fbpx

Online – General Foundation Class

အင်္ဂလိပ်ဘာသာစကား အားနည်း သူတွေ အတွက်
အွန်လိုင်းကနေ သင်ယူလေ့လာနိုင်မယ့်
General Foundation လို့ခေါ်တဲ့
အခြေခံ သင်တန်း တစ်မျိုး စီစဉ်ပေးထားပါတယ် ။
❗️ လုံးဝ အခြေခံ ❗️ တန်းပါ ။

လစဉ် ပထမပတ် ( ဒါမှမဟုတ် ) ဒုတိယပတ်မှာ
အတန်းသစ် စီစဉ်ဖွင့်လှစ်ပေးပါတယ် 😇

ABCD က တောင် ပြန်သင်ချင်တယ် ဆရာရယ်လို့
ညည်းလေ့ရှိတဲ့ လူတွေ အတွက် ၊
အင်္ဂလိပ် စကားလုံး ၅၀၀ တောင် ပြည့်အောင်တောင်
သေချာ မသိတဲ့လူတွေအတွက် ၊
သားသမီး အငယ်လေးတွေရှေ့မှာ
ရဲရဲ မဖတ်ရဲ မပြောရဲလောက်အောင် ခံစားနေရတဲ့
လူလတ်ပိုင်း မိဘ တစ်ချို့အတွက်
ဦးစားပေးပြီး ရည်ရွယ်ဖွင့်ပေးတာပါ 😇

👉 Foundation – 1 , Foundation – 2 ဆိုပြီး
Level ၂ ခုတော့ ပြန်ခွဲပေးပါမယ် ။

❗️❗️❗️
ဒီ သင်တန်း Level – ၂ ခု ပြီးသွားရင်
အင်္ဂလိပ်စာ အခြေအနေ ဆိုးလွန်းလို့
လူကြားထဲ အင်္ဂလိပ်လို ဖတ်ရ ပြောရမှာမျိုး ကြုံလာမှာကို
အကြောက်လွန်နေမိတာ ၊
အင်္ဂလိပ်စာ စ လေ့လာဖို့တောင် လူသိ မခံရဲ ဖြစ်နေတာ ၊
ဘယ် သင်တန်းကိုမှ ဝင် မတက်ရဲ ဖြစ်နေတာတွေ
ပျောက်သွားစေဖို့
ကျွန်တော့်ဘက်က သေချာ သင်ပေးသွားပါ့မယ် ။

သင်တန်းသားဘက်ကလည်း
နှေးရင်သာ နှေးမယ် ၊ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆိုတဲ့ စိတ်မျိုးနဲ့
ကျွန်တော် သင်ပေးတဲ့ အတိုင်း
သေချာ လိုက်လုပ်မယ်ဆိုရင်တော့
သေချာပေါက် အဆင်ပြေသွားပါလိမ့်မယ် ။
( သေချာတော့ လိုက်လုပ်ရမှာနော် 😇💪 )

📌
Foundation – 1 မှာ
စကားလုံး ၁၅၀၀ လောက်ကို အပိုင်ရအောင်
သင်ပေး ကျင့်ပေးမှာဖြစ်ပြီး

Foundation – 2 မှာ
စကားလုံး ၂၅၀၀ – ၃၀၀၀ လောက်ကို အပိုင်ရအောင်
သင်ပေး ကျင့်ပေးမှာပါ ။

အဲ့ဒီ စကားလုံးတွေကို ကြုံသလို သင်မှာမဟုတ်ပါဘူး ။
နိုင်ငံတကာက သုတေသန တွေ အရ
( စနစ်တကျ ထုတ်နှုတ်ထားတဲ့ )
အသုံး အများဆုံး ၊ အတွေ့ရ အများဆုံးတွေကို
ဦးစားပေး သင်ပေးသွားမှာပါ ။
ခု တွဲတင်ပေးလိုက်တဲ့ Video ကို ကြည့်လိုက်ရင်
အဲ့ဒီ စကားလုံးတွေရဲ့ အရေးပါပုံကို ပိုပြီး သိနိုင်ပါမယ် ။

အတော်များများက
Oxford / Cambridge စတာတွေက
ထုတ်ပေးထားတဲ့ Vocabulary Lists တွေကို သုံးပေမယ့်
ကျွန်တော်က Longman က ထုတ်ပေးထားတဲ့
Vocabulary list ကို သုံးပါမယ် ။
ဘာကြောင့်ဆိုတာ သင်ရင်းနဲ့မှ ပဲ ရှင်းပြပါမယ် ။
ဒီမှာရှင်းရင် စာ ပိုရှည်သွားမှာစိုးလို့ ပါ ။

