fbpx

တစ်ချို့က အင်္ဂလိပ်စာ အခြေခံအားနည်းတယ်ဆိုတာ
Verb to be ဆိုတာ ဘာတွေမှန်းကို မသိတာမျိုး ။
I happy. တို့
I interest English. တို့
Can I teach? တို့ လုပ်တာမျိုး ?
တကယ် အားနည်း တာပါ ။

အဲ့လို လူတွေက
သာမန် ဆယ်တန်းအောင် ဘွဲ့ရတွေကို သင်ပေးတဲ့
အတန်းမှာ ဝင်တက်ရင် သိပ် အဆင်ပြေမှာ မဟုတ်လို့
ဖြစ်နိုင်ရင် လူနည်းနည်းနဲ့
သီးသန့်လေး သင်ပေးနိုင်မယ့် ဆရာ ကို
လိုက်ရှာတာ ပိုကောင်းတယ် ။
စရိတ်သက်သာအောင်
ကိုယ့်လို အခြေခံ တကယ် အားနည်းသူတွေ စုပြီး
သီးသန့် ဝိုင်းလေးစီစဉ်ရမှာပေါ့ ။
ဒါမှမဟုတ် ဆရာ့ကို စုပေးဖို့ အကူအညီ တောင်းရမှာပေါ့ ။
( အဲ့လောက် အားနည်းတဲ့ လူတွေနဲ့
ဆယ်တန်းအောင် ဘွဲ့ရတွေကို
တစ်တန်းတည်းမှာ ရောသင်လိုက်ရင်လည်း
လွယ်လွန်း ခက်လွန်း တဲ့ ကိစ္စတွေ ဖြစ်ပြီး
တကယ် ထိရောက်တဲ့ အတန်း တစ်ခု ဖြစ်လာဖို့ မလွယ်ဘူး ။
ဒါကြောင့် ကျွန်တော်တို့ သင်တန်းမှာလည်း ကန့်သတ်ချက်လေးတွေ ထားရတာ ။
မသင်ပေးချင်လို့ မဟုတ်ဘူး ။
ပိုက်ဆံရ ပြီးရောဆိုပြီး ပေးတက်လို့ ရပေမယ့်
မထိရောက်မှာ စိုးလို့ ။
သင်တန်းသားဆီက ပိုက်ဆံကို
သူ့ အတွက် အကျိုး ရှိအောင် မလုပ်ပေးနိုင်ပဲ
ခပ်လွယ်လွယ်နဲ့ မယူချင်လို့ )

♦️
တစ်ချို့က အခြေခံ အားနည်းတယ်လို့
ကိုယ့်ကိုယ်ကို ထင်နေပေမယ့်
တကယ်တမ်းက ထင်သလောက်
အားနည်းနေတာ မဟုတ်ပဲ
စိတ်က စိုးရိမ်လွန်နေတတ်တာပါ ?

စိတ်ကို သေချာ ပြင်ဆင်ထားပြီး
ဆရာကောင်း ( ဒါမှမဟုတ် ) ပတ်ဝန်းကျင်ကောင်း နဲ့
ကြုံကြိုက်မယ်ဆိုရင်
အဆင်ပြေသွားနိုင်တာမျိုးပါ ။

ကိုယ့်ကိုယ်ကို သိပ် လျှော့မတွက်ပါနဲ့ ။
ဆယ်တန်းထိ ဖြတ်သန်းထားပြီး
တက္ကသိုလ်ထိ ဖြတ်သန်းထားပြီးပြီဆို
ထိုက်သင့်တဲ့ အခံလေးတွေ ရှိကြပါတယ် ။
နည်းနည်း ငုပ်နေတာပါ ။
ဆွပေးရင် ကြွလာမှာ ?

