fbpx

Online – ALC – Active Learners’ Club

Active English ရဲ့ သင်တန်းသူ သင်တန်းသားတွေ ၊
စာဖတ်သူတွေ ၊ အသိ မိတ်ဆွေတွေ အားလုံး မင်္ဂလာပါဗျာ 😇

အင်္ဂလိပ် ဘာသာစကားလေ့လာလိုသူတွေအတွက်
ကျွန်တော် ကိုဇင်ဇေ ကိုယ်တိုင် တစ်ယောက်တည်း
သေချာ ဦးစီးပြီး သင်ပေးမယ့်
အွန်လိုင်း အင်္ဂလိပ် စာ သင်တန်း အမျိုးအစား တစ်ခု ဖြစ်တဲ့
ALC ( Active Learners’ Club ) အကြောင်း ဒီ စာစုမှာ ပြောပြမှာပါ ။

ကြိုပြောချင်တာက …
ဒီစာက သာမန်ထက်ကို အတော်လေး ရှည်ပါလိမ့်မယ် ။
ကျွန်တော်နဲ့ လူကိုယ်တိုင် ၁၅ မိနစ်လောက်
မျက်နှာချင်းဆိုင် စကားထိုင်ပြောလိုက်ရသလောက်နီးပါး ခံစားရအောင်
ရေးထားတာမို့ ပါ ။
တကယ် စိတ်ဝင်စားတယ် ဆိုရင်တော့
သိမ်းထားပြီး အေးအေးဆေးဆေး ပြန်ဖတ်သင့်တဲ့ စာမျိုးပါ ။
သေချာ အစအဆုံးဖတ်ပြီးသွားတဲ့ အခါ
အကြောင်း အမျိုးမျိုးကြောင့် သင်တန်းမတက်ဖြစ်ခဲ့ရင်တောင်
ကိုယ့်အတွက် အကျိုးရှိစေမယ့် အကြံကောင်း တစ်ချို့ ရသွားနိုင်မယ်လို့ မျှော်လင့်ပါတယ် ။

❗️ ❗️ ❗️
တကယ်လို့ အခုလိုမျိုး စာနဲ့ မဟုတ်ပဲ
Video နဲ့ သေချာ အသေးစိတ် ရှင်းပြထားတာကို ကြည့်ချင်ရင်
Post အောက်ဆုံးမှာ တင်ပေးထားတဲ့ Video ကို လေ့လာကြည့်နိုင်ပါတယ် ။
ပိုပြီး ပြည့်ပြည့်စုံစုံ အသေးစိတ် သိစေချင်လို့ပါ ။
သင်တန်း လူရရင် ပြီးရော မဟုတ်ပဲ
ကျွန်တော်တို့ နဲ့ ကိုက်ညီမယ့် လူမျိုးကိုပဲ လက်ခံချင်လို့ပါ ။
ဒါမှ နှစ်ဦးနှစ်ဖက် အဆင်ပြေ ထိရောက်မယ်လို့ ယူဆလို့ပါဗျာ 😇

စာ အတော် ရှည်မယ်မှန်း သိလျက်နဲ့
အစအဆုံး ဝင်ဖတ်ဖြစ်တယ်ဆိုရင်တော့
တကယ်ပဲ ဝမ်းသာပါတယ်ဗျာ … 😇

ကဲ ကျွန်တော် စ ပြောပြပါ့မယ် …

***
ကျွန်တော်တို့ ဒီ ALC အစီအစဉ် ရဲ့ …
နံပါတ် ၁ ထူးခြားချက်က
အရင် Active Grammar အွန်လိုင်း သင်တန်းလို
Grammar သီးသန့် သင်ပေး ၊ လေ့ကျင့်ပေးမှာ မဟုတ်တော့ပဲ
Vocabulary , Pronunciation , Listening, Reading ,
Conversations , Stories တွေ ပါလာမှာ ဖြစ်ပါတယ် ။

Speaking သီးသန့် လေ့ကျင့်သင်ကြားပေးမှာ မဟုတ်လို့
Online Speaking သင်တန်းလို့တော့ နာမည် မတပ်ချင်ပါဘူး ။
( Online Speaking သင်တန်းလို့နာမည်တပ်ရင်
လူ ပိုစိတ်ဝင်စားမယ် / သင်တန်း ပိုအပ်ချင်ကြမယ် ဆိုတာသိပေမယ့်
မဟုတ်တာကြီးကို ငွေရရင် ပြီးရော အဟုတ် လုပ် မပြောချင်လို့ပါ )

***
နံပါတ် ၂ ထူးခြားချက်

ဒီ ALC Program မှာ သင်ပေးမယ့်ပုံစံက
ကျွန်တော် ကိုယ်တိုင် လက်တွေ့ ကျင့်သုံးနေဆဲ
LPE System ပါ ။
( တခြားဆရာတွေ အနေနဲ့ ဒီလို LPE လို့
အတိုကောက် လုပ်ထားတာ မရှိတဲ့အတွက်
ကျွန်တော့် မူပိုင်လို့ ပြောချင်လည်း ပြောနိုင်ပေမယ့်
တကယ်တမ်းက အရည်အချင်းရှိတဲ့ ဆရာကောင်းတိုင်း
ဒီလို အတိုကောက်မခေါ်ဖြစ်ရင်တောင်
ဒီလို စနစ်ကို သုံးနေကြတာများလို့
ကျွန်တော့် မူပိုင် နည်းစနစ် ဘာညာနဲ့ ကြွားရမှာ
လိပ်ပြာ မသန့်လို့ မကြွားတော့ပါဘူး … 😀 )

ကျွန်တော့်ရဲ့ LPE System ဆိုတာ ဒီလိုပါ ။
L = Learn
P = Practise
E = Exposure
ဖြစ်ပါတယ် ။

၁။ Learning
အင်္ဂလိပ်ဘာသာစကားနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့
လေ့လာ လေ့ကျင့်နည်းတွေ ၊ ဝေါဟာရတွေ ၊ ဝါကျ တည်ဆောက်ပုံတွေ ၊
အသံထွက် ပုံတွေ ၊ အဘိဓာန် သုံးနည်းတွေ ၊
စကားပြော လေ့ကျင့်နည်းတွေ စသဖြင့်ကို
Videos တွေ စာတွေနဲ့ ကျွန်တော်က တင်ပေးပါမယ် ၊
သင်တန်းသားတွေဘက်က ဒါတွေကို လေ့လာရမယ် ။

ဒီ အဆင့်ဟာ သင်တန်းသားတွေ အနေနဲ့
သူတို့ မသိသေးတာတွေ သိအောင် လုပ်ရမယ့် ၊
သိပြီး မရှင်းတာတွေ ရှင်းအောင် လုပ်ရမယ့် အဆင့်ပေါ့ဗျာ ။

၂။ Practising
အင်္ဂလိပ်ဘာသာစကားကို
တကယ် ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်
လေ့လာစရာရှိတာ လေ့လာပြီး …
ဒီတိုင်း နေလိုက်လို့ မရဘူး ။
ခေါင်းထဲ စွဲသွားဖို့က အထပ်ထပ် လေ့ကျင့်မှရမှာ ။
ဒီတော့ ကျွန်တော် ပေးတဲ့ လေ့ကျင့်ခန်းတွေကို ဆက် လေ့ကျင့်ရပါမယ် ။

လေ့ကျင့်ခန်းတွေ ပေးရာမှာ
အချိန်ကုန် သက်သာပြီး ပို ထိရောက်အောင်
သင်တန်းသားဘက်က ဖြေပြီးတာနဲ့
မှန်/မှား တစ်ခါတည်း တန်းသိရနိုင်တဲ့ …
အမှတ်ပေါင်း ထွက်နိုင်တဲ့ နည်းပညာတွေကို သုံးပြီး
လေ့ကျင့်ပေးပါမယ် ။

ပိုပြီး ကြိုးစား အားစိုက်ချင်တဲ့
သင်တန်းသား အချင်းချင်းလည်း
လေ့ကျင့်လို့ ရအောင်
ဂွင်တွေ ချပေးမယ် ။
အမေးအဖြေတွေ တည်ပေးမယ် ။
ဒီတော့ စိတ်ပါရင် အချင်းချင်းလည်း လေ့ကျင့်လို့ရမှာ ဖြစ်ပါတယ် ။

၃။ Exposure
ဒါကတော့ ကျွန်တော့် အယူအဆအရ
ဘာသာစကားတစ်ခုကို ကျွမ်းကျင်ပိုင်ဆိုင်စွာ အသုံးချနိုင်ဖို့
အရေးအကြီးဆုံးအချက်ပါ ။

အင်္ဂလိပ်စာကို စာလိုချည်း လေ့လာတာ မျိုးထက်စာရင်
စိတ်ဝင်စားစရာ ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့
သုတ ၊ ရသ တွေနဲ့ တွဲပြီး
မသိမသာ ပုံမှန်လေးထိတွေ့သွားတာမျိုးဟာ
ရေရှည်မှာ ပိုအလုပ်ဖြစ် ပါတယ် ။
ဒါကြောင့် ဒီလိုဖြစ်စေဖို့
အတတ်နိုင်ဆုံး ကြိုးစား စီစဉ်ပေးသွားမှာပါ ။

စာသက်သက် လေ့လာတာထက် ပိုပြီး
စိတ်ဝင်စားစရာ ကောင်းဖို့ ၊
ဗဟုသုတတွေ ရဖို့ /
အဆင့်ရှိတဲ့ ဖျော်ဖြေရေး ၊ အနုပညာတွေကို ခံစားဖြစ်ဖို့ အစရှိတဲ့
ဘာသာစကားစွမ်းရည်နဲ့ မသက်ဆိုင်တဲ့
တခြား စွမ်းရည်တွေပါ
ကျွဲကူးရေပါ တိုးတက်လာဖို့ ရည်ရွယ်တာပါ ။