စကားလုံးတိုင်းရဲ့ အသုံးအနှုန်း အကုန်တော့
သင်ပေးမှာ မဟုတ်ပါဘူး ။
အခြေခံ အဆင့်မှာ သိထား ပိုင်ထား သင့်တဲ့ အသုံးတွေကို
ဦးစားပေး သင်ပေး ကျင့်ပေးမှာပါ ။
( အသုံးအနှုန်း အကုန် သိချင်ရင်က
Dictionary မှာ သွားကြည့်ရုံပဲလေ ။
ပိုသိချင်ရင် Google မှာ ထပ်မွှေပေါ့ ။
သာမန် Dictionary တွေမှာ မပါတဲ့
အသုံးအနှုန်းတွေလည်း ရှိနိုင်တာကိုး ။ )

အဲ့လို English Dictionary တွေ
Google ( Search Engine ) တွေကို သုံးပြီး
ရှာနိုင်ဖတ်နိုင်လောက်တဲ့ အဆင့် မရောက်သေးသူတွေ ၊
ကိုယ့်ဘာသာ လေ့လာမှု မလုပ်ရဲ မလုပ်တတ်သေးသူတွေကို …
ကိုယ့်ဘာသာ လေ့လာမှု လုပ်ရဲ လုပ်တတ်သွားအောင်
အကျင့် လုပ်ပေးချင်လို့
အခြေခိုင်အောင် လုပ်ပေးချင်လို့
ဒီ Foundation သင်တန်းကို ဖွင့်တာ ဖြစ်ပါတယ် ။

📌
အခု သင်ပေးမယ့် ပုံစံအရ
စကားလုံး ၁၅၀၀ လောက်
တကယ် ပိုင်နိုင်အောင် လေ့ကျင့်ထားလိုက်ရင်
အသုံးအနှုန်း ၄၅၀၀ ကနေ ၇၅၀၀ လောက်ထိ
သိနိုင် သုံးနိုင်ဖို့ ရည်ရွယ်ပါတယ် ။
စကားလုံး ၁ လုံးကို အသုံးအနှုန်း ၃-၄-၅ မျိုး နဲ့
ပျမ်းမျှ တွက်ပြတာပါ ။

( စကားလုံး ၁ လုံးတိုင်းကို
Dictionary ကောင်းတွေမှာ ပါသလောက်
အသုံးအနှုန်း အကုန် သင်လိုက်ရင်လည်း
အခြေခံ အဆင့်မှာ ရူးထွက်သွားနိုင်တယ် 😀
ဥပမာ – ” like ” တစ်လုံးတည်း ကိုတင်
အသုံး အနှုန်း ၂၀ ကနေ ၅၀-၁၀၀ လောက် အထိ
ချဲ့သင်လို့ ရတာကိုး ။

📌
ဒီ Foundation သင်ရိုးမှာ …
အခြေခံ စာကြောင်း တည်ဆောက်ပုံ ၆ မျိုး ကနေ
အမျိုး ၃၀ လောက်ကို ပွားယူတတ်အောင်လည်း
သင်ပေးပါမယ် ။
ဒီတော့ တကယ်လိုက်ကြိုးစားရင်
စကားလုံး ၁၅၀၀ လောက် အသုံးချပြီး
စာကြောင်းပေါင်း သောင်းချီ ရေးနိုင် ပြောနိုင်သွားပါလိမ့်မယ် ။

တကယ် လိုက်ကြိုးစားဖို့တော့ လိုပါတယ် ။
သင်ခန်းစာ Videos တွေ ဝင် ဝင် ကြည့်နေရုံပဲ ရှိပြီး
တကယ် လိုက် ပြော လိုက် ရေး မကျင့်ဖြစ်ရင်တော့
ထိုက်သင့်သလောက် မရနိုင်ဘူးပေါ့ဗျာ ။

📌
Speaking လိုက် လေ့ကျင့်မယ်ဆို လေ့ကျင့်လို့ရအောင်
စီစဉ် သင်ပေးသွားမှာပါ ။
ဒါပေမယ့် ကျွန်တော်က လူအများကို
ဈေးသက်သက်သာသာနဲ့ စနစ်တကျ သင်ပေးလို့ရတဲ့
စနစ်ကောင်းတစ်ခုကို တည်ဆောက်ဖို့ အားသန်တာမို့လို့
တစ်ဦးချင်း ကို အပြန်အလှန်
တစ်ယောက်ချင်း စကားပြောပေး ၊
သီးသန့် စာစစ်ပေးတာမျိုးတော့ လုပ်ပေးမှာ မဟုတ်ပါဘူး ။
အဲ့လို တစ်ဦးချင်း ဂရုစိုက်ခံရတာမျိုးမှ ကြိုက်တယ်ဆိုရင်
ဒီသင်တန်းနဲ့ လုံးဝ မကိုက်ပါဘူး ။

