fbpx

Business English Class

#ActiveEnglish မှာ တက်ခဲ့တဲ့ သင်တန်းသား ၊ သင်တန်းသူတွေ ရဲ့ တောင်းဆိုမှုကြောင့်

ဒီ Business English တန်း ကို စ ဖွင့်ဖြစ်ခဲ့တာပါ ။

ဒီ အတန်းကို ကျွန်တော် ( ကိုဇင်ဇေ ) တစ်ယောက်တည်း

အချိန်ပြည့် သင်မှာပါ ။

 

တစ်ပတ် မှာ ကြာသပတေး ၊ သောကြာ ( ၂ ရက် )

တက်ရောက်ရမယ့် သင်တန်းပါ ။

အချိန်ကတော့ ညနေ ( ၆း၃၀ – ၈း၀၀ ) ပါ ။

သင်တန်းကာလ ၃ လ ကြာပါမယ် ။

 

ဒါမှမဟုတ် တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်တည်း တက်ရပါမယ် ။

အချိန်က ညနေ ၅ နာရီကနေ ၇ နာရီခွဲ အထိပါ ။

သင်တန်းကာလ ၃ လ ခွဲ ကြာပါမယ် ။

 

❗️လောလောဆယ် အချိန် ၊ နေရာ အဆင်မပြေသေးလို့

မတက်ဖြစ်သေးလည်း

နောင် တက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ….

Business English နဲ့ပတ်သက်တဲ့

ဆောင်းပါးတွေ ၊ လေ့ကျင့်ခန်းတွေ

အွန်လိုင်းပေါ် တင်ပေးတဲ့အခါ ဖတ်ပြီး

လေ့လာကြည့်ချင်တယ်ဆိုရင် …

Active English Page ရဲ့ Message Box

( https://m.me/activeenglishmyanmar ) ကို

BEL လို့ ပို့ထားပေးလိုက်ပါဗျာ … 🙂 ❗️

 

?

အကြမ်းဖျဉ်း Pre-intermediate Level ရှိတဲ့လူတွေ နဲ့

သင့်တော်အောင် သင်ပေးသွားမှာပါ ။

Pre-intermediate ကနေ Intermediate လောက် အထိကို

အတန်အသင့် အဆင်ပြေအောင် ဆွဲခေါ်သွားမှာပါ ။

#ActiveEnglishသင်တန်းမှာ

Level-1 ( Elementary ) အတန်းတက်ပြီးသူတွေလည်း

စိတ်ပါမယ် / တကယ် လိုက်လုပ်မယ်ဆိုရင် အဆင်ပြေမှာပါ ။

 

♦️

ဒီ Business English တန်းမှာ

အဓိက ပါဝင်မယ့် အကြောင်းအရာတွေက တော့ ဒါတွေပါ ။

 

၁။ ကိုယ့် အလုပ် နဲ့ တာဝန်ယူထားတဲ့ အပိုင်းတွေ

အကြောင်း မိတ်ဆက် ဆွေးနွေးပြောဆိုတာတွေ

< Job information >

 

၂။ လုပ်ငန်း တစ်ခုကိုသွားလည်ရင် / သူတို့က လာလည်ရင်

မေးရ ဖြေရလေ့ရှိတာတွေ

< Company Visit >

 

၃။ ဖုန်းနဲ့ ဆက်သွယ် ပြောဆိုတဲ့ အခါ

ဖုန်းခေါ်တာ / လက်ခံတာ / လွှဲပေးတာ /

အမှာစကားချန်တာတွေ

< Telephoning >

 

၄။ ကိုယ့်ရဲ့ စိတ်ကူး / အစီအစဉ်တွေကို

လူအများရှေ့မှာ ပြောဆို တင်ဆက်ရာမှာ သုံးနှုန်းရမယ့် အသုံးအနှုန်းတွေ

< Presentations >

 

