fbpx

Online – Grammar Foundation Class

နာရီ ၂၀ ကျော်စာ Video သင်ခန်းစာတွေ အပြင်
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး ဗဟုသုတတွေပါ ပါဝင်ပြီး
အချိန် ၊ နေရာမရွေးလေ့လာနိုင်တဲ့ အွန်လိုင်း သဒ္ဒါ သင်တန်း 😇

သင်တန်းတက်ဖို့ စိတ်ဝင်စားတယ်ဆို
ဒီ Post ကို အစအဆုံးဖတ်ကြည့်စေချင်ပါတယ် 😇

❗️❗️❗️
ကျွန်တော် ( ကိုဇင်ဇေ ) တစ်ယောက်တည်း သင်မယ့်
Active Grammar လို့ ခေါ်တဲ့
အင်္ဂလိပ် ဘာသာစကား ဆိုင်ရာ
အွန်လိုင်း သင်တန်း လေး တစ်ခု စီစဉ်ဖွင့်လှစ်ပေးထားပါတယ် ။ 📚

ဒီ အွန်လိုင်း သဒ္ဒါ သင်တန်းဟာ
အင်္ဂလိပ် လို အတန် အသင့်
ရေးဖတ်ပြောဆိုနိုင်သူတွေ အတွက် မဟုတ်ပဲ
( တစ်ချို့ ဆယ်တန်းအောင် ၊ ဘွဲ့ရဖြစ်နေပေမယ့် )
အခြေမခိုင်လို့ ဘယ်ရောက်ရောက် ကျောမလုံသလို
ခံစားနေရတဲ့လူတွေအတွက်
ဦးစားပေး စီစဉ် ပေးတဲ့ သင်တန်း ဖြစ်ပါတယ် ။ 😇

👉 သဒ္ဒါ အခြေခံ အထိ ပြန်ဆင်းပြီး
အသုံးအများဆုံး စကားလုံး
၂၈၀၀ – ၃၀၀၀ ပေါ်မှာ အခြေပြန်တည်ပြီး
ကိုယ့်စိတ်ထဲမှာ ရှိတဲ့ အကြောင်းအရာတွေကို
အရိုးရှင်းဆုံး စာကြောင်းလေးတွေနဲ့
ယုံကြည်မှု ရှိရှိ မှန်မှန်ကန်ကန် ပြောဆိုရေးသားနိုင်ဖို့
ရည်ရွယ် သင်ကြားပေးမှာ ပါ ။

👉 သဒ္ဒါ ဆိုတာက သိပြီး တတ်ပြီးသူတွေ အနေနဲ့သာ
ဘာမှ သိပ် အရေးမပါတော့သလို
စိတ်ထဲ ထင်နေရစေပေမယ့်
အခြေမခိုင်ခဲ့သူတစ်ယောက် အတွက်ဆိုရင်
ဘာသာစကား လေ့လာရာ လမ်းခရီးမှာ
အမြဲ စိတ်မလုံအောင် ဒုက္ခ လိုက်လိုက်ပေးတတ်ပါတယ် ။
ဒီလိုလူတွေကို အခြေခိုင်သွားအောင် လုပ်ပေးချင်လို့
ဒီ အွန်လိုင်းသင်တန်းလေး စီစဉ်ပေးတာပါ 😇

📌
အွန်လိုင်း သင်တန်း ဆိုတော့ အပြင်မှာနဲ့ ယှဉ်လိုက်ရင်
အားနည်းတာတွေ ရှိသလို
အားသာတာတွေလည်း ရှိပါမယ် ။

👉 အားနည်းချက်တွေက
အပြင်မှာလို ဆရာနဲ့ ချက်ချင်း
မြန်မြန် ၊ များများ လေ့ကျင့်လို့ မရဘူး ။
မရှင်းတာ လက်ထောင်ပြီး မေးလို့မရဘူး ။
ကိုယ့်ဘေးမှာ လေ့ကျင့်ဖော်တွေ မရှိဘူး ။
အာရုံစိုက်စိုက် မစိုက်စိုက် အတန်းထဲရောက်လာရင်တော့
မဖြစ်မနေ စာ လုပ်နေမှ ရမယ်ဆိုတဲ့
ဖိအားကောင်းမျိုး မရှိဘူး ။

