– Facebook Page

– Facebook Group

– Mobile App တွေ နဲ့ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ် ။

~~~~~~~~~~~~~~~~~~~~~~~

 

၇။ သင်တန်းသားများအတွက် စာကြည့်တိုက် နှင့်

Book Cafe ထားရှိပေးထားခြင်း။

 

♦ စာကြည့်တိုက် ထားပေး ထားပါတယ်။

စာအုပ်ပေါင်း ၁၅၀၀ ကျော် ရှိပါတယ် ။

စာအုပ်တွေ ငှားဖတ်လို့ ရပါတယ်။

ဘယ် စာအုပ်တွေ ဖတ်သင့်ကြောင်းပါ လမ်းညွှန်ပေးပါတယ်။

 

♦ English ဘာသာစကားဆိုင်ရာ စာအုပ်များသာမက

English ဝတ္ထုတိုများ၊

စီးပွားရေး နှင့် တိုးတက် အောင်မြင်ရေးဆိုင်ရာ English ၊

မြန်မာ စာအုပ် စာပေများ၊ မဂ္ဂဇင်းများ၊

အခြားသုတ၊ ရသနှင့် နည်းပညာ စာအုပ်များကို

သင်တန်းသားများအတွက် စီစဉ်ထားရှိ ပေးထားပါတယ် ။ ♦

 

♦ ActiveEnglish သင်တန်းသူ သင်တန်းသားများ ၊ မိဘများ အတွက်

ကော်ဖီသောက်ရင်း စာဖတ်နိုင်အောင် Book Cafe လည်း စီစဉ်ဖွင့်လှစ်ပေးထားပါတယ် ♦

~~~~~~~~~~~~~~~~~~~~~~~

 

၈။ Level ဘယ်နှစ်ခုရှိလဲ ? ဘယ်လိုတွေခွဲထားလဲ ?

ဘယ် level ကနေစတက်ရမလဲ ?

 

♦ Active English မှာ အဓိက Level 3 ခု ခွဲထားပြီး အသေးစိတ်လိုက်ရင်တော့

အောက်ပါ အတိုင်း Level 6 ခု ဖြစ်သွားပါတယ်

🙂

1. Elementary to Pre-intermediate Part-1

2. Pre-intermediate ( Part-2)

3. Intermediate ( Part-1)

4. Intermediate ( Part-2)

5. Upper Intermediate ( Part-1)

6. Upper Intermediate ( Part-2 )

ဘယ် Level တက်ရမယ်ဆိုတာကို

Placement Test တော့ ဖြေစရာ မလိုပါဘူး ။

( Placement Test ဖြေပြီးမှ တက်ချင်တယ်ဆိုတဲ့လူကိုလည်း

သီးသန့် စစ်ဆေးပေးနိုင်ပါတယ် ။ )

 

♦ အခုမှ စပြီး သင်တန်းတက်မယ့်သူ / အခြေခံကနေ စချင်သူ /

Elementary to Pre-intermediate ( Part-1 ) တက်မယ့်လူတွေက

အနိမ့်ဆုံး ပညာအရည်အချင်း ၁၀ တန်းအောင်ဆိုရင် အဆင်ပြေပါတယ် ။

၁၀ တန်းအောင်ပြီးကာစ လူငယ်တွေ /

ဘွဲ့ရပြီးသူတွေ / လုပ်ငန်းခွင် ဝင်နေသူတွေလည်း အခြေခံအားနည်းရင်

Level( 1 ) – Part (1) < Elementary to Pre-intermediate > တန်းကနေပဲ စတက်ပါဗျာ ။

 

♦ သင်တန်းသားတွေ ရရင် ရသလောက် ဆွဲတင်သွားမှာ ဖြစ်ပေမယ့်

Pre-intermediate ( Part-2 ) အတွက်

Target Vocabulary Range က ( 4,000 to 5,000 ) ပါ ။

အနည်းဆုံး 2,500 to 3,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

 