***
နံပါတ် ၃ ထူးခြားချက်

ခု ဖွင့်တဲ့ အွန်လိုင်း ALC Program ကို
သာမန် Class တစ်ခု လို မဖြစ်စေချင်ပဲ
Club တစ်ခုလို ဖြစ်အောင် စီစဉ်ထားပါတယ် ။
ဆိုလိုတာက သင်တန်းလိုသဘောမထားပဲ ၊
အပြန်အလှန် လေ့လာဆွေးနွေး ဖလှယ်လို့ကောင်းတဲ့
အသိုင်းအဝန်းကောင်းတစ်ခု ဖြစ်သွားဖို့
ဦးစားပေး စီစဉ်သွားမှာပါ ။
အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် အကျိုးရှိမှာပေါ့ဗျာ ။

အခြေခံ အားနည်းသေးလို့သိပ်မရဲသေးရင်လည်း
သူများတွေ ဆွေးနွေးတာကို ဝင်ဖတ် ဝင်နားထောင်ပေါ့ဗျာ ။
( အားနည်းနေတဲ့ အခြေခံကို အားကောင်းလာအောင် လုပ်ပေးဖို့က
ကျွန်တော် ကိုဇင်ဇေ ရဲ့ တာဝန်ပါ ။
သင်တန်းသားဘက်က တာဝန်ယူပေးဖို့က
ကျွန်တော်ချပေးတဲ့ စနစ်အတိုင်း
သေချာလေးလိုက်လုပ် ၊ သေချာလေး အချိန်ပေးဖို့ပါ ။
လုပ်နိုင်ရင် လုပ်နိုင်သလောက် တိုးတက်ပါလိမ့်မယ် ။

ရေတို အတွင်း သိသိသာသာတိုးတက်အောင်
အားပါးတရ အားထည့်ကြိုးစားပြီး ဝုန်းချင်တဲ့ လူကိုရော ၊
ရေရှည် ဖြည်းဖြည်းချင်းလေး သွားချင်တဲ့လူတွေ အတွက်ရော
မတူညီတဲ့ လေ့လာနည်း တွေ ၊ လေ့ကျင့်နည်းတွေ ၊
စနစ်တွေ ခွဲပြီး ချပေးသွားမှာပါ ။ )

အင်္ဂလိပ်ဘာသာစကား တကယ် ကျွမ်းကျင်ဖို့ဆိုတာ
နှစ်နဲ့ချီပြီးကို အချိန်ယူ ရမှာ ဖြစ်တဲ့ အတွက်
နည်းစနစ်ကောင်းတွေ ၊ အလေ့အကျင့်ကောင်းတွေ ၊
လေ့လာဖော် လေ့လာဖက်ကောင်းတွေ ရသွားဖို့ အရေးကြီးပါတယ် ။
ဒါကြောင့် အခုလိုမျိုး စီစဉ်ပေးဖြစ်တာပါ ။

လူအများကို ဈေးသက်သက်သာသာနဲ့ သင်ပေးနိုင်ဖို့
ဦးစားပေး စီစဉ်ထားထာမို့
သင်တန်းသားတိုင်းကို
ကျွန်တော်နဲ့ တိုက်ရိုက် တစ်ဦးချင်း လေ့ကျင့်ပေးတာမျိုးတော့
မစီစဉ်ပေးနိုင်ကြောင်း ကြိုတင် ဝန်ခံထားပါရစေ … 🙂

***
နံပါတ် ၄ ထူးခြားချက်

ကျွန်တော့် ခံယူချက် နဲ့ ထုံးစံ အတိုင်းပါပဲ ။
အင်္ဂလိပ် စာကို ဒီလိုသာ လေ့လာလိုက် ၊
သေချာပေါက် အဆင်ပြေစေရမယ် < ဆိုတာမျိုး
တစ်နည်းကောင်း သင်ပေးမှာ မဟုတ်ပါဘူး ။

လေ့လာသူရဲ့ လက်ရှိ Current Level ၊
ရောက်ချင်တဲ့ Target Level ၊
အင်္ဂလိပ်ဘာသာစကားကို အသုံးချချင်တဲ့ အဓိက ရည်ရွယ်ချက် ၊
စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်ပေါ် မူတည်ပြီး …
ဘယ်နည်း စနစ်တွေကတော့
ဘယ်လို အားသားချက် ၊ အားနည်းချက် ရှိတယ် ဆိုတာကို
ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဆွေးနွေးပေးပြီး
ကိုယ်နဲ့ အကိုက်ညီဆုံး လေ့လာနည်း ၊ သင်ယူနည်း ၊
လေ့ကျင့်နည်း စနစ်တွေ ၊ လေ့လာစရာ သင်ခန်းစာတွေကို
ရွေးချယ်တတ်သွားအောင် လမ်းညွှန်ပေးမှာ ဖြစ်ပါတယ် ။

သင်တန်းကာလ အတွင်းမှာရော ၊ သင်တန်းကာလ အပြီးမှာပါ
တစ်ဦးချင်း လိုအပ်ချက်တွေ အရ ဖြည့်စွက်လေ့လာသင့်တဲ့ ၊ လေ့လာလို့ရမယ့်
သင်ရိုးတွေကိုလည်း အားဖြည့်ညွှန်ကြားပေးသွားပါမယ် ။
( တစ်ဦးချင်း လိုအပ်ချက် ဆန်တာတွေကို သီးသန့်တော့
ကျွန်တော့်ဘက်က လိုက်မသင်ပေးနိုင်ပေမယ့်
ဘယ်လို စာအုပ်စာတမ်း ၊ သင်ထောက်ကူတွေ သုံးပြီး
ဘယ်လို နည်းစနစ်တွေနဲ့ လေ့လာသင့်တယ် ဆိုတာကို လမ်းညွှန်ပေးသွားမှာပါ )

ကျွန်တော် သင်ပေးတာတွေကို
တကယ် အာရုံစိုက်နားထောင်ပြီး လိုက်လုပ်တဲ့ သင်တန်းသားတစ်ယောက် အနေနဲ့
ရေရှည်မှာ အင်္ဂလိပ် ဘာသာစကားကို
ဆရာလွတ် ကိုယ့်ဘာသာ လေ့လာနိုင်တဲ့ အဆင့်ထိ ရောက်အောင်
ကျွန်တော့်ဘက်က သေချာ ပြောပြပေးသွားမှာပါ ။

ဒီတော့ ကျွန်တော် ပြောပြပေးတာတွေကို
တကယ် လိုက်လုပ်မယ်ဆိုရင် ….
တစ်ခုခုသိချင်လို့ ဟိုဆရာ့ လိုက်မေး ဒီဆရာ့လိုက်မေး …
ဆရာတွေ မအားရင် စောင့်ရလို့
( ဒီခေတ်မှာကလည်း တကယ် တော်တဲ့ ဆရာတွေက မအားကြတာများတယ် )
အခက်အခဲ ဖြစ်ရတာမျိုး အတော် နည်းသွားပြီး
ကိုယ့်ဘာသာ ကိုယ့်အားကိုယ်ကိုးပြီး အဖြေရှာတတ်လာပါလိမ့်မယ် ။

လေ့ကျင့်ဖော် မရှိလို့ စကားပြောမကျင့်ရဘူးလို့
အားငယ်စရာ မလိုတော့ပဲ
တစ်ယောက်တည်း လည်း တိုးတက်မှုရှိအောင်
လေ့ကျင့်တတ်သွားမှာ ဖြစ်ပါတယ် ။
( သိသွားတတ်သွားတာကို တကယ် အသုံးချမချကတော့
တစ်ဦးချင်းစီနဲ့ ဆိုင်တာပေါ့ဗျာ )

***
နောက်ထပ် ကျွဲကူးရေပါ ရသွားနိုင်တာတစ်ခု ရှိပါသေးတယ် ။
ကျွန်တော်က ပုံသေ ကွက်ပြီး သင်ပေးတာမဟုတ်ပဲ
ခုနက ပြောသလို သေချာရှင်းပြပြီးမှ သင်ပေးမှာဆိုတော့
အဲ့ဒီ နည်းစနစ်တွေကို သုံးပြီး …
မိဘတစ်ယောက်က
ကိုယ့် သားသမီးကို ပြန်သင်ပေးတာ ၊
ကိုယ့် ညီအကို မောင်နှမ ၊
တူ တူမ တွေကို ပြန်သင်ပေးတာ ၊
လက်အောက် ငယ်သားတွေကို ပြန်လမ်းညွှန်ပေးတာတွေကိုပါ
လုပ်နိုင်သွားပါလိမ့်မယ် ။
( အဲ့ဒီ အဆင့်ရောက်ဖို့ကတော့ သာမန်ထက် ပိုပြီး အားစိုက်ရပါလိမ့်မယ် ။
ငါးစာရော ကွန်ချက်ရော
ကျွန်တော်ကတော့ ပြပေးပေမယ့်
ငါးစာပဲ မြင်သွားတာမျိုး ဆိုရင်တော့
ကွန်ချက် လွတ်သွားတာ နှမြောစရာပေါ့ဗျာ )

***
နံပါတ် ၅ ထူးခြားချက်

ကျွန်တော့် ထုံးစံ အတိုင်း …
စာတင်မက စိတ်ပါ သင်မှာပါ ။

” ငါတို့က စိတ်မာပြီးသား ၊
ကိုယ်ရည်ကိုယ်သွေး စွမ်းရည်တွေ ပြည့်ဝပြီးသား ဆိုရင်တော့”
အဲ့ဒီ သင်ခန်းစာတွေ ကျော်သွားပေါ့ဗျာ ။
ကျွန်တော့် ဘက်ကတော့ ” စာသင်ဖို့ စိတ်ပါ ပြင်မှ ရမယ် ” လို့ယူဆတာမို့
သင်စရာရှိတာတွေ သင်ပေးပါ့မယ် ။