👉 အားသာချက်တွေကတော့
အပြင် သင်တန်းတက်သလို
သွားဖို့လာဖို့ အချိန် ၊ ငွေ မကုန်ဘူး ။

ကိုယ့်ဘေးကလူလောက် ကိုယ်က စာမရလို့
👉 အားငယ်ရတာမျိုး သိပ်မဖြစ်နိုင်ဘူး ။

သင်ခန်းစာ တစ်ခုကို ထပ်တလဲလဲ
👉 အကြိမ်ပေါင်းများစွာ ပြန် နားထောင်လို့ရမယ် ။

လေ့ကျင့်ခန်းတွေ ဖြေတဲ့အခါ
( နည်းပညာ ကို အခြေခံပြီး မေးရ ဖြေရတဲ့ စနစ်ကြောင့် )
👉 ကိုယ် တကယ် ရလား မရလား ဆိုတာ
ပြတ်ပြတ်သားသား သိရမယ် ။
( အပြင်မှာက တစ်ခါတလေ
အများနဲ့ ဝါးချလို့ ရနေတတ်တယ် ) စသဖြင့်ပေါ့လေ ။

👉 ကျွန်တော် သင်ပေးတာကို နားမလည်တာ ၊ မရှင်းတာရှိခဲ့ရင်လည်း
အပြင်မှာလို ချက်ချင်းတော့ မေးလို့ ဖြေလို့ မရပေမယ့်
ကွန်းမန့်ပေးတာပဲ ဖြစ်ဖြစ်
ပို့ပြီးပဲ ဖြစ်ဖြစ် မေးထားလို့ရပါတယ် ။
ကျွန်တော် အချိန်ရတဲ့ အခါ ပြန်ဖြေပေးသွားမှာပါ ။
( ကျွန်တော် က ကိုယ့် သင်တန်းသားတွေကို
ကိုယ့်အားကိုယ်ကိုးနိုင်အောင် လမ်းကြောင်းပေးမှာဆိုတော့
ကျွန်တော် မှာထားသလို စနစ်တကျလေးတော့ မေးမှရမယ် ။
ဘယ်လို မေးရမယ် ဆိုတာ သင်တန်းထဲမှာ
ကျွန်တော် အသေးစိတ် ရှင်းပြပါ့မယ် ။

ဒီတော့ အွန်လိုင်းသင်တန်း တက်မလား ?
အပြင်သင်တန်း တက်မလား ? ဆိုတာကို
အေးအေးဆေးဆေး စဉ်းစား ရွေးချယ်စေချင်ပါတယ် ။ 😉

📌
ကျွန်တော့် ကို ၊ ကျွန်တော့် သင်တန်းကို
ဒီစာဖတ်ဖူးမှ စသိတဲ့လူတွေကိုတော့
အခု ဒီ အွန်လိုင်းသင်တန်းကို
ချက်ချင်း တန်းပြီး မတက်စေချင်ဘူး ။

ကျွန်တော့် Active English သင်တန်း Page မှာ
👉 ကျွန်တော်ရေးထားတဲ့ ဆောင်းပါးလေးတွေ ၊
👉 အခမဲ့ သင်ပေး မျှဝေပေးထားတဲ့
သင်ခန်းစာလေးတွေ ကို အရင်လိုက်ဖတ်လိုက်ပြီး …
ကျွန်တော့် စိတ်နေစိတ်ထား ၊
ပြောဟန် ဆိုဟန်ကို လေ့လာပြီးမှ
ဒီ အွန်လိုင်း သင်တန်းမျိုး ကို တက် စေချင်ပါတယ် ။ 😇

ကျွန်တော် ရေးပေးခဲ့ဖူးတဲ့ ဆောင်းပါး အချို့ ကို ဖတ်ကြည့်ချင်ရင်
Page ရဲ့ Message Box
( https://m.me/activeenglishmyanmar ) ကို
Article လို့ စာပို့ထားလိုက်ပါ …
ပို့ပေးလိုက်ပါ့မယ် … 😇