♦ Intermediate ( Part-1 ) အတွက်

Target Vocabulary Range က ( 5,000 to 6,500 ) ပါ ။

အနည်းဆုံး 4,000 to 5,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

တကယ်လို့ စာ မလိုက်နိုင်ရင် အတန်းမစခင် (ဒါမှမဟုတ်) ပြီးသွားတဲ့အခါ

ကျွန်တော် (ဆရာကိုဇင်ဇေ) နဲ့ တစ်ဦးချင်းတွေ့ခွင့်တောင်းပြီး ဆွေးနွေးလို့ရပါတယ် ။

ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့် အခြေအနေကို ပြောပြတိုင်ပင်ရင်

ကျွန်တော်တို့ အထိရောက်ဆုံး ကူညီလမ်းပြ သင်ကြားပေးမှာပါ ။

Level-1 ကနေ စမတက်ဘဲ ကျော်တက်ချင်တယ်ဆိုရင် သင်တန်းကို

လူ ကိုယ်တိုင် လာဆွေးနွေးတာ ပို အဆင်ပြေပါတယ် ။

တခြား ဘယ်သင်တန်းတွေ မှာ ဘယ်လောက် ကြာအောင် လေ့လာဖူးတယ်။

ဘယ်သင်ရိုးတွေနဲ့ ဘယ် အဆင့်အထိ လေ့လာဖူးတယ်

ဆိုတာတွေ နဲ့ ချိန်ညှိပြီး သင့်တော်မယ့် Level ကို အကြံပြုပေးပါတယ် ။

တက်ရောက်မယ့်လူဘက်ကလည်း ကိုယ်တိုင် ချင့်ချိန် ဆုံးဖြတ်နိုင်ပါတယ်ဗျာ

🙂

~~~~~~~~~~~~~~~~~~~~~~~

 

၉။ သင်တန်းကြေးက ဘယ်လောက်လဲ?

စာအုပ်စာတမ်း ကြေး ထပ်ပေးရသေးလား ?

 

♦ Speaking and Listening Class အတွက်

သင်တန်းကြေး က ၅ သောင်းခွဲပါ ။

လစဉ် ယူတာမဟုတ်ပါဘူး ။ Level တစ်ခု အပြတ်ပါ ။

( မိမိတက်တဲ့ တန်းခွဲ < တစ်ပတ် ဘယ်နှရက် ၊

တစ်နေ့ ဘယ်နှနာရီ > ပေါ် မူတည်ပြီး

Level တစ်ခုဟာ ၁လခွဲ ကနေ ၃လခွဲလောက် ကြာနိုင်ပါတယ် ။ )

 

♦ Grammar Foundation Class အတွက် သင်တန်းကြေး က ၃ သောင်းပါ ။

 

♦ တကယ်လို့ တန်းခွဲ ၂ မျိုး တွဲတက်ရင် ၊

ဒါမှမဟုတ် Active English သင်တန်းသားဟောင်းဖြစ်သွားပြီဆိုရင်

Grammar Foundation Class ကို

၃ သောင်းအစား ၁သောင်းခွဲ ပဲ ပေးရမှာပါ ။

Grammar Foundation Class တက်တဲ့အခါ

သင်တန်းသားဟောင်းတွေကို ၅၀% လျှော့ပေးတဲ့ သဘောပါ ။

စာအုပ်စာတမ်းကြေး သီးသန့် ထပ် ပေးစရာ မလိုပါဘူး။

သင်တန်းကြေး ၅သောင်း ခွဲက စာအုပ်စာတမ်း ( စက္ကူထူ ၊ အရောင်စုံဖြင့် ) /

အသံဖိုင် နဲ့ Softwares တွေ ပါ အပြီးအစီးပါ ။

စာအုပ်ပေါင်း ၂၀၀၀ လောက် ရှိတဲ့ စာကြည့်တိုက်

သုံးစွဲခွင့်လည်း ပါပြီးသားပါဗျာ

🙂

စာဖတ်ကျင့်မရှိသေးတဲ့လူတွေကို

ဘယ်စာအုပ်တွေကို ဖတ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးသွားဦးမှာပါ ။

 

♦ သင်တန်းသားတွေ အတွက် လိုအပ်မယ့် / အားဖြည့်လေ့လာလို့ရမယ့်

Ebooks တွေ နဲ့ Audio/Video Files တွေလည်း အခမဲ့ ရယူနိုင်ပါတယ် ။

Data တွေကို ပေးရုံတင် ပေးလိုက်တာမဟုတ်ပဲ

ဘာပြီး ဘာကိုလေ့ကျင့်ရမယ် ။

ဘာနဲ့ ပြန်တွဲ လေ့ကျင့်ရမယ် ဆိုတာတွေပါ လမ်းညွှန်ပေးမှာပါ ။

စာအုပ်စာတမ်း မှာ သင်ရိုးညွှန်းတမ်းများ အပြင် ဗလာစာအုပ် ဘောပင်ကအစပါလို့

သင်တန်းသားဘက်က ဘာမှယူလာစရာမလိုပါဗျာ

🙂

 

♦♦♦

☆ သင်တန်းသား/သူ များ ဘက်က ယူလာရမှာကတော့

လူနဲ့ စိတ် (စာသင်ချင် ၊ စာလုပ်ချင်) ပါပဲ

🙂

🙂

🙂

♦♦♦