Active Grammar Online သင်တန်းမှာလည်း
Personal Development ( ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေး ) နဲ့
ပတ်သက်တာ တစ်ချို့ သင်ပေးပြီး ဖြစ်ပေမယ့်
အဲ့တုန်းက အချိန်က ၂ လ ကျော်ပဲ သတ်မှတ်ထားပြီး ၊
အခုက အနည်းဆုံး ၆ လ ရည်ရွယ်ထားတာမို့လို့
အဲ့တုန်းက သင်ပေးထားတာထက်
အများကြီး ပို အသေးစိတ် ဆွေးနွေးပေးသွားမှာပါ ။
( အဲ့လို ထပ်ဖြည့်သင်ပေးချင်လို့လည်း ဒီ ALC Program ကို ထပ် စီစဉ် ဖြစ်တာပါ … 🙂 )

အဲ့ဒီ Active Grammar – Online Class မှာ
၁။ အောင်မြင်ဖို့ အခြေခံ လိုအပ်ချက်တွေ အတွက် – 8 Secrets of Success
၂။ စနစ်တကျ ပန်းတိုင် ၊ စီမံကိန်း ချတတ်ဖို့ Goal Setting
၃။ အချိန်ကိုစနစ်တကျ စီမံခန့်ခွဲတတ်ဖို့ Time Management တွေကို
စုစုပေါင်း ၂ နာရီစာလောက် သင်ပေးခဲ့ပါတယ် ။

ခု တစ်ခေါက် ALC Program မှာတော့
အဲ့ဒါတွေကို ထပ်အသေးစိတ် ဆွေးနွေးမှာ ဖြစ်တဲ့ အပြင်

၁။ Effective Learning
( ထိထိရောက်ရောက် သင်ယူလေ့လာနည်းတွေ )

၂။ Effective Thinking
( ထိထိရောက်ရောက် တွေးနည်းတွေ )

၃။ Motivating yourself / Overcoming mild-depression
( ကိုယ့်ကိုယ်ကို စိတ်အားမြှင့်တင်ဖို့ ၊
*အပျော့စား* စိတ်ကျမှုကို ကျော်လွှားနိုင်ဖို့ နည်းစနစ်တွေ )
( အပျော့စား မဟုတ်တဲ့
တကယ့် အကြီးစား စိတ်ကျရောဂါအဆင့်ဆိုရင်တော့
ကျွန်တော်တို့ထက် အသေးစိတ် နှစ်ရှည်လများ အထူးပြုလေ့လာထားတဲ့ ၊
ပိုပြီး ကျွမ်းကျင် ၊ အတွေ့အကြုံရှိတဲ့
စိတ်ပညာရှင် ဆရာဝန်တွေနဲ့ ဆွေးနွေးသင့်ပါတယ် )

၄။ Overcoming fear and Building self-confidence
( ကြောက်စိတ်ကို ကျော်လွှား ၊
ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်နိုင်မယ့် နည်းလမ်းတွေ )

၅။ Strategic Life-planning
( သာမန်ထက်ပိုပြီး ထိရောက် ခြုံငုံမိမယ့်
မဟာဗျူဟာကျကျ ဘဝစီမံကိန်း ရေးဆွဲနည်းတွေ )

၆။ High Performance Habits
( ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို အမြဲနီးပါး မြင့်မားနေအောင်
ထိမ်းထားနိုင်မယ့် အလေ့အကျင့်တွေ ၊ နည်းလမ်းတွေ )

၇။ Networking ( even if you’re an introvert )
( စကားနည်းပြီး အေးအေးနေတတ်သူ ဖြစ်နေရင်တောင် –
အဆက်အသွယ်ကောင်းတွေ ရအောင် ရှာနည်းတွေ )
ကိုပါ ထပ် ဆွေးနွေး ပေးသွားပါ့မယ် ။

***
နံပါတ် ၆ ထူးခြားချက်

ခေတ်ကာလအရ
ငွေရေးကြေးရေးကိစ္စဆိုတာ
မေ့ထားလို့၊ ကျော်သွားလို့ သိပ်မရတော့ပဲ
အရေးကြီး သထက် ကြီးလာပါတယ် ။
ဒါကြောင့်
စီးပွားရေး နဲ့ ငွေရေး ကြေးရေး အကြောင်းတွေကို
စိတ်ဝင်စားတဲ့ လူတွေ များမယ် ၊ အကျိုးလည်း ရှိတယ် လို့ ယူဆတဲ့ အတွက်
ဒီ အကြောင်းအရာတွေကို
အနည်းအကျင်း ထည့် ဆွေးနွေးပေးသွားပါမယ် ။

1. Personal Financial Planning
( တစ်ကိုယ်ရည် ငွေကြေး စီမံကိန်း ရေးဆွဲနည်း )

2. Do you have to be a business person to be rich? Is this the only way?
( ချမ်းသာဖို့ ဆိုရင် စီးပွားရေးသမား ဖြစ်ဖို့ မဖြစ်မနေ လိုသလား ?
ချမ်းသာဖို့ အဲ့ တစ်နည်းပဲ ရှိတာလား ? )

3. Robert’s Cashflow quadrant ( ESBI )
ရောဘတ်ရဲ့ ငွေရှာနည်း ၄ နည်း အကြောင်း နဲ့
အဲ့ဒီ အယူအဆရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေ

4. Business Plan or Business Model Canvas
စီးပွားရေး စလုပ်ဖို့ Business Plan အရင်ဆွဲမလား?
Business Model Canvas အရင် ပြင်ဆင်မလား?
အဲ့ ၂ မျိုး ဘာကွာလဲ ? ဘယ်လို ဆွဲရမလဲ ?

5. What skills do you need to have a successful business?
အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ပိုင်ဆိုင်နိုင်ဖို့
ဘယ်လို အရည်အချင်းတွေ လိုမလဲ?

***
တစ်ခု ရှိတာက
Personal Development တွေ /
Business & Financial Knowledge တွေ ဆွေးနွေးပေးမယ်ဆိုရအောင်
ခင်ဗျားက ဘာမို့တုန်း လို့ သိချင်တာမျိုးလည်း ရှိနိုင်တော့
ကျွန်တော့် အကြောင်း အတိုချုံး ပြောပြပါ့မယ် ။
ကျွန်တော့် အကြောင်းကို သိပြီးသား ( ဒါမှမဟုတ် )
စိတ်မဝင်စားဘူးဆိုရင် ကျော်သွားနိုင်ပါတယ် ။

ကျွန်တော်က ရာထူး အာဏာနောက်ခံကောင်းတွေ မရှိတဲ့
သာမန်ဝင်ငွေပဲရှိတဲ့ ၊ သာမန် မိသားစု တစ်ခုကပါပဲ ။
ဆယ်တန်း ပြီးတော့ ဂုဏ်ထူး ၃ ခု ပါပြီး
အမှတ်လည်း နည်းနည်း အဆင်ပြေတော့
ရေကြောင်း တက္ကသိုလ် ( MMU – Myanmar Maritime University ) တက်ခဲ့ပါတယ် ။
အဲ့ဒီ မှာ Nautical Science ဘာသာရပ် အထူးပြု ယူခဲ့ပါတယ် ။
ရေကြောင်း အရာရှိကြီး လုပ်ပြီး ငွေရှာမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ … 🙂

နောက်တော့ သဘောၤ ၂ ခေါက်လိုက်ပြီးချိန်မှာ
( လူမျိုးခြားတွေနဲ့လည်း တွဲပြီး အလုပ်လုပ်ခဲ့ရပြီးချိန်မှာ )
ဒီ အသက်မွေးဝမ်းကြောင်း လုပ်ငန်းနဲ့ ငါနဲ့ ရေရှည်မကိုက်လောက်ဘူး ။
ဒီတော့ စွန့်စားပြီး လမ်းကြောင်း ပြောင်းကြည့်မယ်ဆိုတဲ့ အတွေးဝင်လာပါတယ် ။
ဒါနဲ့ပဲ အရာရှိ စာမေးပွဲတောင် ဝင်မဖြေတော့ပဲ
ရန်ကုန်မှာ တစ်ခုခု လုပ်ဖို့ စ လမ်းကြောင်းရှာပါတယ် ။

တစ်နိုင်တစ်ပိုင်း စလို့ရမယ့် လုပ်ငန်းလေးတွေ
အမျိုးမျိုး လေ့လာ ၊ စမ်းလုပ်ကြည့်ရင်းနဲ့ စာသင်ချင်စိတ်ရှိတာကြောင့်
၉ တန်း ၁၀ တန်း ကျုရှင်လေး တစ်ခုမှာ
အကူဆရာလေး အနေနဲ့ အလုပ် စဝင်ပါတယ် ။
သင်္ဘော ပေါ်မှာ ဒေါ်လာ ၃၀၀ ကနေ ၄၅၀ ကြားရခဲ့ပေမယ့်
အဲ့ဒီ အလုပ်မှာ တစ်လမှ ၆ သောင်းလောက်ပဲ ရပါတယ် ။
ဒါပေမယ့် ရေရှည်ကိုကြည့်ပြီး အတွေ့အကြုံကောင်း လမ်းစကောင်းတွေရဖို့
အဲ့ဒီ အလုပ်ကို ဝင်လုပ်ခဲ့တာပါ ။