( ကျွန်တော်က တပည့်တွေကို ချော့ပေါင်းတတ်တဲ့ ၊
ဟုတ်ဟုတ် မဟုတ်ဟုတ် စိတ်ချမ်းသာအောင်
မကြာခဏ ချီးကျူးပေးတတ်တဲ့
ဆရာမျိုးထဲ လုံးဝမပါလို့ပါ ။
👉 ကိုယ့်ဟာကိုယ် လုပ်တတ်အောင် သင်ပေးထားပြီး ၊
လုပ်ဖြစ်အောင်လည်း အမြဲ မောင်း မောင်းတင်တတ်တော့
ဆရာ့အပေါ်ကိုသာ အရမ်းမှီခိုချင်လွန်းသူတစ်ချို့ က
ကျွန်တော့် သင်ပုံနဲ့ ကိုက်မှာ မဟုတ်ပါဘူး ။
👉 တကယ့် ဘဝမှာ
တော်ရုံ အရည်အချင်းလောက်နဲ့ ချီးကျူးခံရမှာ မဟုတ်ပဲ
အဲ့လို အသိအမှတ်ပြု ခံရဖို့
အတော်လေးကို ကြိုးစား အားထုတ်ရမယ် ဆိုတဲ့
ခံယူချက် နဲ့ အလေ့အကျင့်ကို ရစေချင်လို့
တကယ် အားထုတ်ထားတယ်လို့ ယူဆရတဲ့ အချိန်မှာပဲ
ကျွန်တော်က ချီးကျူးပေးတတ်တာမျိုးပါ ။

ဒဲ့ ပြောရရင်တော့ အမှီအခို ကင်းနိုင်သမျှ ကင်းအောင် ၊
စိတ်ကို မာနိုင်သမျှ မာ လာအောင် သင်တယ်ပေါ့ဗျာ ။
ဒီတော့ ကျွန်တော်သင်တာကို
ကြိုက်တဲ့လူ တစ်ချို့လည်း အတော် ကြိုက်ပေမယ့်
မကြိုက်တဲ့လူတွေလည်း ရှိတာပါပဲ ။ )

📌
အပေါ်မှာ အစ ပြုပြောထားသလိုပဲ
ဒီသင်တန်းက သဒ္ဒါ အခြေခံကို ဦးစားပေးသွားမှာပါ ။
> ဝါစင်္ဂ ၈ မျိုး ( ဒါမှမဟုတ် ) ၉ မျိုး ကို
အခြေခံ အဆင့် ပိုင်ပိုင်နိုင်နိုင် သိသွားအောင် ၊
> အရေးကြီးတဲ့ စာကြောင်း တည်ဆောက်ပုံ နည်း စနစ်တွေ ၊
စည်းမျဉ်းတွေကို သေသေချာချာ သိသွားအောင် ၊
> အသုံး အများဆုံး Tenses တွေကို သေချာ နားလည် သဘောပေါက်သွားအောင် ၊
> အခြေခံ မခိုင်တဲ့ လေ့လာသူတွေ
အများဆုံး မှားလေ့ရှိတဲ့ အမှားတွေကို ရှောင်နိုင်အောင်
အတတ်နိုင်ဆုံး စနစ်တကျ သင်ကြား
လေ့ကျင့်ပေးသွားမှာပါ ။ 😇

❗️ သိရုံ နားလည်ရုံ သင်မှာမဟုတ်ပဲ
ကိုယ်တိုင် အသုံးချနိုင်အောင်
စာနဲ့တင် မက Audio/Video သင်ခန်းစာတွေနဲ့ ပါ
ကျင့်ပေးသွားဦးမှာမို့လို့
သေချာလိုက်ကြိုးစားတယ် ဆိုရင်
ဒီ သင်တန်းပြီးရင် အခြေခံ အတော်လေး ခိုင်သွားမယ်လို့ ယူဆပါတယ် ။
( ကျွန်တော် သင်ပေးမှာက
Videos တွေချည်းပဲကို နာရီ ၂၀ စာလောက်ရှိတာပါ )