~~~~~~~~~~~~~~~~~~~~~~

image48
၁၀။ တန်းခွဲသစ် ဘယ်အချိန်တွေ ဖွင့်ဖို့ရှိလဲ?

 

♦ အသစ်ဖွင့်လှစ်မည့်

( Applied English / Business English / Grammar Foundation )

တန်းခွဲသစ်များပါဝင်တဲ့ အချိန်ဇယားစာရွက်ကို

Message ကနေ “ Timetable” လို့ စာပို့ပြီး တောင်းနိုင်ပါတယ်ဗျာ ။

ဒီလင့်မှာလည်း ပုံနဲ့ သေချာတင်ပေးထားပါတယ်ဗျာ … 🙂

>>> Timetable <<<

☆ လူဦးရေ ကန့်သတ်ထားတဲ့ တန်းခွဲတွေ ဖြစ်လို့

ကြိုတင် လာရောက် အပ်နှံပေးတာ ပိုပြီး အဆင်ပြေမှာပါ

🙂

 

*** ပုံမှန် ဖွင့်လှစ်ပေးထားသော သင်တန်း အချိန်ဇယားများ***

( တနင်္လာ မှ ကြာသပတေး = ၅ ချိန် )

9:00-11:00 AM /

12:00 Noon – 2:00 PM /

2:00-3:30 PM /

4:00-5:30 PM /

6:30-8:00 PM

 

( စနေ / တနင်္ဂနွေ = ၉ ချိန် )

7:00-8:30 AM /

9:00 AM – 11:30 AM ( စနေ သီးသန့်အတန်း )

9:00 AM – 11:30 AM ( တနင်္ဂနွေ သီးသန့်အတန်း ) /

11:30 AM – 2:00 PM ( တနင်္ဂနွေ သီးသန့်အတန်း )/

2:00-3:30 PM /

3:30-5:00 PM /

5:00-6:30 PM /

5:00-7:30 PM ( Business English )

6:30-8:00 PM

 

♦ အချိန်ဇယားက စောပြီး ကြိုထုတ်ပေးထားရတာမို့လို့

ရှေ့အတန်း စာပြတ်မပြတ် ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိတတ်ပါတယ် ။

နောက်ဆုံးထွက် အချိန်ဇယားကို လိုချင်ရင်

Page ကို “ Timetable” လို့ Message ပို့ထားနိုင်ပါတယ်ဗျာ ။

ဒီလင့် > ( https://m.me/activeenglishmyanmar ) < ကို

နှိပ်ပြီး Message ပို့နိုင်ပါတယ် ။

 