အဲ့ဒီ အချိန်မှာ ပတ်ဝန်းကျင် ၊ မိသားစုက တစ်မျိုးထင်တာ ၊
နားမလည်တာ ၊ ဖိအားပေးတာတွေလည်း ခံခဲ့ရပါတယ် ။
ရေကြောင်း တက္ကသိုလ် ၄ နှစ်တက် ၊
သင်္ဘော၂ ခေါက်လိုက်ပြီး တော့မှ
အရာရှိ စာမေးပွဲလေးဖြေလိုက်ရင် အရာရှိ ဖြစ်ပြီး
ဒေါ်လာထောင်ကျော် ရနိုင်တဲ့
လမ်းကြောင်းကနေ ဖယ်ခွာလာခဲ့တဲ့ ကျွန်တော့်ကို
သူတို့ နားမလည်တာလည်း သူတို့အပြစ်တော့ မဟုတ်ပါဘူး ။

ကျွန်တော့် အနေနဲ့ ဒီစာမှာ ရှည်မှာ စိုးလို့ ချုံ့ပြောရရင်တော့
ရေကြောင်းလောကမှာ အမြင့်ဆုံးရာထူးရရင်တောင်
ကျွန်တော်လိုချင်တဲ့ နေချင်တဲ့ ဘဝလူနေမှု ပုံစံကို မရနိုင်လောက်ဘူး လို့ ယူဆလို့
လမ်းကြောင်း ဖောက်ထွက်ခဲ့တာပါ ။
ရှေ့ မှာ ကုန်သွားတဲ့ ၆ နှစ်လောက်ကို နှမြောပြီး
ရေကြောင်းလောကမှာ ဆက်လုပ်မယ်ဆိုရင်
နောက် ၁၅ နှစ် ၊ နှစ် ၂၀ လောက် ဒီလောကထဲမှာ ဆက်လုပ်သွားရဖို့ များတယ်လို့
ကျွန်တော်က မြင်မိလို့ပါ ။

***
ဒီလိုနဲ့ အဲ့ဒီ သင်တန်းလေးမှာ အကူဆရာလုပ်ရင်း
အိမ်ဝိုင်းတစ်ချို့ နဲ့ တခြား သင်တန်းတစ်ခုမှာလည်း စာ ထပ်သင်ဖြစ်ပါတယ် ။
အဲ့လို သင်တန်းလေးတွေ ပတ်သင်ရင်း ငွေစုပြီး
အချိန်တန်ရင် ကိုယ်ပိုင် လုပ်ငန်း တစ်ခု လုပ်ဖို့ ပြင်ဆင်နေတာပေါ့ ။

အဲ့မှာ ကံဆိုးကံကောင်းဖြစ်လာတာက
ကျွန်တော် ဒုတိယ သင်ပေးတဲ့ သင်တန်းကနေ အလုပ်ပြုတ်ပါတယ် ။
စစချင်း ညှိနှိုင်းတုန်းက ကျွန်တော်နဲ့
Partner သဘော တွဲလုပ်ချင်တယ်ဆိုပြီး ပြောခဲ့ပေမယ့်
တကယ် လုပ်တဲ့အခါမှာ ကျွန်တော့်ကို
သာမန် ဝန်ထမ်းတစ်ယောက်လို သဘောထားတာကို မကြိုက်လို့
အဖုအထစ်တွေဖြစ်ကြရင်း အလုပ်ဖြုတ်ခံရတဲ့ သဘောပါ ။
ရိုးရိုးမဟုတ်ပဲ အဲ့ဒီ သင်တန်းပိုင်ရှင် မောင်နှမတွေက
အခန်းတစ်ခန်းထဲ ကျွန်တော့်ကို ခေါ်ပြီး
အပြင်းအထန် ပြောကြဆိုကြပြီးကို ပြုတ်တာပါ … 😀

အဲ့ဒီ တုန်းက အတော် ခံရခက်ပေမယ့် ခုချိန် ပြန်တွေးတော့
အဲ့ ကိစ္စဖြစ်သွားတာ အတော်ကောင်းပါတယ် ။
” မင်းက ပါးစပ်လေးပဲ စိုက်ပြီးသင်ရတာ …
ငါတို့က ကျန်တာအားလုံးစိုက်ထားရတာ ၊
သင်တန်းတစ်ခုထောင်တာ လွယ်မယ်ထင်ရင်
မင်း အောင်မြင်အောင် လုပ်ကြည့်လေ ဆိုတဲ့စကားက”
ကျွန်တော့်ရဲ့ မခံချင်စိတ်ကို မီးလာရှို့ပေးလိုက်သလို ဖြစ်သွားတာမို့ပါ ။
တကယ်က အဲ့ဒီသင်တန်းမှာ ကျွန်တော်က ရိုးရိုးသွားသင်ပေးတာမဟုတ်ပဲ
သင်ရိုးပါ အစအဆုံးဆွဲပေး ၊ ကြော်ငြာစာသားတွေပါ ရေးပေးခဲ့တာပါ … 🙂

ဒီလိုနဲ့ ကံဆိုးစွာနဲ့ အလုပ်ပြုတ်သလို …
တစ်ချိန်တည်းလိုလိုမှာပဲ ကံကောင်းစွာနဲ့
စာပေပြိုင်ပွဲတစ်ခုအတွက် ကျွန်တော် ရေးပို့လိုက်တဲ့ ဝတ္ထုတစ်ခု က
ပထမဆု ထ ချိတ်ပါတယ် ။
ဧရာဝတီ စာပေပွဲတော် လို့ခေါ်တဲ့ စာပေပွဲတော်ရဲ့ အစီအစဉ် တစ်ခုပေါ့ ။
ကျွန်တော် ဝင်ရေးဖြစ်တဲ့ ခေါင်းစဉ်က ” ပြောင်းလဲနေသော ဘဝများ ” ပါ ။
အဲ့ဒီ အချိန်က ကျွန်တော့် ခံစားချက်နဲ့ ကိုက်နေတော့ ဝင်ရေးဖြစ်လိုက်တာကနေ
တကယ်ကို မထင်ထားပဲ ဆုရတာပါ ။
အဲ့ဒီ ဆုက ငွေသားအရ ဒေါ်လာ တစ်ထောင် ပေးပါတယ် ။
ကြံဖန်ကြွားရရင် ဆုကို လက်ထဲ ထည့်ပေးတာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါ ။
ကျွန်တော်က ဓာတ်ပုံရိုက်ခဲတော့ အဲ့ဒီတုန်းက မှတ်တမ်း ဓာတ်ပုံတော့ မရလိုက်ပါဘူး ။
ရထားရင် ခုလောက်ဆို အတော် ကြွားကောင်းမယ်ထင်ပါတယ် 😀 😀
အဲ့ဒါတွေ ဖြစ်ခဲ့တာ က ၂၀၁၃ ဝန်းကျင်ပါ ။

ဒီလိုနဲ့ အဲ့ဒီ ပွဲကရတဲ့ ဆုကြေးရယ် ၊
အိမ်ဝိုင်းလေးတွေသင်ပြီး ရတဲ့ ငွေရယ်ကို ပေါင်းပြီး
၄ လွှာ က တိုက်ခန်းလေး တစ်ခန်း ငှါးပြီး သင်တန်း စဖွင့်ခဲ့ပါတယ် ။
ကျွန်တော်ရယ် အခု ကျွန်တော့် ဇနီး ဖြစ်နေတဲ့ မိန်းကလေးရယ်
ကိုယ်ပိုင် လုပ်ငန်းတစ်ခု အနေနဲ့ တူတူ စခဲ့ကြတာပေါ့ ။
အဲ့ဒီ သင်တန်းမှာ အလုပ်ရှင်လည်း ကိုယ် ၊ ဝန်ထမ်းလည်း ကိုယ် ၊
ဆရာလည်း ကိုယ် ၊ သန့်ရှင်းရေးလည်း ကိုယ် ၊
Marketing လည်း ကိုယ် ၊ Business Development Manager လည်း ကိုယ် ပေါ့လေ … 😀

ဒီလိုနဲ့ လူ ၂ ယောက်တည်း ၊
အရင်း ဆယ်သိန်းကျော်လောက် နဲ့ စခဲ့ရတဲ့ သင်တန်းလေးဟာ
အခု ၂၀၂၀ ( ၇ နှစ်ကျော် ဖြတ်သန်းပြီးချိန်မှာ )
ဝန်ထမ်း အင်အား ၅၀ နီးပါးနဲ့ လည်ပတ်နေတဲ့
လုပ်ငန်း အလတ်စားလေး တစ်ခု အနေအထားကို ရောက်လာတာပါပဲ ။

ဒီ ၇ နှစ်အတွင်းမှာ ကျွန်တော့် အလုပ်ချိန် + လေ့လာချိန် က
တစ်နေ့ကို အနည်းဆုံး ၁၂ နာရီကနေ ၁၆ နာရီလောက်ထိ ရှိခဲ့တဲ့ အထိ
အားရပါးရ ရုန်းထွက်ခဲ့ရတာပေါ့ဗျာ ။
ဒီလို ဖြစ်လာဖို့ အတွက်
ကျွန်တော် လေ့လာခဲ့ရတဲ့ ၊ လေ့လာနေရဆဲ
ဘာသာရပ်တွေလည်း ဆယ်ခုလောက် ရှိခဲ့ရပါတယ် ။

ဒါတွေ ပြောပြတာဟာ ကြွားချင်လို့ မဟုတ်ပါဘူး ။
နောက်ခံအားကြောင့် အဆင်ပြေလာတဲ့ မိုးကျရွေကိုယ် လို့ ထင်နေမှာစိုးလို့ ၊
စာပဲဖတ်ပြီး တကယ်လည်း ခက်ခက်ခဲခဲ မဖြတ်သန်းခဲ့ရပဲ
ပညာလက်ဆင့်ကမ်းနေတယ်လို့ ထင်မှာစိုးလို့ ပြောပြရတာပါ ။