❗️❗️❗️ သဒ္ဒါ အခြေခံ ခိုင်ပြီးသား ၊
စာကြောင်း ရှည်ရှည် လှလှပပ တွေ ရေးသားချင်လို့ ၊
အဆင့်ထပ်မြှင့်ချင်တဲ့ လူတွေအတွက် ရည်ရွယ်တဲ့
Intermediate or Advanced Grammar သင်တန်းမျိုး
လုံးဝ လုံးဝ မဟုတ်တာလေး သတိထားပေးပါ ။ ❗️❗️❗️

📌
သင်တန်းကာလ က ၂ လ ကြာပါမယ် ။
အဓိက သင်ခန်းစာတွေကို
တစ်ပတ်ကို ၃ ရက် ( တနင်္လၤာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ) သင်ပေးသွားပြီး
ကြားရက်တွေမှာ လေ့ကျင့်ခန်းတွေ ၊
ဖြည့်စွက် သင်ခန်းစာတွေ ထပ်ပြီး တင်ပေးနေမှာပါ ။

သင်တန်းကာလ အတွင်းမှာရော
သင်တန်းကာလ ပြီးသွားရင်ရော
သင်ခန်းစာအဟောင်းတွေကို
ကိုယ် အဆင်ပြေတဲ့ နေ့ / အချိန်တွေမှာ
ပြန် လေ့လာနေနိုင်မှာပါ ။
အများနဲ့ အတူ အချိန်ကိုက် လေ့လာနိုင်ရင်တော့
ပိုကောင်းတာပေါ့ဗျာ 😇

သင်ခန်းစာတွေ ကြည့်ဖို့ ၊ လေ့ကျင့်ဖို့က
Facebook Group / Messenger
ကောင်းကောင်း သုံးတတ်ရင် ရပါပြီ ။
Website နဲ့ Mobile Application တစ်ချို့ပါ
သုံးတတ်ရင်တော့
အပို ဖြည့်သင်ပေး ၊ လေ့ကျင့်ပေးတာတွေပါ ပို ရမှာပေါ့ဗျာ ။
( သိပ်ခက်တာမှ မဟုတ်တာ ၊
နည်းနည်းလေးပဲ အားစိုက်လိုက်ပါ ၊
နောင် တခြား လေ့လာစရာတွေ အတွက်လည်း
လမ်းကြောင်းတွေ ပွင့်သွားတာပေါ့ဗျာ 😉 )

စာလည်း အတော် ရှည်ပါပြီ ။
ဒီ အထိပြီးအောင် ဖတ်သူလည်း နည်းပါလိမ့်မယ် ။
ဖတ်ဖြစ်ရင်တော့ စာဖတ်သူ နဲ့ ကျွန်တော် နဲ့
ရေစက်လေး နည်းနည်း ပါလို့ ဖြစ်ပါလိမ့်မယ် ။
😇

အကြောင်း ပေါင်းများစွာ တိုက်ဆိုင်ခဲ့ရင်တော့
စာဖတ်သူ မှာ ရှိနေတဲ့ ဘာသာစကား အခက်အခဲကို
ကျွန်တော် တတ်နိုင်သလောက် ကူညီ ကြည့်တာပေါ့ဗျာ ။
( စာဖတ်သူ ဘက်က အခြေအနေတွေကို မသိလို့
အဆင်ပြေမယ် မပြေဘူး ၁၀၀% အာမမခံနိုင်ပေမယ့်
ကျွန်တော့် ဘက်ကတော့
အကောင်းဆုံး ကြိုးစားသင်ပေးပါ့မယ် ) 😇

❗️❗️❗️
ကျွန်တော် ပြန်ချုံ့ပြောပေးပါ့မယ် ။

👉 သင်တန်း နာမည်က –
Active Grammar အွန်လိုင်းသင်တန်း ပါ ။

👉 သင်တန်းကာလ က – ၂ လ ပါ ။
Facebook ပေါ်ကနေပဲ အဓိက သင်မှာပါ ။
( ၂ လပြီးသွားရင်လည်း ဆက်လေ့လာလို့ရအောင်
သင်ခန်းစာတွေကို မဖျက်ပဲ ဆက်ထားပေးထားပြီး
တစ်ခါတလေ လေ့ကျင့်ခန်း ၊ သင်ခန်းစာအသစ်တွေ လာတင်ပေးပြီး
စာပြန်နွှေးပေးလေ့ရှိပါတယ် ) 😇