♦ လတိုင်း သက်ဆိုင်ရာ အချိန်အလိုက်

တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ် 🙂

ကြိုတင် စုံစမ်းတာမျိုးလည်း လုပ်နိုင်ပါတယ် …

ဒီ နံပါတ်တွေကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ် 🙂

09 4311 5202 / 09 2522 74890 /09 25000 5174

☆ လူဦးရေ ကန့်သတ်ထားတဲ့ တန်းခွဲတွေ ဖြစ်လို့

ကြိုတင် လာရောက် အပ်နှံပေးမှ အဆင်ပြေမှာပါ … 🙂

~~~~~~~~~~~~~~~~~~~~~~~

 

၁၁။ သင်တန်းနေရာက ဘယ်မှာလဲ? ဘယ်လိုလာရမလဲ?

 

♦ သင်တန်းလိပ်စာ : အမှတ် ( ၂၈ / ၂၉-A / ၃၃ ) ၊ မြေညီထပ် ၊

၁၆၇ လမ်း ( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊

တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )

🙂

 

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်

အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍

လမ်းညွှန်မေးမြန်းနိုင်ပါတယ်

🙂

 

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 /

09 25000 5174/ 09 26100 8186 / 09 77254 7800

~~~~~~~~~~~~~~~~~~~~~~~

 

၁၂။ ဘယ်နေ့တွေ သင်တန်း ဖွင့်ပါသလဲ ?

ဘယ် အချိန် လာအပ်လို့ ရပါသလဲ ?

 

♦ မနက် ၇ နာရီ မှ ည ၈ နာရီအထိ သင်တန်းဖွင့်ပါတယ် ။

လာအပ်လို့ ရပါတယ် ။

🙂

 

#ActiveEnglish သင်တန်း Page နဲ့ Website မှာ

သင်ခန်းစာ အချို့ ကြိုတင် လေ့လာလို့ ရပါတယ် ။

www.facebook.com/MmEnglishLearning

www.activeenglishmyanmar.com

 

သင်တန်း မတက် ဖြစ်သေးလည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်

Message or Comment box ကနေ လေ့လာစရာ

– Mobile Application

( Post အသစ်တင်တိုင်း App ကနေ ဖတ်ရှုသိမ်းဆည်းနိုင်မှာပါ ။ )

– Ebooks တွေ

( အွန်လိုင်းပေါ် တင်ထားသော သင်ခန်းစာဟောင်းများ စုစည်းမှု

စာအုပ်၂ အုပ်) ကို တောင်းနိုင်ပါတယ်ဗျာ … 🙂

ဒီ Page > https://www.facebook.com/activeenglishmyanmar < မှာလည်း

English ဘာသာစကားဆိုင်ရာ ဆောင်းပါးများ /

သင်ခန်းစာများကို ပုံမှန်တင်ပေးနေတာမို့လို့

မလွတ်တမ်း ဖတ်ချင်ရင် Page ကို Like လုပ်ပြီး

See first ယူထားနိုင်ပါတယ်ဗျာ ။

🙂

 

♦ “ English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ

နင်းတက်သွားရမယ့် လှေကား ဖြစ်နိုင်ကြပါစေဗျာ … 🙂

စေတနာဖြင့်

Active English သင်တန်း – ကိုဇင်ဇေ

ကိုဇင်ဇေ

ကြယ်ငါးကောက်သူတစ်ယောက်မျှသာ

Zin Zae

Zin Zae

Founder

တစ်ခါမှာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ် ကယ်တင်ပေးလိုက်တာဟာ ပင်လယ်ကမ်းခြေ တစ်လျှောက်လုံးမှာ တင်ရှိနေသမျှ ကြယ်ငါးတွေအားလုံးကို ကယ်နိုင်တာမဟုတ်လို့ ဘာမှ မထူးခြားသွားပါဘူးလို့ ပြောနိုင်ပေမယ့် အကယ်ခံလိုက်ရတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သိပ်ကို ထူးခြားသွားတာပဲ မဟုတ်လားဗျာ။ အဲ့လို စိတ်လေးထားပြီး ကြယ်ငါးလေးတွေကို ပုံမှန် ကယ်ပေးနေရင် ကြယ်ငါးကောက်ပြီး ကယ်ပေးသူတွေ ပိုပြီး များ များလာရင် ကျွန်တော်တို့ ကောက်ယူ ကယ်ဆယ်နိုင်လိုက်တဲ့ ကြယ်ငါးလေးပေါင်းများစွာ ရှိလာဖို့ ရည်ရွယ်ပါတယ်

Ko Zin Zae

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေ အဝိုင်းထိပ် အနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

09250005174

Pin It on Pinterest

Share This