***
တစ်ဖက်မှာ စီးပွားရေး လုပ်ရင်း
တစ်ဖက်မှာလည်း ကျွန်တော် ဝါသနာပါတဲ့
လူငယ်တွေကို အသိပညာ နိုင်သလောက် ဖြန့်ဝေပေးတာတွေ ကို
နိုင်သလောက် လုပ်ခဲ့ပါတယ် ။

မြန်မာ့အိပ်မက် ( Myanmar Dream ) ဆိုတဲ့
လူငယ်တိုးတက်ရေး အွန်လိုင်း မဂ္ဂဇင်း လေးကို
စီစဉ်ထုတ်ဝေပြီး အခမဲ့ ဖြန့်ချီပေးခဲ့ပါတယ် ။
တစ်ချို့လည်း ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ် ။

ဒီတော့ …
ကျွန်တော် ဖြတ်သန်းလာခဲ့ရတဲ့ ဘဝ လမ်းခရီးက
ကျွန်တော် ခံခဲ့ရတဲ့ ဖိအားတွေ ၊ အတွန်းအတိုက်တွေ ၊
မှားခဲ့တဲ့ အမှားတွေ ၊ ယူခဲ့ရတဲ့ သင်ခန်းစာတွေဟာ
တခြားလူငယ် ၊ လူလတ်တွေကို လက်ဆင့်ကမ်းရာမှာ
အကောင်းဆုံးတွေ မဟုတ်ရင်တောင်
( သူသာတကယ် သေချာ နားလည်အောင် လေ့လာပြီး ကြိုးစားလုပ်မယ်ဆိုရင် )
သေချာပေါက် အကျိုးရှိစေမယ် ၊
တိုးတက်စေရမယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ် ။
စာဖတ်သူ အနေနဲ့ ယုံမယုံ ကတော့
စာဖတ်သူ စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ် ။

ကျွန်တော့်ကို ခုမှသိတဲ့လူတွေအနေနဲ့
ကျွန်တော့်သင်တန်းသားသင်တန်းသူဟောင်းတွေရဲ့
Feedback / Reviews တွေ
ဖတ်ကြည့်ချင်ရင်လည်း တောင်းထားလိုက်ပါ ။
အချိန်ရတဲ့ အခါ လင့် ပြန်ညွှန်ပေးထားလိုက်ပါမယ် ။
😇

***
အခု ဒီ ALC Program မှာ
ကျွန်တော် ဖတ်ခဲ့တဲ့ စာအုပ် ထောင်ချီ ၊
နားထောင် ခဲ့တဲ့ ဟောပြောပွဲ ထောင်ချီက ရလာတဲ့ အသိပညာ ဗဟုသုတွေကို
ကျွန်တော် စမ်းသပ် လုပ်ကိုင်ရာကနေ ရလာတဲ့
ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့
ပေါင်းစပ် ရောသမမွှေပြီး
ဒီလိုမျိုး ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေး နဲ့
စီးပွားရေး အကြောင်းတွေကို ဆွေးနွေးပေးသွားမှာပါ ။
( *အောင်မြင်ရေး* လို့ နာမည်တပ်ရမှာ မကြိုက်လို့
*တိုးတက်ရေး* လို့ပဲ နာမည်တပ်တာပါ ။
လိုအပ်ရင် နောက်မှ အသေးစိတ် ရှင်းပြပါမယ် )

တစ်ခု ရှိတာက ကျွန်တော် ဒီ ALC မှာ ထည့်ဆွေးနွေးပေးမယ်ဆိုတဲ့
Personal Development နဲ့ Business/Financial Knowledge တွေဟာ
သက်ဆိုင်ရာ ခေါင်းစဉ် တစ်ခုချင်း အလိုက်
လချီ ၊ နှစ်ချီ သင်ယူလေ့လာရတဲ့ ဟာတွေပါ ။
ကျွန်တော် ဆွေးနွေးပေးတာတွေဟာ သင်ရိုးကုန် အဆင့်မဟုတ်ပဲ
အရေးကြီးတဲ့ ၊ လက်တွေ့ အသုံးချနိုင်လောက် တဲ့
အခြေခံ အချက်အလက်တွေပဲ
ဦးစားပေးပြောပြသွားနိုင်မှာပါ ။

( ဒီအကြောင်းအရာတွေကို
အခုလိုမျိုး အင်္ဂလိပ်စာနဲ့ တွဲသင်တာမဟုတ်ပဲ
သီးသန့်သင်ပေးတဲ့ Power of Passion လို့ ခေါ်တဲ့ သင်တန်း တစ်ခုကိုလည်း
ဆရာ ဖြိုးသီဟ တို့ ၊ ဆရာ သူရိန်လှိုင်ဝင်း တို့နဲ့
တွဲဖက် ဖွင့်လှစ်ထားပါသေးတယ် )

တော်ကြာ ဒီ ဘာသာရပ်တွေကို
ဒီလောက် အချိန်တိုလေးနဲ့ လေ့လာလို့
ကျွမ်းကျင်သွားနိုင် သယောင်ယောင် ထင်ကုန်မှာစိုးလို့
ခုလို ကြိုရှင်းပြတာပါ ။

ဒီသင်တန်းလေး လပိုင်းလောက် တက်လိုက်ရုံနဲ့
ဘဝကြီးပဲ ပြောင်းသွားတော့မလို
အလွန်အကျွံ အာလူးတွေ ကျွန်တော် မကျွေးချင်ပါဘူး ။
( ကျွန်တော့် အယူအဆ အရ
ဘယ်သင်တန်း ၊ ဘယ်စာအုပ်ကမှ လူတစ်ယောက်ရဲ့ ဘဝကို
တကယ် မပြောင်းလဲပေးနိုင်ပါဘူး ။
ပြောင်းလဲ စေမယ့် မီးစပဲ ခတ်ပေးလိုက်နိုင်တာပါ ။ )

ဒါကြောင့် ဒီ ALC Program ကိုလည်း
လူငယ် ၊ လူလတ်တစ်ယောက် အတွက်
တိုးတက်ပြောင်းလဲသွားနိုင်တဲ့ စိတ်ကူးစိတ်သန်းကောင်း ၊
အလေ့အကျင့်ကောင်း တွေ ရသွားနိုင်တဲ့
မီးပွားခတ်ပေးနိုင်မယ့် အစီအစဉ် တစ်ခု ဖြစ်အောင်
ရည်ရွယ်ထားပါတယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ် ။
ကျွန်တော် ကြိုးစား အပွားခတ်ပေးလိုက်တဲ့ မီးစ တစ်ခု
ဘယ်လောက် အထိ ဆက်ပြီး လောင်မြိုက်အလင်းပြန်နိုင်မလဲ ဆိုတာကတော့
ကိုယ်တိုင်ရဲ့ ဘဝပေး အခြေအနေ ၊ ကြိုးစား အားထုတ်မှု ၊
ရေရှည်တောင့်ခံနိုင်မှုတွေပေါ် မူတည်သွားပါလိမ့်မယ် ။

***
နံပါတ် ၇ ထူးခြားချက်

နောက်တစ်ချက်ကတော့ ဒီ အစီအစဉ်ဟာ
Level တစ်ခုတည်း အတွက် မဟုတ်ပဲ
Level ၃ ခုစာ အတွက် မျှသင်ပေးသွားမယ့်
အစီအစဉ် ဖြစ်နေတာပါပဲ ။

Elementary Level ( Vocab ၂ ထောင် ကျော်မှ ၃ ထောင် အတွင်း )
Pre-intermediate ( Vocab ၃ထောင် ကျော်မှ ၅ ထောင် အတွင်း )
Intermediate ( Vocab ၅ ထောင်မှ ၈ ထောင် အတွင်း ) လို့
ကျွန်တော်က ပျမ်းမျှအားဖြင့် သတ်မှတ်ပါတယ် ။

လေ့လာသူ တစ်ယောက်ရဲ့
Level ကို သတ်မှတ်တဲ့ နေရာမှာ
သူ့ရဲ့ Listening နဲ့Pronunciation Skills တွေ
Grammar Rules တွေ သိရှိ/ပိုင်နိုင်/အသုံးချနိုင်စွမ်းတွေ
Sentence Patterns နဲ့ Styles တွေ
Speaking Fluency တွေ ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပေမယ့် ….
ဒါတွေပါ ထည့်ပြောနေရင် ဟုန်သွားမှာစိုးလို့
Vocabulary Range နဲ့ပဲ ပျမ်းမျှ သတ်မှတ်ပြလိုက်တာပါ ။

အခု ဒီ ALC Program မှာ သင်ခန်းစာတွေ ဆွေးနွေးပေးတဲ့အခါ
Elementary Level တွေအတွက် ၄၀%
Pre-intermediate Level တွေအတွက် ၄၀% နဲ့
Intermediate Level တွေ အတွက် ၂၀% စသဖြင့်
မျှပြီး စီစဉ်ပေးသွားမှာပါ ။

ဒါကြောင့် Level တစ်ခုစာ သီးသန့်ပဲ လိုချင်သူတွေ အတွက်
ဒီ ALC Program အစီအစဉ်က မသင့်တော်ပါဘူး ။

ကျွန်တော့် အနေနဲ့ ဒီလို မျှသင်ပေးဖို့ ရည်ရွယ်လိုက်ရတာ
ခိုင်မာတဲ့ အကြောင်းရင်း ရှိပါတယ် ။