ဖြေပြီးတာနဲ့ မှန် ၊ မှား တန်းသိရမယ့်
နည်းပညာ မျိုး သုံးထားတဲ့ လေ့ကျင့်ခန်းမျိုးတွေ ၊
စံ အဖြေ တစ်မျိုးတည်း ရှိနိုင်တဲ့ မေးခွန်းမျိုးတွေ နဲ့
ဦးစားပေး လေ့ကျင့် စစ်ဆေးပေးမှာပါ ။

ကိုယ်ပိုင် အဖြေ လွတ်လွတ်လပ်လပ် ပေးလို့ရတဲ့
လေ့ကျင့်ခန်းမျိုးမှာတော့
တစ်ယောက်ချင်းကို အမှားလိုက်စစ်ပြီး ပြန်ပြင်ပေးတာမျိုး လုပ်မပေးပဲ
အများစု ဘာတွေမှားလေ့ရှိတယ် ၊
ဘာတွေ သတိထားပါဆိုတာမျိုးပဲ
ခြုံငုံပြီး ပြန် သုံးသပ် သင်ကြားပေးမှာပါ ။
အဲ့ဒီ သုံးသပ်ချက်တွေ ကို
တကယ် သေချာလိုက်လုပ်မယ်ဆိုရင်
နောင် ကိုယ်ရေးတဲ့စာ မှန်မမှန် သူများကို
သိပ် အားကိုးနေစရာမလိုပဲ
ကိုယ့်ဘာသာပြန်စစ်တတ်လာပါလိမ့်မယ် ။

📌
အင်္ဂလိပ် ဘာသာစကားနဲ့ ပတ်သက်ပြီး
ကျွန်တော်ကိုယ်တိုင်လည်း
ကိုယ့်ဘာသာ လေ့လာခဲ့ရတာ ၊ သုံးသပ်ခဲ့ရတာတွေ များလို့
ကျွန်တော့် သင်တန်းသားတွေကိုလည်း
ဒီပုံစံ အတိုင်း လမ်းကြောင်း ပေးချင်တာပါ ။
( အဲ့လို ကိုယ့်ဘာသာ လေ့လာနိုင်တဲ့ အဆင့်ရောက်အောင်
ကျွန်တော်တို့ကို လမ်းကြောင်းပေးခဲ့တဲ့
ရှေ့က ဆရာတွေရဲ့ ကျေးဇူးပေါ့ဗျာ ။
ကျွန်တော်တို့က ဒါကို လက်ဆင့် ပြန်ကမ်းတာပါပဲ ။ )

❗️❗️❗️
တစ်ခုတော့ ကြို သတိပေးပါမယ် ။
ကိုယ် လိုအပ်နေတာကိုတောင်
ရအောင် မယူချင်တဲ့ အပျင်းစိတ် ၊
အားမစိုက်ပဲ အချောင်လိုချင်စိတ် ၊
အရည်အချင်း မရှိသေးပဲ
အလကားနေရင်း အမြှောက်ခံချင်စိတ် < စတဲ့
စိတ် ၃ စိတ် ရှိရင်တော့
ကျွန်တော်နဲ့ ကိုက်မယ် မထင်ပါဘူး ။

ကျွန်တော်က ပျင်းတာကို မမုန်းပါဘူး ။
( ကျွန်တော်ကိုယ်တိုင်လည်း ပျင်းတတ်ပါတယ် )
ဒါပေမယ့် ပျင်းလျက်နဲ့
အချောင်လိုချင်စိတ် များနေတာမျိုး တွေ့ရင်တော့ မုန်းပါတယ် ။
ပျင်းရင် ပျင်းတာနဲ့ တန်တာပဲ ရမယ်ဆိုတာကို
လက်ခံထားနိုင်ဖို့ အရေးကြီးပါတယ် ။

အဲ့လိုပဲ အလကားနေရင်း
သူများ ပါးစပ်ဖျားမှာ လမ်းဆုံးနေ ရတတ်တဲ့
အမြှောက်ကြိုက်တွေဆိုလည်း ကျွန်တော်နဲ့ မကိုက်ပါဘူး ။
ကျွန်တော်က လူတစ်ယောက်ကို
ဟန်ဆောင် မြှောက်ပေးရတာကို မကြိုက်လို့ပါ ။
နောက်တစ်ချက်က
အဲ့လို အပေါ်ယံ ဟန်ဆောင်မြှောက်ပေးခံရတာဟာ
သူ့အတွက် ရေရှည်မှာ
ကောင်းကျိုးထက် ဆိုးကျိုးကတောင် များနိုင်သေးတယ်လို့
ကျွန်တော်က ယူဆလို့ပါ ။
သူ့အတွက် ရေရှည်အကျိုးရှိဖို့ ဆူသင့်တာဆူ ၊
အပြတ်ပြောသင့်တာ ပြောရမယ်လို့ပဲ
ကျွန်တော်က ခံယူတာမို့လို့ပါ ။