အများစုက အခြေခံ အားနည်းတာ မဟုတ်ဘူး ။
ထိတွေ့မှု လေ့ကျင့်မှု အားနည်းတာ ။
ကိုယ့်ကိုယ် ကို ပြန်မေးကြည့်ပေါ့ ။
? တစ်နေ့မှာ အင်္ဂလိပ်လို ရေးထားတဲ့ စာတွေ
ဘယ် နှနာရီလောက် ဖတ်ဖြစ်လဲ ?
? အင်္ဂလိပ်လို ပြောတဲ့ စကားတွေ
ဘယ်နှနာရီလောက် နားထောင်ဖြစ်လဲ ? ဆိုတာ ။

♦️
ဒါတွေ ပုံမှန် မလုပ်ဖြစ်လို့
သိသလိုလို မသိသလိုလို က များနေပြီး
ကိုယ် သိသလောက်ကိုတောင်
ပေါ့ပေါ့ပါးပါး ပိုင်ပိုင်နိုင်နိုင် မသုံးတတ် မသုံးရဲ ဖြစ်နေတာပါ ။

ဒီတော့ သင်တန်း တက်တာ မတက်တာ ထားလိုက်ဦး ။
အင်္ဂလိပ်လို စာတွေ စကားတွေကို
ပုံမှန် ထိတွေ့ လေ့ကျင့်ဖို့ ကို
စ ဖြစ်အောင် စ ပါဗျာ ။ ???

သင်တန်းတက်လို့ ဆရာကောင်းနဲ့ တွေ့ရင်တော့
လမ်းကြောင်းမှန်ပေါ် ရောက်တာ မြန်နိုင်
အရှိန်ရတာ မြန်နိုင်တာပေါ့ ။
ဒါပေမယ့် အဓိက က စ လုပ်ဖြစ်ဖို့ပါ ။ ?

? သင်တန်းတွေ သိပ်မတက်ပဲ
ကိုယ့်ဘာသာကိုယ် လေ့လာရင်း
အတိုင်းအတာ တစ်ခုလောက်ထိ
ပိုင်နိုင် ကျွမ်းကျင်သွားသူတွေ အများကြီး ရှိပါတယ် ။
( လူ ဆရာ နဲ့ သင်ယူတာ မဟုတ်ပေမယ့်
စာအုပ်တွေ
Websites တွေ
Audio/Video Files တွေ
Softwares တွေ ကို
အကိုးအကား လုပ်ပြီး လေ့လာသွားကြတာမို့ပါ )

? သင်တန်းတွေ သာ တစ်ခုပြီး တစ်ခု ပတ် တတ်နေပြီး
သိပ်လည်း သိသိသာသာ မတိုးတက်တဲ့ လူတွေ
အများကြီးပါ ။ ?

( အထူးသဖြင့် သင်တန်း နဲ့ ဆရာကိုပဲ အားကိုးပြီး
ကိုယ့်အားကိုယ်ကိုးဖို့ မေ့နေတဲ့ လူမျိုးတွေဟာ
သိပ် မတိုးတက်ကြပါ ။
ဒါ့ကြောင့် ဆရာကောင်းဆိုတာ ကိုယ့် တပည့်ကို
ကိုယ့်ဘာသာ လုပ်ချင်လာအောင် ဆွပေး /
လုပ်တတ်လာအောင် သင်ပေးနိုင်ဖို့က
ပို အဓိက ကျတာပါ ။

တပည့်ကို ချော့ပေါင်းပြီး တပည့်ချစ်အောင်
အစစ အရာရာ လိုက်လုပ်ပေးနေရင်
ရေတို အဆင်ပြေနိုင်ပေမယ့်
ရေရှည် အတွက် မကောင်းဘူးလို့ ပဲ
ကျွန်တော်ကတော့ ယူဆပါတယ် ။

ဘယ် ပညာရပ်မှာပဲ မဆို ထူးချွန်ချင်ရင်
ကိုယ့်အား ကိုယ်ကိုး တတ်အောင်
စဉ်ဆက်မပြတ် ထိတွေ့လေ့လာဖြစ်အောင်သာ
ကြိုးစားပါဗျာ ။
ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ကို ရောက်ပါလိမ့်မယ်

Pin It on Pinterest

Share This