Elementary Level လောက်ပဲ ရှိသေးသူက
သူနဲ့ အဓိက သက်ဆိုင်တဲ့ သင်ခန်းစာတွေကို
အဓိက လေ့လာနေရင်းနဲ့ တပြိုင်တည်း
နောက် Level တွေ ဖြစ်တဲ့ Pre-inter / Inter တို့မှာ
သူ ဘာတွေ လေ့လာရတော့မယ်ဆိုတာ
တစ်ခါတည်း သေချာ မြည်းစမ်းခွင့် ရစေချင်လို့ပါ ။
ဇွဲရှိတဲ့ … အားတကယ်စိုက်တဲ့လူဆိုရင်
သူ့ထက် မြင့်တဲ့ Level အတွက် သင်ခန်းစာတွေကိုပါ
တစ်ခါတည်းရအောင် ကြိုးစားနိုင်ခွင့်ရှိနေစေချင်လို့ပါ ။

အဲ့လိုပဲ …
စာမေးပွဲ အသေးလေးတွေ စစ်လိုက်ရင်သာ
Intermediate တို့ ဘာတို့ဆိုပြီး
အဖြေတွေ ထွက်လေ့ရှိပေမယ့်
Native Speaker တစ်ယောက်ပြောတာကို
( စာတန်းထိုး နဲ့ တခြား အကူအညီ တစ်ခုမှ မယူပဲ )
အနည်းဆုံး ၈၀% နားလည် သင့်ပေမယ့်
တကယ်တမ်းမှာ အဲ့ဒီလောက် နားမလည်ဘူး ဖြစ်နေတတ်တဲ့ ,..
ကိုယ် ပြောချင်တာရဲ့ အနည်းဆုံး ၆၀-၈၀% လောက်ကို
*တိတိကျကျ* သွက်သွက်လက်လက် ပြောမထွက် သေးတဲ့
Flase Level ဆန်ဆန် ဖြစ်နေသူတွေလည်း
သူ့ထက် နိမ့်တဲ့ Elementary / Pre-inter Level က
သင်ခန်းစာတွေကို ပြန်လေ့လာ လေ့ကျင့်ခွင့်ရပြီး
အောက်သက်ကျေအောင် ပြန်လုပ်နိုင်စေချင်လို့ ဖြစ်ပါတယ် ။

Pre-inter Level သမားတွေကတော့
အပေါ်မှာ ပြောထားတဲ့ Level ၂ ခုက လူတွေလိုမျိုး
ခံစားခွင့်ကို မျှပြီး ရနေမှာပေါ့ဗျာ ။
( သူတို့က ကိုယ့်ထက် နိမ့်တာရော / မြင့်တာရော
လေ့လာခွင့်ရတော့ ပိုတောင် တန်နေသလို ပါပဲ 😇 )

ဒါကြောင့် အခုလိုမျိုး သင်ခန်းစာတွေကို
Elementary Level တွေအတွက် ၄၀%
Pre-intermediate Level တွေအတွက် ၄၀% နဲ့
Intermediate Level တွေ အတွက် ၂၀% စသဖြင့်
မျှပြီး စီစဉ်ပေးသွားမှာပါ ။

Intermediate ကို သင်ခန်းစာ % လျှော့ထားရတာက …
တကယ်ဆို အဲ့ဒီ Level က ကျွန်တော်တို့လို မြန်မာဆရာတွေ သင်တဲ့
အွန်လိုင်းသင်တန်းမျိုးမဟုတ်တဲ့
Native Speakers တွေ သင်တဲ့ သင်တန်းမျိုး တက်သင့် /
သူတို့ သင်ခန်းစာတွေကို အွန်လိုင်းမှာ
ကိုယ့်ဘာသာ ရှာလေ့လာသင့်တဲ့ Level ရောက်နေပြီမို့ပါ ။
ကျွန်တော့် အနေနဲ့ Intermediate သမားတွေအတွက်
နိုင်ငံတကာက လေ့လာရေး အရင်းအမြစ်ကောင်းတွေကို
များများ ညွှန်သွားပေးဦးမှာပါ ။
ဒါကြောင့် သင်ခန်းစာ အများစုကိုတော့
Elementary နဲ့ Pre-inter သမားတွေအတွက်
ပို ဦးစားပေး စီစဉ်ထားတာ ဖြစ်ပါတယ် 😇

📌
ခု ပြောထားသလို
အနည်းဆုံး ဝေါဟာရ ၂ ထောင် တောင် မသိသေးဘူးဆိုတဲ့ လူတွေအတွက်တော့
Starter ( ဝေါဟာရ ၁ ထောင်အထိ ) နဲ့
Beginner ( ဝေါဟာရ ၂ ထောင်အထိ )
အတန်းတွေ သက်သက် ထပ်ဖွင့်ပေးပါ့မယ် ။
ဒီ ALC Program မှာ ဝင်မတက်ရဲရင်
အဲ့ဒီ အတန်းတွေ ဖွင့်တဲ့ အချိန်ကို စောင့် တက်နိုင်ပါတယ် ။
( တကယ်လို့ အနိမ့်ဆုံး အလယ်တန်း အထိလောက် ကျောင်းနေခဲ့ရင်တောင်
သတ္တိမွေးပြီး ALC Program မှာ ဝင် တက်ကြည့်ဖို့တော့ အကြံပေးချင်ပါတယ် ။
ဒီ Program ကနေ ရသွားနိုင်တာတွေက အများကြီး မို့ပါ ။)

ကျွန်တော် သင်တဲ့ နည်းစနစ်ကို သေချာ လိုက်လုပ်ရင်
ဝေါဟာရ ၁ လုံး အတွက် ပျမ်းမျှအားဖြင့်
စာကြောင်းရေ ဆယ်ကြောင်းလောက် အနည်းဆုံး ရနိုင်ပါတယ် ။
ဆိုလိုတာက ဝေါဟာရ ၁ ထောင်ဆို
စာကြောင်း ရေ ၁ သောင်း ကျော် ပြောနိုင် ၊ ရေးနိုင်မယ်ပေါ့ ။
( တကယ်က ဝေါဟာရတွေကို
သဒါ္ဒ အခြေခံကောင်းကောင်းနဲ့ တွဲပြီး စနစ်တကျလေ့လာထားရင်
အဲ့လို ပွားယူရတာ ဘာမှ ခက်တာ မဟုတ်ပါဘူး ။
ဆရာတစ်ယောက် အနေနဲ့ ခုလို ထည့်ရေးနေရတာတောင်
နည်းနည်း ကလေးဆန်သလို ခံစားရပါသေးတယ် ။
ဒါပေမယ့် တစ်ချို့က အဲ့လို နားရှင်းလွယ်အောင်ပြောမှ နားလည်တာမျိုး ရှိတတ်လို့
ခုလို ဈေးတွက် ဆန်ဆန် တွက်ပြီး ပြောပြရတာပါ )

***
နံပါတ် ၈ ထူးခြားချက် က
ဒီ ALC Program ရဲ့
သင်တန်းကာလဟာ ၆ လ + ၃ လ + တစ်သက်လုံး ပါ ။

ရှုပ်သွားရင် ရှင်းပြပါ့မယ် … 😇

ယေဘူယအားဖြင့်
ဒီ ALC Program ရဲ့ သင်တန်းကာလ ကို
၆ လ သတ်မှတ်ထားပြီး
အဲ့ဒီ သင်တန်းကာလ ၆ လ အတွင်းမှာ
တစ်ပတ် ၃ ရက် ( တင်္နလာ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့ တွေမှာ )
အဓိက သင်ခန်းစာတွေ တင်ပေးသွားမှာပါ ။
အချိန်က ည ၉ နာရီကနေ ၁၁ နာရီကြား ဖြစ်ပါမယ် ။

အွန်လိုင်းသင်တန်း ဖြစ်တဲ့ အတွက်
ဆရာ သင်ခန်းစာတွေကို တင်ပေးမယ့် နေ့တွေ ၊ အချိန်တွေမှာ
ကိုယ်က အွန်လိုင်းပေါ်မှာ မရှိခဲ့ဘူးဆိုရင်လည်း
နောက်နေ့ အဆင်ပြေတဲ့ အချိန်မှာ
ကိုယ့်ဘာသာ အေးအေးဆေးဆေး ပြန်လေ့လာ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ် ။
အဓိက သင်မှာက တစ်ပတ် ၃ ရက် ဆိုပေမယ့်
ကြားရက်တွေမှာ လေ့ကျင့်ခန်း တစ်ချို့
အားဖြည့်ထပ်တင်ပေးတာတွေလည်း ရှိနိုင်ပါတယ် ။

အဲ့ဒီ သင်တန်းကာလ ၆ လ ပြီးသွားရင်တောင်
နောက်ထပ် ၃ လ လောက်ကို မေးစရာရှိတာတွေ မေးနိုင်အောင်
ဆရာက စောင့်ကြည့်ပေးနေဦးမှာဖြစ်ပြီး
အဲ့ဒီ ၃ လ အတွင်းမှာလည်း
တစ်ပတ် တစ်ခါလောက် လိုအပ်တာလေးတွေ ၊
ထပ်သင်ပေးချင်တာလေးတွေ ဖြည့်ပေးနေဦးမှာပါ ။

အဲ့ဒီလို စုစုပေါင်း ၉ လ ပြီးသွားရင်တော့
သင်တန်းကာလ ပြီးပြီလို့ ယူဆနိုင်ပါတယ် ။
ဒါပေမယ့် အဲ့ဒီ ၉ လ အတွင်းမှာ သင်ပေးခဲ့တဲ့ သင်ခန်းစာတွေကို
တစ်သက်လုံး အချိန်မရွေး ဝင်ကြည့်နိုင်အောင်
ဆက်ပြီး စီစဉ်ပေးထားမှာဖြစ်ပါတယ် ။