📌
ကျွန်တော့် သင်တန်းတိုင်း ရဲ့ ထုံးစံအတိုင်းပဲ စိတ်မာဖို့ ၊
လေ့လာသူကောင်း တစ်ယောက်ဖြစ်ဖို့
လိုအပ်တဲ့ စိတ်နေစိတ်ထား ခံယူချက်တွေရှိဖို့
Personal Development
( ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး ၊
စိတ် ခွန်အားတက်ရေး ) နဲ့
ပတ်သက်တာ တစ်ချို့ ဖြည့်သင်ပေးပါမယ် ။

အင်္ဂလိပ် စာ မှ မဟုတ်ဘူး ။
ဘယ် အရာမဆို စနစ်တကျ ပန်းတိုင်ချပြီး စဉ်းစားမယ်ဆို
ရဖို့ ပိုပြီး နီးစပ်နိုင်တာမို့လို့
Goal Setting ( ပန်းတိုင် ချမှတ်နည်း ) လည်း
ပြန် ထည့်သင်ပေးမှာပါပဲ ။
Active Grammar တန်းမှာ သင်ခံရဖူးပြီးပြီဆိုရင်တော့
နှစ်ထပ် ရှိ ပို မှတ်မိတာပေါ့ဗျာ 😇

အွန်လိုင်း သင်တန်းတက်တာဆိုတော့
အချိန်ကို ကောင်းကောင်း စီမံတတ်ဖို့လည်း လိုပါတယ် ။
ဒီတော့ Time Management လည်း ထည့်သင်ပါမယ် ။

📌
လေ့လာသူ အမျိုးမျိုး ရဲ့ အားသာချက် အားနည်းချက်တွေ ရှင်းပြပါမယ် ။
ကိုယ်က ဘယ်လို လေ့လာသူ အမျိုးအစားလဲ ဆိုတာ သိရင်
ဘယ် ဘာသာရပ်မှာမဆို ပိုပြီး ထိထိရောက်ရောက်
လေ့လာနိုင်ပါလိမ့်မယ် ။

အင်္ဂလိပ် ဘာသာစကားလေ့လာနည်း အမျိုးမျိုးကို ဆွေးနွေးပေးပြီး
ကိုယ်နဲ့ ကိုက်ညီတဲ့ လေ့လာနည်းကို
ရွေးတတ်အောင်လည်း သင်ပေးပါမယ် ။

ဆရာလွတ် လေ့လာရာမှာ အသုံးပြုသင့်တဲ့ စာအုပ်တွေ ၊
Software , Mobile Apps , Websites တွေလည်း
ညွှန်ပေးပါမယ် ။
တကယ် လိုက် စမ်း သုံးဖို့ အရေးကြီးပါးတယ် ။
မဟုတ်ရင် လူ ဆရာကို မှီခိုနေရတဲ့ ဘဝက
လွတ်မှာမဟုတ်ပါဘူး ။

လူဆရာ ဆိုတာက အချိန် အကန့်အသတ် ၊
လုပ်အား အကန့်အသတ် ရှိပါတယ် ။
ကိုယ်လိုတဲ့ အချိန်တိုင်းမှာ သူက ရှိနေနိုင်မှာ မဟုတ်ပါဘူး ။
ဒါကြောင့် လူ ဆရာထက်
စာအုပ် တွေ ၊ Software , Mobile Apps ,
Websites တွေ ကို ပိုပြီး အားကိုးကျင့် ရသွားဖို့လိုပါတယ် ။
( ဒါတွေကလည်း လူဆရာတွေရဲ့ ကိုယ်ပွားတွေလိုပဲလေ ။ )

📌
အပြင်မှာ လက်တွေ့ အသုံးချနိုင်မယ့်
အကြောင်းအရာပေါင်း ၂၀ လောက် သင်ပေးသွားပါမယ် ။
နှုက်ဆက် ၊ မိတ်ဆက်တာ ၊ ကိုယ့် အကြောင်း ပြောတာ ၊
ကိုယ့် ဝါသနာ နဲ့ စိတ်ဝင်စားတဲ့ အကြောင်းအရာ အကြောင်း ပြောတာ ၊
ဈေးဝယ်တာ ၊ ခရီးသွားတာ ၊
လမ်းမေး / လမ်းညွှန်တာ ၊
အကူအညီ / အကြံဉာဏ် တောင်းတာ / ပေးတာ ၊
ကိုယ့်ရည်မှန်းချက်တွေ အကြောင်းပြောတာ
စသဖြင့်ပေါ့ဗျာ ။