၅။ အစည်းအတွေး တွေ လုပ်တဲ့ အခါ စတင် ဆွေးနွေးပုံ / ဖြည့်စွက် ဆွေးနွေးပုံ /

အမြင်မတူတာကို ယဉ်ယဉ်ကျေးကျေး ဆွေးနွေးပုံတွေ

< Meetings >

 

၆။ သာမန် မိတ်ဖြစ်ဆွေဖြစ် ပေါ့ပေါ့ပါးပါး ပြောဆိုတာတွေ /

မိတ်ဆွေဖွဲ့ အဆက်အသွယ် တည်ဆောက်တာတွေ

< Socializing / Networking >

 

၇။ အလုပ် ကိစ္စ ခရီးသွားတဲ့အခါ

သုံးနှုန်းပြောဆိုရမယ့် အသုံးအနှုန်းတွေ

 

၈။ အလုပ် ကိစ္စ ကို စာနဲ့ /

Email နဲ့ အပြန်အလှန် ဆက်သွယ်ရာမှာ

သုံးရမယ့် အသုံးအနှုန်းတွေ <<<

စတာတွေကို ဦးစားပေး သင်ကြား လေ့ကျင့် ပေးသွားမှာပါ ။

နောက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ရာမှာ

အရေးကြီးတယ်လို့ ယူဆရတဲ့

– Entrepreneur နဲ့ Small Business Owner ရဲ့ ကွာခြားချက်တွေ ( အားသာချက် ၊ အားနည်းချက်တွေ )

– Company နဲ့ Start-up ကွာခြားချက်တွေ

( အားသာချက် ၊ အားနည်းချက်တွေ )

– Business Plan နဲ့ Business Model ရဲ့ ကွာခြားချက် ( အားသာချက် ၊ အားနည်းချက်တွေ )

– Traditional Marketing နဲ့ Digital Marketing ရဲ့

ကွာခြားချက် ( အားသာချက် ၊ အားနည်းချက်တွေ )

– Digital Marketing / Online Marketing /

Social Media Marketing /

Facebook Marketing တွေ လုပ်ပြီဆိုတာနဲ့

မသိမဖြစ်သိရတော့မယ့် ဝေါဟာရ အသုံးအနှုန်းတွေ

– စိတ်ဝင်စားဖို့ကောင်းတဲ့ Leadership ဟန်တွေ

– ဆုံးဖြတ်ချက်ချရာမှာ ပိုပြီး ထိရောက်မှန်ကန်အောင်

အသုံးပြုနိုင်တဲ့

Decision Making Tools တွေ ကိုလည်း ဖြည့်စွက် ဆွေးနွေးပေးသွားမှာပါ ။

( အင်္ဂလိပ် ဘာသာစကားကို အဓိကထားသင်ရမှာ ဖြစ်လို့

စီးပွားရေး အကြောင်း သီးသန့် သင်တာလောက်တော့

ပြည့်စုံမှာ မဟုတ်ပေမယ့်

အဓိက အရေးကြီးတာတွေ ခြုံမိအောင် ဆွေးနွေးပေးတဲ့ သဘောပါ ။ )

 

❗️အရေးကြီးတာလေး ပြောချင်တာ တစ်ခု ရှိပါတယ် ။

ကျွန်တော်က စာအုပ် တစ်အုပ်တည်း ကိုင်ပြီး

သင်ရိုးထဲက အတိုင်း

စာ ဆန်ဆန်ကြီး သွားမှာ မဟုတ်ပါဘူး ။

သင်ချင်သလို လျှောက်သင်မှာပါ ။

ပြန် ပြောပါမယ် ။

သင်ချင်သလို လျှောက်သင်မှာပါ ။

Cambridge University က ထုတ်တဲ့ သင်ရိုး ကနေ ယူပြီး သင်ပေးတာတွေ ရှိမယ် ။

Longman ကနေ ယူတာတွေလည်း ရှိမယ် ။

တခြား တက္ကသိုလ်တွေက ဟာတွေကို

ကျွန်တော် ကြိုက်ရင် ကြိုက်သလို ယူသုံးတာတွေရှိမယ် ။

ကျွန်တော် နားထောင်ပြီး ကြိုက်လို့

ပြန်သိစေချင်တဲ့ ဟောပြောပွဲတွေလည်း ပါရင်ပါမယ် ။

ကျွန်တော် တက်နေတဲ့ Online သင်တန်းတွေက

သင်ခန်းစာတွလည်း ပါရင်ပါမယ် ။

စသဖြင့်ပေါ့ ။

 