ဟုတ်ပါတယ် ….
တစ်သက်လုံး ပါ… 😇
အဓိက သင်မှာက Facebook Group မှာဆိုပေမယ့်
Facebook ကြီး ပျက်သွားရင်တောင်
တခြား Online Channel တွေမှာ သင်ခန်းစာတွေကို ပြန်တင်ပေးထားမှာပါ ။
( ဆက်သွယ်ရလွယ်အောင်
Facebook Group တင်မက
ကျွန်တော် တို့ ထပ်ဖွဲ့ပေးထားမယ့်
တခြား Channel တွေကိုပါ Join ထားစေချင်ပါတယ် )
ဒါဆို ကျွန်တော်တို့နဲ့ အဆက်အသွယ် မပြတ်သွားသရွေ့
တစ်သက်လုံး အထပ်ထပ် ပြန်ကြည့်ပြီး လေ့လာလေ့ကျင့်နိုင်မှာ ဖြစ်ပါတယ် 🙂

***
နံပါတ် ၉ ထူးခြားချက် က
လူများစု စိတ်ဝင်တစား စောင့်ဖတ်နေမယ့် ကိစ္စပါ …
သင်တန်းကြေးပါ … 😀
ဒီလောက်ကာလ မှာ ဒီလို အကြောင်းအရာတွေကို
ဒီလို နည်းစနစ်တွေနဲ့ သင်ပေးမှာဆိုတော့
ဆရာတို့က သင်တန်းကြေး ဘယ်လောက်တောင် ယူမှာလဲ စဉ်းစားနေကြလောက်မှာပါ 😇

ဒီ သင်တန်းဟာ ကျွန်တော်တို့ ခုသတ်မှတ်ပေးလိုက်တဲ့ သင်တန်းကြေးထက်
အများကြီး ပိုတန်မယ်လို့ ကျွန်တော်တို့ကတော့ ယူဆပေမယ့်
ကိုယ့်အိုး နဲ့ ကိုယ့်ဆန်ဆိုတော့ ကိုယ်တိုင်သာ ချင့်ချိန်ပါ ။

ကျွန်တော်တို့ သတ်မှတ်ထားတဲ့ သင်တန်းကြေးကတော့
*တစ်သိန်း* ပါ ။

ဟုတ်ပါတယ် ။ တစ်သိန်းပါပဲ ။
တစ်ချို့ အွန်လိုင်းသင်တန်းတွေမှာ
ကျွန်တော်တို့ သင်ပေးတာရဲ့ တစ်ဝက်တောင် မသင်ပေးပဲ
ကျွန်တော်တို့ထက် ပိုပြီး သင်တန်းကြေးယူတာတွေရှိတယ်ဆိုတာသိပေမယ့်
ကျွန်တော်တို့ကတော့ လူများများကို ပြန့်နှံ့စေချင်တာမို့
သင်တန်းကြေးကို တစ်သိန်းပဲ သတ်မှတ်ထားလိုက်တာပါ ။
၆လ + ၃လ စာကိုမှ တစ်သိန်းထက် ထပ်လျှော့ရမယ်ဆိုရင်
အတော်ကြီးကို ပေါပေါပဲပဲ နိုင်သွားလိမ့်မယ် ထင်ပါတယ် ။
ဒါကြောင့် ဒီလောက်တော့ သတ်မှတ်ထားပါတယ် ။ 🙂

တကယ်လို့ ငွေရေးကြေးရေး သိပ်အဆင်မပြေရင်
သင်တန်းကြေးကို ၃ ခေါက် ခွဲသွင်းနိုင်ပါတယ် ။
၅ သောင်း + ၃ သောင်း + ၃ သောင်း ဆိုပြီး
၃ ခေါက် ခွဲသွင်းရမှာမို့
စုစုပေါင်း ၁ သိန်း ၁ သောင်း ကျမှာ ဖြစ်ပါတယ် ။
တစ်ခါတည်း သွင်းရင်တော့ ၁ သိန်းပါပဲ ။

ငွေ အဝင်အထွက်များမှာမို့
Wave Money ထက်စာရင်
Bank ကနေ သေချာ လွှဲစေချင်ပါတယ် ။
Wave Money နဲ့မှ အဆင်ပြေတဲ့ နေရာ ရောက်နေရင်တော့လည်း
Wave Money နဲ့ပဲ လွှဲလည်း ရပါတယ် ။
ငွေလွှဲလို့ရမယ့် လိပ်စာတွေကို ကွန်းမန့် ( ဒါမှမဟုတ် )
Message ကနေ စာပို့ပြီး စုံစမ်းနိုင်ပါတယ် ။

***
Discount ရှိလား ?

*** ကျွန်တော့် သင်တန်းတွေမှာ
Discount ပေးလေ့မရှိဘူးဆိုတာ လူဟောင်းတွေ သိကြမှာပါ ။
ဒီ ALC Program ကတော့
ကျွန်တော့်အတွက် ထူးထူးခြားခြား မို့လို့
တမင် Discount စီစဉ်ပေးလိုက်ပါတယ် ။

တစ်ချို့ သင်တန်းတွေ လုပ်သလိုမျိုး …
သာမန်ဈေးထက် တမင် ပိုတင်ထားပြီးမှ
လျှော့ဈေးပေးပါတယ် ဆိုပြီး
*စိတ်လှည့်ကွက်* သုံးထားတာမျိုး မဟုတ်ဘူးဆိုတာ
သင်တန်းကြေး နဲ့ သင်တန်းကာလရယ် ၊
ကျွန်တော် သင်ပေးမယ့် အကြောင်းအရာတွေကို ချိန်ထိုးကြည့်ရင်
ခံစား ယုံကြည်မိမယ်လို့ မျှော်လင့်ပါတယ် ။

ခု Discount ကိစ္စ စ ပြောပါမယ် ။
အရစ်ကျ ခွဲသွင်းမယ့်သူတွေ အတွက်တော့ Discount မရှိပါဘူး ။
သင်တန်းကြေးကို တစ်ခါတည်း သွင်းမယ်ဆိုရင်တော့
သင်တန်းကြေး သက်သာခွင့် ရမှာ ဖြစ်ပါတယ် ။

ကျွန်တော့် ဆီမှာ သင်တန်း တစ်ခုခု တက်ဖူးတဲ့
သင်တန်းသူ ၊ သင်တန်းသားဟောင်း ဖြစ်ခဲ့ရင်
၁၀% သင်တန်းကြေး သက်သာခွင့် ပေးပါမယ် 🙂

ဒီ ALC Program မှာ ပိုမိုထိရောက်စွာ လေ့လာနိုင်ဖို့
အတူတူ တွဲလေ့ကျင့်မယ့် လေ့ကျင့်ဖော် ရှိစေချင်တာမို့လို့ …

၂ ယောက် တစ်တွဲ တက်မယ်ဆို
၁၀% စီ သင်တန်းကြေး သက်သာခွင့် ပေးပါမယ် 🙂

၃ ယောက် – ၄ ယောက် တစ်တွဲ တက်မယ်ဆို
၁၅% စီ သင်တန်းကြေး သက်သာခွင့် ပေးပါမယ် 🙂

၅ ယောက်ကနေ အထက်ဆို
၂၀% သင်တန်းကြေး သက်သာခွင့် ပေးပါမယ် 🙂
( ၅ ယောက်အထက် ဆိုတာမျိုး ကျတော့
အလုပ်တူ ၊ အဖွဲ့အစည်းတူတာ ၊
မေဂျာတူ သူငယ်ချင်းမျိုးတွေပဲ များမယ် ထင်ပါတယ် ။ )

သင်တန်းကြေး သက်သာခွင့် ရဖို့အတွက်
တခြားသတ်မှတ်ချက်လေးတွေတော့ ရှိပါဦးမယ် ။
ခက်ခက်ခဲခဲ ဘာမှ မဟုတ်ပါဘူး ။
ဒီတော့ သင်တန်းကြေး သက်သာခွင့်လိုချင်တယ်ဆို
ကျွန်တော်တို့ဆီ လှမ်းမေးလို့ရပါတယ် ။

***
နံပါတ် ၁၀ ထူးခြားချက် က
ပညာသင်ဆု ပေးပါမယ် ။

စာတော်ပြီးသား လူကိုမှ ပေးတဲ့ ပညာသင်ဆုမျိုး မဟုတ်ပါဘူး ။

တကယ် ကြိုးစားချင်စိတ်ရှိပေမယ့်
ငွေကြေး အခက်အခဲရှိနေတယ်ဆိုတဲ့ လူငယ် ၊ လူလတ်မျိုး အတွက်
စီစဉ်ပေးထားတဲ့ ပညာသင်ဆု မျိုးပါ ။

တကယ် ကြိုးစားချင်စိတ်ရှိမရှိတော့
သေချာအောင် အရင် မေးမြန်း လေ့လာဦးမှာပါ ။

တကယ် ကြိုးစားချင်စိတ် ရှိကြောင်း ယုံကြည်ရတဲ့လူဆိုရင်
ငွေကြေးကြောင့် သက်သက်နဲ့တော့ ပညာရေး မဝေးဖို့ <
တတ်နိုင်သလောက် ကူညီပေးပါ့မယ် 🙂

ပေါ့ပျက်ပျက်နဲ့ ပညာကို တန်ဖိုးမထားပဲ
အချောင်ရမလားလို့ လာပြောတဲ့ပုံစံပေါက်ရင်တော့
Blacklist ထည့်ပြီး ကျွန်တော့် Page အားလုံးကနေ ဘမ်းထားလိုက်မှာပါ ။