📌
Tenses ၁၂ မျိုး မှာမှ
အသုံးအများဆုံး Tenses ၅ မျိုးကိုပဲ အဓိက သင်ပါမယ် ။
Tense ၁၂ မျိုးကိုပျမ်းမျှတော့ ရှင်းပြမှာ ဖြစ်ပေမယ့်
Tense တစ်ခုချင်း အသေးစိတ်ကိုတော့
အသုံးအများဆုံး Tense ၅ ခု ကိုပဲ
သင်ပေး လေ့ကျင့်ပေးမယ်လို့ ဆိုလိုတာပါ
( Tense တစ်ခုမှာ အသုံးက ၄-၅ မျိုး သင်ပေးမှာပါ ။
ဥပမာ –
👉 Present Tense ပုံစံကို Future မှာ သုံးလို့ရတာတွေ
👉 Present Continuous ပုံစံပေမယ့်
Future မှာ သုံးလေ့ရှိတာတွေ
👉 Always ပါပေမယ့် Past Tense ဖြစ်နေနိုင်တာမျိုးတွေ
ထည့် သင်ပေး ကျင့်ပေးမှာပါ 😇 )

အဲ့လိုပဲ စာကြောင်း တည်ဆောက်ပုံတွေ သင်မှာဆိုတော့
8 Parts of Speech ကိုလည်း
အခြေခံနဲ့ သင့်သလောက်တော့ညှပ်သင်ပေးရမှာပါပဲ 😇

📌
သင်တန်းကာလ က ၃ လ ဖြစ်ပေမယ့်
သင်ခန်းစာတွေကို တစ်သက်လုံး ကြည့်လို့ ရအောင်
စီစဉ် ပေးထားမှာပါ ။
သင်တန်းပျက်တာ / နောက်ကျတာ ပူစရာ မလိုပါဘူး ။
အကြိမ်ကြိမ် ပြန်လေ့လာလေ့ကျင့်ခွင့် ပေးထားမှာပါ 😇

📌
သင်တန်းကြေးကိုလည်း
လူအများတက်နိုင်စေဖို့ ရည်ရွယ်တာမို့လို့
❗️ ၃ သောင်း ❗️ပဲ သတ်မှတ်ထားပါတယ် ။

တွဲပြီး လေ့လာလေ့ကျင့်မယ့် သူ ရှိစေချင်လို့ ….
နှစ်ယောက်တွဲ အပ်ရင် ( ဒါမှမဟုတ် )
Foundation 1,2 နှစ်တန်းလုံးကို
တစ်ခါတည်း ကြိုအပ်မယ်ဆိုရင်တော့
သင်တန်းကြေး ၆ သောင်းအစား
၅ သောင်းပဲ ပေးရပါမယ် ။
( ၁ သောင်း လျှော့ပေးထားတာပေါ့ဗျာ )

တစ်ခု သတိထားဖို့က
Foundation 1 ပြီးမှပဲ Foundation 2 တက်ခွင့်ရမှာပါ ။
တပြိုင်တည်း တက်ခွင့်မရှိပါဘူး ။
ကြိုအပ်ထားလို့တော့ရပါတယ် 😇

📌
Video သင်ခန်းစာ ခပ်များများနဲ့ သင်မှာမို့လို့
အသံထွက်တွေကို Listening လေ့ကျင့်ရင်း
တစ်ခါတည်း လိုက်လေ့ကျင့်သွားနိုင်မှာပါ ။

စာဖတ်နာလေ … ဗဟုသုတများလေ ….
ဘဝမှာ ပို အဆင်ပြေလေ ဆိုတော့
စာဖတ်ကျင့်ကတော့ ရှိကို ရှိသင့်တာမို့
Reading လေ့ကျင့်ခန်းတစ်ချို့လည်း မပါမဖြစ် ပေါ့ဗျာ 😇

📌
ကျွန်တော်က Live Videos တွေ /
Messenger Video Call တွေနဲ့ သင်လေ့မရှိပါဘူး ။
အဲ့ဒါတွေရဲ့ အရည်အသွေး ကို သိပ်မကြိုက်လို့ပါ ။
ကွန်နက်ရှင် ကလည်း မမှန်ဘူးလေ 😅