ကျွန်တော် သင်ချင် / သိစေချင်တာတွေကို

ဒီ သင်တန်း လာတက်တဲ့ သင်တန်းသားတွေရဲ့

အခြေအနေပေါ် မူတည်ပြီး

လိုတိုး ပိုလျှော့ အဆင်ပြေသလို လျှောက်သင်မှာပါ ။

ဒီတော့ ကျွန်တော် လျှောက်သင်မှာကို

ယုံကြည်တဲ့လူတွေကိုပဲ

ဒီ သင်တန်းမှာ လက်ခံ သင်ကြားပေးသွားမှာပါ ။

– ကျွန်တော့် #ActiveEnglish သင်တန်းက သင်တန်းသား / သင်တန်းသူ ဟောင်းတွေ

– ကျွန်တော် အပြင်မှာ စာသင်ပေးခဲ့ ဖူးသူတွေ

– ကျွန်တော့် ဟောပြောဆွေးနွေးပွဲ တစ်ချို့ တက်ဖူးသူတွေ

– ကျွန်တော့် စာတွေ သေချာ ဖတ်ဖူးသူတွေ စတဲ့ …

ကျွန်တော့် အကြောင်း အတန် အသင့် သိပြီးသားလူတွေကိုပဲ

ဒီ #BusinessEnglish သင်တန်းမှာ လက်ခံ သင်ကြားပေးသွားမှာပါ ။

 

ကြီးကျယ်တာ မဟုတ်ပါဘူး ။

ကျွန်တော့် ဟန်နဲ့ မကိုက်ရင် လာတက်မိတဲ့ လူတွေ

အချိန်ကုန် ၊ ငွေကုန် ဖြစ်နိုင်သလို

သင်တန်းထဲမှာ ကျွန်တော် လိုချင်တဲ့ ပုံစံထဲ ဆွဲသွင်းလို့ မရရင်

အတန်း တစ်ခုလုံးက ဒီ ၂ ယောက် / ၃ ယောက် လောက်နဲ့ ထောင့်နေမှာ စိုးလို့ပါ ။

 

image22
( ဒီ #BusinessEnglish သင်တန်းက

သာမန် #GeneralEnglish သင်တန်းတွေထက်ကို

အချင်းချင်း စည်းစည်းလုံးလုံး အပေးအယူမျှဖို့

သိပ် အရေးကြီးပါမယ် ။

အချင်းချင်း လေးလေးစားစား

ခင်ခင်မင်မင် ဆက်ဆံနိုင်စွမ်း ရှိရပါမယ် ။

ကိုယ်နဲ့ စကားတွဲပြောရတဲ့လူက ကိုယ့်ထက်

နည်းနည်း အားနည်းနေတာမျိုးရှိရင်တောင်

စိတ်ရှည်ရှည် နွေးနွေးထွေးထွေးနဲ့ တွဲခေါ်သွားချင်တဲ့ စိတ်မျိုး ရှိနေဖို့လည်း လိုပါတယ် ။

လူတွေကြားထဲ ဘယ်သူ့မှ ဂရုမစိုက်ဘူး ။

ဘယ်သူနဲ့မှ ခင်ခင်မင်မင် နေစရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့

နေတတ်တဲ့လူမျိုးတွေ မပါလာဖို့ လိုပါတယ် ။

 