လမ်းဘေးက ဘေထုတ်သည်ဆီကတောင်
အင်္ကျီ တစ်ထည်လောက် အလကားရမလား သွားတောင်းလေ့မရှိကြပဲနဲ့ …
ဆရာတွေဆီက ပညာကိုတော့ အလကား လိုချင်ပါတယ်ဆိုရင်
ဒါဟာ ဆရာတွေရဲ့ ပညာ ကို
ဘေထုတ်လောက်တောင် တန်ဖိုးမထားရာကျပါတယ် ။
ဒါက ဆရာတွေ အားလုံးရဲ့ ကိုယ်စား
ကျွန်တော့် ရပ်တည်ချက်ကို ပြောတာပါ ။

အခက်အခဲရှိရင် ပြောပါ ။ ကူညီပါ့မယ် ။
အလကား ပညာ တော့ အဖြစ်မခံနိုင်ပါဘူး ။
ဒီသဘောကို နားလည် လက်ခံပေးလိမ့်မယ်လို့ ယူဆပါတယ် … 🙂
ကဲ စာလည်း အတော် ရှည်ပြီဆိုတော့
ဖတ်ရင်းနဲ့ အိပ်များ ငိုက်ကုန်ပြီလားတောင် မသိဘူး … 😛

ကျွန်တော် စာ အစမှာ ပြောခဲ့သလိုပဲ …
အခုလို အစအဆုံး သေချာ ဖတ်လာခဲ့မယ်ဆိုရင်
သင်တန်း မတက်ဖြစ်ဘူးဆိုရင်တောင်
အကျိုးရှိမယ့် အတွေးတစ်ခုခု ၊ အယူအဆ တစ်ခုခု ၊
စိတ်ဓာတ်ခွန်အားတစ်ခုခုတော့ ရလိုက်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ။

***
ကျွန်တော် လိုရင်းအချက်တွေ ပြန်ချုံ့ပြောပေးပါ့မယ် ။
ဒီ ALC Program မှာ …

၁။ Grammar တင်မက
Vocabulary , Pronunciation , Listening, Reading ,
Conversations , Stories တွေပါ သင်ပေးမှာပါ

၂။ ကျွန်တော် ကိုယ်တိုင် လက်တွေ့ ကျင့်သုံးနေဆဲ
LPE System နဲ့ သင်ပေးမှာပါ

၃။ သာမန် Class တစ်ခု လို မဖြစ်စေချင်ပဲ
Club တစ်ခုလို ဖြစ်အောင် စီစဉ်ထားပါတယ်

၄။ ကိုယ်နဲ့ အကိုက်ညီဆုံး လေ့လာနည်း ၊ သင်ယူနည်း ၊
လေ့ကျင့်နည်း စနစ်တွေ ၊ လေ့လာစရာ သင်ခန်းစာတွေကို
ရွေးချယ်တတ်သွားအောင် လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်

၅။ စာတင်မက စိတ်ပါ သင်မှာပါ
Personal Development ( ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေး )

၆။ စီးပွားရေး နဲ့ ငွေရေး ကြေးရေး အကြောင်းတွေကိုပါ
အနည်းအကျင်း ထည့် ဆွေးနွေးပေးသွားပါမယ် ။

၇။ Level တစ်ခုတည်း အတွက် မဟုတ်ပဲ
Elementary + Pre-intermeidate + Intermediate
Level ၃ ခုစာ အတွက် မျှသင်ပေးသွားမယ့် အစီအစဉ်ပါ ။

၈။ သင်တန်းကာလဟာ ၆ လ + ၃ လ + တစ်သက်လုံး ပါ ။
တစ်ပတ် ၃ ရက် ( တင်္နလာ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့ တွေမှာ )
အဓိက သင်ခန်းစာတွေ တင်ပေးသွားမှာပါ ။
အချိန်က ည ၉ နာရီကနေ ၁၁ နာရီကြား ဖြစ်ပါမယ် ။

၉။ သင်တန်းကြေးကတော့ *တစ်သိန်း* ပါ ။ ခွဲသွင်းလို့ရပါတယ် ။
သင်တန်းကြေး သက်သာခွင့် ၁၀% ကနေ ၃၀% အထိ ရှိနိုင်ပါတယ် ။

၁၀။ တကယ် ကြိုးစားချင်စိတ်ရှိပေမယ့်
ငွေကြေး အခက်အခဲရှိနေတယ်ဆိုတဲ့ လူငယ် ၊ လူလတ်မျိုး အတွက်
ပညာသင်ဆု စီစဉ်ပေးထားပါတယ် ။
ကျွန်တော်နဲ့ ကံဆုံရင်
ALC Program မှာ ပြန် တွေ့ကြပါမယ် …
အတူတူ လေ့လာကြ ၊ လေ့ကျင့်ကြ ၊
ခံစားကြ ၊ တွေးခေါ်ကြတာပေါ့ဗျာ … 🙂

ထပ်ပြီး သိချင်တာ ၊ မရှင်းတာတွေရှိသေးရင်
အောက်မှာ ကွန်းမန့်ပေးပြီး ဖြစ်ဖြစ် ၊
Messenger ကနေ စာပို့ပြီး ဖြစ်ဖြစ် ၊
ဖုန်း 09-4010-91800 /
09-4010 91900 တို့ကို ဆက်ပြီး ဖြစ်ဖြစ်
မေးမြန်း စုံစမ်းနိုင်ပါတယ် ။

သင်တန်းမတက်ဖြစ်သေးလည်း ရသလောက် အခမဲ့ လေ့လာချင်ရင်
ကျွန်တော် အရင်က တင်ပေးထားတဲ့ သင်ခန်းစာ တစ်ချို့ နဲ့
အခမဲ့ဖြန့်ချီပေးထားတဲ့ Ebooks တွေ
Mobile Applications တွေကို ညွှန်ပေးလိုက်ပါ့မယ် ။
လိုအပ်ရင် တောင်းခဲ့နိုင်ပါတယ်ဗျာ … 🙂

အားလုံးပဲ ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ …
အင်္ဂလိပ်ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ … 🙂

စေတနာဖြင့်
#ကိုဇင်ဇေ
#ActiveEnglishသင်တန်း
#ALC

☎️ 09-4010-91-800
☎️ 09-4010-91-900

< ခု ဒီ အွန်လိုင်းပေါ်က လေ့လာသင်ယူနိုင်မယ့် Program ကို
စိတ်ဝင်စားရင် ALC လို့ မှတ်ချက် ရေးထားခဲ့နိုင်ပါတယ် … 😇 >

🎁
သင်တန်းမတက်ဖြစ်သေးလည်း
လေ့လာနည်း ဆောင်းပါး တစ်ချို့နဲ့
Video သင်ခန်းစာ တစ်ချို့ကို
အခမဲ့ လေ့လာချင်ရင်
စာပို့ တောင်းဆိုထားနိုင်ပါတယ်ဗျာ 😇

ဒီလင့် 👉 https://m.me/activeenglishmyanmar ကို
နှိပ်ပြီး စာပို့နိုင်ပါတယ် 😇

အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ
ရယူ ပိုင်ဆိုင်နိုင်ကြပါစေဗျာ 😇

စေတနာဖြင့်
#ကိုဇင်ဇေ

📌
ကျန်းမာရေးနဲ့ ပတ်သက်လို့
စိတ်ချရတဲ့ အနေအထား ပြန်ရောက်ပြီဆိုရင်တော့
အွန်လိုင်းမှာ သင်ရတာ အားမရလို့
အပြင်မှာ လာသင်ချင်တယ်ဆိုရင်လည်း ရပါတယ် ။
ကျွန်တော်တို့က ၂၀၁၃ ကတည်းက
တာမွေမှာ သင်တန်း ဖွင့်လာခဲ့တာပါ 😇

အောက်က ဖုန်း/လိပ်စာအတိုင်း
ဆက်သွယ်နိုင်ပါတယ်ဗျာ 😇

👉 တာမွေ
☎️ 09-26-100-8186 / 09-2522-74890

👉 သင်္ဃန်းကျွန်း
☎️ 09-4011-800-40 / 09-4011-800-50
တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် 😇

သင်တန်းလိပ်စာ 👉
📌 တာမွေ – အမှတ် ( ၂၈ ) ၊ ၁၆၇ လမ်း ၊
တာမွေအဝိုင်းထိပ်အနီး ၊
📌 သင်္ဃန်းကျွန်း – အမှတ် ( B1-9/10 ) ၊
မလိခအိမ်ယာ ( ရတနာအိမ်ယာ မျက်နှာချင်းဆိုင် )

ကိုဇင်ဇေ

ကြယ်ငါးကောက်သူတစ်ယောက်မျှသာ

Zin Zae

Zin Zae

Founder

တစ်ခါမှာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ် ကယ်တင်ပေးလိုက်တာဟာ ပင်လယ်ကမ်းခြေ တစ်လျှောက်လုံးမှာ တင်ရှိနေသမျှ ကြယ်ငါးတွေအားလုံးကို ကယ်နိုင်တာမဟုတ်လို့ ဘာမှ မထူးခြားသွားပါဘူးလို့ ပြောနိုင်ပေမယ့် အကယ်ခံလိုက်ရတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သိပ်ကို ထူးခြားသွားတာပဲ မဟုတ်လားဗျာ။ အဲ့လို စိတ်လေးထားပြီး ကြယ်ငါးလေးတွေကို ပုံမှန် ကယ်ပေးနေရင် ကြယ်ငါးကောက်ပြီး ကယ်ပေးသူတွေ ပိုပြီး များ များလာရင် ကျွန်တော်တို့ ကောက်ယူ ကယ်ဆယ်နိုင်လိုက်တဲ့ ကြယ်ငါးလေးပေါင်းများစွာ ရှိလာဖို့ ရည်ရွယ်ပါတယ်

Ko Zin Zae

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေ အဝိုင်းထိပ် အနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

09250005174

Pin It on Pinterest

Share This