သေချာ ရိုက်ပြီး Edit လုပ် /
လိုအပ်တဲ့ နေရာတွေမှာ စာတန်းထိုး ပေးထားတဲ့
Video ပုံစံမျိုးတွေနဲ့ပဲ အဓိက သင်သွားမှာပါ 😇

📌
အချင်းချင်း လေ့ကျင့်လို့ ရအောင်
Chat Groups တွေ ဖွဲ့ပေးထားမှာ ဖြစ်ပြီး
ကျင့်ဖြစ်မဖြစ်ကတော့
ကိုယ်တိုင် နဲ့ ကိုယ့် အဖွဲ့သားတွေရဲ့
အချိန်ပေးနိုင်မှုအပေါ် မူတည်ပါလိမ့်မယ် ။
အွန်လိုင်းသင်တန်းဆိုတော့ အပြင်မှာ လာတက်သလိုတော့
မဖြစ်မနေ လေ့ကျင့်ခိုင်းလို့ အဆင်မပြေဘူးကိုး 😇

📌
Foundation -2 မှာက အပေါ်မှာ ပြောထားသလို
စကားလုံးတွေ / အသုံးအနှုန်းတွေ ပို များလာမယ့် အပြင်
နည်းနည်း ပိုရှုပ်ထွေးတဲ့ စာကြောင်း တည်ဆောက်ပုံတွေ
လေ့လာ လေ့ကျင့်ရမှာ ဖြစ်ပါတယ် ။

အသံဖိုင် Video ဖိုင်တွေကလည်း
Foundation – 1 တုန်းကထက်
နည်းနည်း ပို သွက် ပိုမြန်လာမှာပေါ့ဗျာ ။
Tense ဆိုရင်လည်း ချွင်းချက်သဘော /
ထူးခြား ဖြစ်စဉ် သဘောလေးတွေကို ထည့်ပြီး
ရှင်းပြ လေ့ကျင့်ပေးသွားမှာပါ 😇

📌
နားထောင် လိုက်မှတ်နေရရုံမျိုးမဟုတ်ပဲ
ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် လေ့ကျင့်နေရသလို
ဖန်တီးပေးထားတဲ့
လေ့ကျင့်ရေး Videos တွေလည်း ပါဦးမှာပါ ။

ကျွန်တော် သုံးနေကျ LPE စနစ်အတိုင်း
👉 တစ်ချို့ သင်ခန်းစာတွေက Learn လုပ်ဖို့ /
👉 တစ်ချို့က Practice ပါ လိုက်လုပ်နိုင်ဖို့ /
👉 တစ်ချို့ Videos တွေကတော့
ထိတွေ့မှု Exposure ရဖို့ ဆိုတဲ့ သဘောမျိုးနဲ့ပဲ သွားမှာပါ ။

LPE System အကြောင်း အသေးစိတ်ကို
ALC သင်တန်း Video မှာ ရှင်းပြထားပြီးသားမို့
ဒီမှာ အသေးစိတ်မရှင်းတော့ပါဘူး ။
မကြည့်ရသေးလို့ ကြည့်ချင်ရင်
Post အောက် မှာ တောင်းယူခဲ့နိုင်ပါတယ် 😇

❓❓❓
သင်ပေးတဲ့ သင်ခန်းစာနဲ့ ပတ်သက်လို့ မရှင်းလင်းတာ ၊
ဆက်စပ်သိချင်တာ တွေရှိရင် မေးထားခဲ့နိုင်ပါတယ် ။
ချက်ချင်း ဖြေပေးတာမျိုး မဟုတ်ပဲ
မေးခွန်းတွေကို စုထားပြီးမှ အမေးများတာတွေ ၊
အရေးကြီးတာတွေကို ဦးစားပေးပြီး ဖြေပေးတဲ့ စနစ်မျိုးနဲ့ ဖြေပေးသွားမှာပါ ။

( လူအများကို သင်ပေးတဲ့ အတန်းမျိုးဖြစ်တဲ့အတွက်
မေးသမျှ မေးခွန်းတိုင်းကို အချိန်တိုင်း ဖြေပေးပါမယ်
လို့ တော့ အာလူး မကှေးခငွပြါဘူး ။

အင်္ဂလိပ်စာ အခြေခံကောင်းဖို့ လုပ်ချင်တာ မဟုတ်ပဲ
ကိုယ် ပြောချင်တာ အကုန် ၊
မေးသမျှ အကုန် ဖြေပေးစေချင်တာဆိုရင်တော့
စကားပြန် ငှားထားလိုက်တာ ပို အဆင်ပြေမယ်လို့
ကျွန်တော် ကတော့ ယူဆပါတယ် ။
Professional စကားပြန် တွေက
တစ်ရက်ကို အနည်းဆုံး ဒေါ်လာ တစ် ရာ လောက်တော့ ပေးရနိုင်ပါတယ် ။