#AppliedEnglish တစ်ချို့ အတန်းတွေမှာ

အဲ့လိုလူတစ်ချို့ ပါလာတာ

ကျွန်တော် တွေ့နေရတာ

စိတ် အနှောင့်အယှက် ဖြစ်လွန်းလို့ပါ ။

တစ်ချို့ကိုဆို ကျွန်တော် ခေါ်ပြောပြီး

သင်တန်းကြေးပါ ပြန်အမ်းပေးလိုက်တာပါ ။

ဆရာ ကိုဇင်ဇေက အပေါက်ဆိုးတယ် ဆိုတာမျိုး ဖြစ်မှာစိုးလို့ တတ်နိုင်သလောက် ထိမ်းနေပေမယ့်

ကျွန်တော် စာသင်တဲ့ အတန်းထဲမှာ

အဲ့လိုလူတွေ ပါလာတာ ကျွန်တော် လုံးဝ မကြိုက်ပါ ။

 

ကျွန်တော်က စာသင်ပြီဆိုရင် သင်တန်းသား အားလုံး မျက်နှာကို လိုက်ဖတ်ပြီး သင်ချင်တာပါ ။

အဲ့လိုလူ ပါလာတဲ့ အတန်းမျိုးဆို

အဲ့ တစ်ယောက်ကို မကြည့်မိအောင် ထိမ်းနေရရင်း

တခြား သူတွေ အပေါ်မှာပါ ကျွန်တော် စိတ်ပါလက်ပါ

ဆွေးနွေးသင်ကြားပေးချင်စိတ်

ကျသွားတတ်တာမျိုးဖြစ်တတ်လို့

မနည်း ကိုယ့်စိတ်ကိုယ် ပြန် သတိထားနေတတ်လို့ပါ ။

ဒါ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပြတာပါ ။

 

ကျွန်တော် စာသင်နေတာ

ပိုက်ဆံလိုချင်ရုံ သက်သက် အတွက် မဟုတ်ပါဘူး ။

လူတွေကို ကိုယ်တတ်နိုင်တဲ့ ဘက်က

ကူညီပေးချင်စိတ်လည်း ပါပါတယ် ။

အဲ့စိတ် ထည့်ပြီး သင်နိုင်နေတဲ့ အခါ

သာမန် အချိန်တွေထက်ကို သင်ကြားရေးမှာ

အများကြီး ပိုပြီး ပိုထိရောက်မှာပါ ။

ဒါကြောင့် သင်တန်းလာအပ်သူတိုင်းကိုလည်း

သင်တန်းကြေးပေးမယ်ဆိုတိုင်း သင်တန်းအပ် လက်မခံဖို့

ကျွန်တော် Reception ကို မှာထားပြီးသားပါ ။

အတန်းထဲမှာ အဆင်ပြေလောက်မယ်ထင်တဲ့ လူကိုပဲ လက်ခံပေးမှာပါ ။

 

သင်တန်း အပ် လက်မခံလို့လည်း စိတ်မဆိုးပါနဲ့ ။

မိတ်ဆွေရဲ့ ပြုမူပြောဆို ဆက်ဆံပုံနဲ့

ဒီ သင်တန်းနဲ့ မကိုက်မှာစိုးလို့ ဖြစ်နိုင်သလို /

မိတ်ဆွေကို ဒီ သင်တန်း တက်စရာမလိုလောက်အောင်

တော်ပြီးသိပြီးတတ်ပြီးသားလူလို့ ယူဆလို့

လက်မခံတာမျိုးလည်း ဖြစ်ရင်ဖြစ်မှာပါ ။

 