ကျွန်တော်က အပြင်မှာလည်း သင်တန်းတွေရှိနေတော့
အားတဲ့ အဆင်ပြေတဲ့ အချိန်မှပဲ ဖြေပေးနိုင်မှာပါ ။
ကျွန်တော့်သင်တန်းသားတွေကို သင်ပေးနေကျအတိုင်း
ထိရောက်သော စာမေးနည်း ဆိုတဲ့ အတိုင်း မေးမှ
ဖြေပေးမှာပါ ။

အပေါ်မှာ ပြောထားသလို
ကိုယ့်အားကိုယ်ကိုး တတ်တဲ့ အကျင့်ကို
မရ ရအောင် မွေးယူပေးမှာမို့လို့လည်း ပါပါတယ် ။
မေးသမျှ ဒိုင်ခံဖြေပေးနိုင်ဖို့ထက်
အင်္ဂလိပ်စာ အခြေခံ ခိုင်သွားဖို့ကိုပဲ
ကျွန်တော် အာရုံစိုက် အချိန်ပေးပါမယ် ။

ကျွန်တော့် စနစ် အတိုင်း သေချာလိုက်လုပ်ရင် ၊
ကျွန်တော်ပြောတဲ့ အကိုးအကားတွေကို
ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာပြီဆိုရင်
သူများကို လိုက်မေးနေရတဲ့ ဒုက္ခ
အတော်များများကနေ ကင်းသွားဖို့ ရည်ရွယ်ပါတယ် ။

📌
နောက် အရေးကြီး သတိပေးချင်တာ တစ်ခုက
👉 အင်္ဂလိပ် စကားကို
အိတ်သွန် ဖာမှောက် အကုန် တတ်ချင်တာ 👈 ဆိုတဲ့
ပေါက်ကရ ရည်မှန်းချက်တွေ ၊
လက်တွေ့ မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေ လျှောက်မထားဖို့
ကြိုသတိပေးပါရစေ ။

ရှိသမျှ စကား အကုန် တတ်သွားဖို့ဆိုတာ
ကျွန်တော်တို့လို မြန်မာတွေ မပြောနဲ့ ၊
မွေးကတည်းက အင်္ဂလိပ်လို ပြောပြီး ကြီးလာတဲ့ လူမျိုးတွေမှာတောင်
ရှိသမျှ စကား အကုန် တတ်သွားတယ်ဆိုတာ မရှိပါဘူး ။

အင်္ဂလိပ် စကားလုံးပေါင်း သန်းကျော် နေပြီဖြစ်ပြီး
ပျမ်းမျှအားဖြင့် ၁ နှစ်ကို
စကားလုံး / အသုံးအနှုန်းပေါင်း တစ်ထောင် လောက် ထပ် တိုးနေတာမို့ပါ ။

ဒါကြောင့် အကုန်တတ်အောင်တော့
ကျွန်တော် မသင်ပေးတတ်ပါဘူး ။
လိုချင် သိချင်တာတွေကို လွယ်လွယ်ကူကူ
ရဲရဲရင့်ရင့် ရှာဖွေ လေ့လာ နားလည်နိုင်စွမ်းရှိအောင်ပဲ
ကျွန်တော် ကူညီ လမ်းပြပေးနိုင်တယ်ဆိုတာ
ပြတ်ပြတ်သားသား ပြောထားပါရစေ 😇

❗️❗️❗️
စာလည်း အတော် ရှည်နေပြီဆိုတော့
အရေးကြီးတာလေး ထပ်ပြောပါမယ် 😇

ဒီ Foundation သင်တန်း ၂ ခု ပြီးသွားရင်
👉 ကိုယ့် အင်္ဂလိပ်စာ အခြေအနေ ဆိုးလွန်းလို့
လူကြားထဲ အင်္ဂလိပ်လို ဖတ်ရ ပြောရမှာမျိုး ကြုံလာမှာကို
အကြောက်လွန်နေမိတာ ၊
👉 အင်္ဂလိပ်စာ စ လေ့လာဖို့တောင်
လူသိ မခံရဲ ဖြစ်နေတာ ၊
👉 ဘယ် သင်တန်းကိုမှ ဝင် မတက်ရဲ ဖြစ်နေတာတွေ
ပျောက်သွားစေဖို့
ကျွန်တော့်ဘက်က သေချာ သင်ပေးသွားပါ့မယ် ။

သင်တန်းသားဘက်ကလည်း
❗️နှေးရင်သာ နှေးမယ် ၊
ဘယ်တော့မှ နောက်မဆုတ်ဘူး ❗️ ဆိုတဲ့ စိတ်မျိုးနဲ့
ကျွန်တော် သင်ပေးတဲ့ အတိုင်း
သေချာ လိုက်လုပ်မယ်ဆိုရင်တော့
သေချာပေါက် အဆင်ပြေသွားပါလိမ့်မယ် ။

သင်တန်းကာလ ( Level တစ်ခုကို )
၃ လ ကြာမြင့်မှာ ဖြစ်ပြီး
သင်တန်းကြေး ၃ သောင်း ဖြစ်ပါတယ် ။
သင်ခန်းစာတွေကို တစ်သက်လုံး ပြန်ကြည့်ခွင့်
လေ့လာလေ့ကျင့်ခွင့် ပေးထားမှာပါ 😇

ခုလောက်ဆိုရင်တော့ သင်တန်းအကြောင်း
အတန်အသင့် စုံလောက်ပြီ ထင်ပါတယ် ။
တခြား သိချင်တာ ရှိရင်လည်း မေးခဲ့နိုင်ပါတယ် ။

☎️ 09-4010-91-800
☎️ 09-4010-91-900

🎁
သင်တန်းမတက်ဖြစ်သေးလည်း
လေ့လာနည်း ဆောင်းပါး တစ်ချို့နဲ့
Video သင်ခန်းစာ တစ်ချို့ကို
အခမဲ့ လေ့လာချင်ရင်
စာပို့ တောင်းဆိုထားနိုင်ပါတယ်ဗျာ 😇

ဒီလင့် 👉 https://m.me/activeenglishmyanmar ကို
နှိပ်ပြီး စာပို့နိုင်ပါတယ် 😇

အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ
ရယူ ပိုင်ဆိုင်နိုင်ကြပါစေဗျာ 😇

စေတနာဖြင့်
#ကိုဇင်ဇေ

📌
ကျန်းမာရေးနဲ့ ပတ်သက်လို့
စိတ်ချရတဲ့ အနေအထား ပြန်ရောက်ပြီဆိုရင်တော့
အွန်လိုင်းမှာ သင်ရတာ အားမရလို့
အပြင်မှာ လာသင်ချင်တယ်ဆိုရင်လည်း ရပါတယ် ။
ကျွန်တော်တို့က ၂၀၁၃ ကတည်းက
တာမွေမှာ သင်တန်း ဖွင့်လာခဲ့တာပါ 😇

အောက်က ဖုန်း/လိပ်စာအတိုင်း
ဆက်သွယ်နိုင်ပါတယ်ဗျာ 😇

👉 တာမွေ
☎️ 09-26-100-8186 / 09-2522-74890

👉 သင်္ဃန်းကျွန်း
☎️ 09-4011-800-40 / 09-4011-800-50
တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် 😇

သင်တန်းလိပ်စာ 👉
📌 တာမွေ – အမှတ် ( ၂၈ ) ၊ ၁၆၇ လမ်း ၊
တာမွေအဝိုင်းထိပ်အနီး ၊
📌 သင်္ဃန်းကျွန်း – အမှတ် ( B1-9/10 ) ၊
မလိခအိမ်ယာ ( ရတနာအိမ်ယာ မျက်နှာချင်းဆိုင်

 

ကိုဇင်ဇေ

ကြယ်ငါးကောက်သူတစ်ယောက်မျှသာ

Zin Zae

Zin Zae

Founder

တစ်ခါမှာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ် ကယ်တင်ပေးလိုက်တာဟာ ပင်လယ်ကမ်းခြေ တစ်လျှောက်လုံးမှာ တင်ရှိနေသမျှ ကြယ်ငါးတွေအားလုံးကို ကယ်နိုင်တာမဟုတ်လို့ ဘာမှ မထူးခြားသွားပါဘူးလို့ ပြောနိုင်ပေမယ့် အကယ်ခံလိုက်ရတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သိပ်ကို ထူးခြားသွားတာပဲ မဟုတ်လားဗျာ။ အဲ့လို စိတ်လေးထားပြီး ကြယ်ငါးလေးတွေကို ပုံမှန် ကယ်ပေးနေရင် ကြယ်ငါးကောက်ပြီး ကယ်ပေးသူတွေ ပိုပြီး များ များလာရင် ကျွန်တော်တို့ ကောက်ယူ ကယ်ဆယ်နိုင်လိုက်တဲ့ ကြယ်ငါးလေးပေါင်းများစွာ ရှိလာဖို့ ရည်ရွယ်ပါတယ်

Ko Zin Zae

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေ အဝိုင်းထိပ် အနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

09250005174

Pin It on Pinterest

Share This