ဒီ #BusinessEnglish တန်း ကို

ကျွန်တော်ကိုယ်တိုင် ပေါ့ပေါ့ပါးပါးနဲ့

တစ်တန်းလုံးလည်း စိတ်အေးအေးချမ်းချမ်း

နွေးနွေးထွေးထွေးရှိမယ့်

ပုံစံမျိုး မဖြစ်ဖြစ်အောင် ပုံစံသွင်းသွားချင်လို့ပါ ။

သင်တန်းကြေးကလည်း

#GeneralEnglish ( #AppliedEnglish ) တုန်းက

၅ သောင်းခွဲပဲ ဆိုပေမယ့်

အခု #BusinessEnglish က ၁ သိန်း ဆိုတော့

တစ်ချို့လူတွေ အတွက် နည်းနည်း များနေမှာ စိုးလို့ပါ ။

တခြား အတန်းတွေမှာ လို

ကျွန်တော်နဲ့ တခြား ဆရာတစ်ယောက်

အချိန်မျှဝင်မှာ မဟုတ်ပဲ

ကျွန်တော် တစ်ယောက်တည်း သေချာ ဖိဖိစီးစီး သင်ပေးသွားမှာမို့လို့

– စာအုပ်စာတမ်း / အသံဖိုင် / ဗီဒီယိုဖိုင် /

– Softwares , Mobile Apps တွေ /

– Ebooks , Seminars တွေ သေချာ စီစဉ်ပေးရမှာမို့လို့

သင်တန်းကြေးကို ၁ သိန်း ယူထားရတာပါ ။

 

သင်တန်းသားဟောင်းတွေ /

ကျွန်တော်နဲ့ ရင်းနှီးပြီးသားသူတွေထဲက

ဒီ သင်တန်းကို တက်ချင်ပေမယ့်

ငွေရေးကြေးရေး သိပ် အဆင်မပြေသေးရင်လည်း

အားမနာပါနဲ့ ။

ကျွန်တော့်ကို Message Box ကနေ ကိုယ့် အခြေအနေ အရ

တတ်နိုင်သလောက်ကို ပြောပြပြီး လာ တိုင်ပင်ပါ ။

တကယ် ပညာ လိုချင်တဲ့လူတွေ ပညာနဲ့ မဝေးအောင်တော့

ကျွန်တော် အတတ်နိုင်ဆုံး စီစဉ်ပေးနေကြဆိုတာ သိမှာပါ ။

တကယ် ပညာ လိုချင်ပေမယ့်

လတ်တလော အဆင်မပြေသေးဘူးဆိုရင်

ဒီ သင်တန်း တက်ပြီး

ကိုယ့် လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေမှ

သင်တန်းကြေး ပြန် လာပေးရင်တောင် ရပါတယ်ဗျာ ။

?

 

အားလုံးပဲ အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ကြပါစေ ။

အင်္ဂလိပ် ဘာသာစကားလေ့လာနေရင်း

အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ

ရယူပိုင်ဆောင်နိုင်ပါစေဗျာ ။

?

 

စေတနာဖြင့်

#ကိုဇင်ဇေ

#ActiveEnglishသင်တန်း

Phone: 09 26100 8186 / 09 4311 5202 /

09 25000 5174

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေမြို့နယ် ။

Zin Zae

Zin Zae

Founder

တစ်ခါမှာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ် ကယ်တင်ပေးလိုက်တာဟာ ပင်လယ်ကမ်းခြေ တစ်လျှောက်လုံးမှာ တင်ရှိနေသမျှ ကြယ်ငါးတွေအားလုံးကို ကယ်နိုင်တာမဟုတ်လို့ ဘာမှ မထူးခြားသွားပါဘူးလို့ ပြောနိုင်ပေမယ့် အကယ်ခံလိုက်ရတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သိပ်ကို ထူးခြားသွားတာပဲ မဟုတ်လားဗျာ။ အဲ့လို စိတ်လေးထားပြီး ကြယ်ငါးလေးတွေကို ပုံမှန် ကယ်ပေးနေရင် ကြယ်ငါးကောက်ပြီး ကယ်ပေးသူတွေ ပိုပြီး များ များလာရင် ကျွန်တော်တို့ ကောက်ယူ ကယ်ဆယ်နိုင်လိုက်တဲ့ ကြယ်ငါးလေးပေါင်းများစွာ ရှိလာဖို့ ရည်ရွယ်ပါတယ်

Ko Zin Zae

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေ အဝိုင်းထိပ် အနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

09250005174

Pin It on Pinterest

Share This