👉 သင်တန်းကြေးက ၂ သောင်းပါ ။

ကိုယ်နဲ့ အတူတွဲလေ့ကျင့်မယ့်
အဖော် တစ်ယောက်နဲ့ တွဲအပ်ရင်
၂ ယောက်ပေါင်း ၄ သောင်းအစား
၃သောင်းခွဲပဲ ပေးရပါမယ် ။
( တွဲပြီး လေ့ကျင့်မယ့် အဖော် ရှိစေချင်လို့ပါ ။
အွန်လိုင်းပေါ်ကနေလည်း လေ့ကျင့်ဖော် ရသွားနိုင်ပေမယ့်
အပြင်မှာ တကယ်ပေါင်းနေတဲ့ သူငယ်ချင်းဆိုရင်
လေ့ကျင့်ရတာ ပို အဆင်ပြေတာပေါ့ဗျာ )

📌
အဓိက သင်သွားမှာတာတွေက ဒါတွေပါ ။

👉 ဝါစင်္ဂ ၈ မျိုး ( ဒါမှမဟုတ် ) ၉ မျိုး ကို
အခြေခံ အဆင့် ပိုင်ပိုင်နိုင်နိုင် သိသွားအောင် ၊

👉 အရေးကြီးတဲ့ စာကြောင်း တည်ဆောက်ပုံ
နည်း စနစ်တွေ ၊ စည်းမျဉ်းတွေကို
သေသေချာချာ သိသွားအောင် ၊

👉 အသုံး အများဆုံး Tenses တွေကို
သေချာ နားလည် သဘောပေါက်သွားအောင် ၊

👉 အခြေခံ မခိုင်တဲ့ လေ့လာသူတွေ
အများဆုံး မှားလေ့ရှိတဲ့ အမှားတွေကို ရှောင်နိုင်အောင်
လိုအပ်တဲ့ အခြေခံ သိသင့်သိထိုက်တာတွေကို
ရှင်းပြ သင်ပြမယ့်အပြင်

👉 Audio – Video ( ရုပ် ၊ အသံ ) တွေနဲ့
ထပ်ပြီး လေ့ကျင့်ပေးသွားမှာပါ ။ 😇

📌
အပိုဆောင်း အနေနဲ့
မိတ်ဆက် သဘော သင်ပေးသွားမှာတွေက …
👉 စကားလုံး တစ်လုံးကို ခေါင်းထဲစွဲအောင် ၊
ပြန် အသုံး ချနိုင်အောင်
ဆရာလွတ် စနစ်တကျ လေ့လာနည်းတွေ ၊
👉 နည်းနည်းကျက်ပြီး များများရအောင် ပွားယူနည်းတွေ
👉 အသံထွက် အတန်အသင့် အဆင်ပြေအောင် ၊
ကောင်းအောင် အခြေခံ က စပြီး
သတိထားရမယ့် အချက်တွေ …
စတဲ့ ဘာသာစကား လေ့လာနည်းဆိုင်ရာ
အကြောင်းအရာတွေသာမက …

📌
👉 ကိုယ်လိုချင်တဲ့ အရာတစ်ခုခုကို
စနစ်တကျ အစီအစဉ် ဆွဲပြီး ရယူနိုင်မယ့် နည်းစနစ်တွေ
👉 လုပ်ချင် ကိုင်ချင် ကြိုးစားချင်စိတ် နည်းနေတဲ့
ကိုယ့်ကိုယ်ကို
ဘယ်လို ထိမ်းကြောင်း ပြုပြင်နိုင်မလဲ ဆိုတာတွေ
👉 အလုပ်အကိုင်ကောင်း ရအောင် ၊
လုပ်ငန်းကောင်း တစ်ခု တည်ဆောက်နိုင်အောင်
ဘယ်လို စနစ်တကျ အစီအစဉ်ချ ကြိုးစားသင့်တယ်ဆိုတဲ့
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ
အကြောင်းအရာတွေကိုပါ
ထည့် ဆွေးနွေးပေးသွားပါမယ် ။

( အပြင်မှာ – Personal Development –
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး သင်တန်း
သီးသန့် တက်သလောက် မဟုတ်ပေမယ့်
အတန်အသင့်တော့ အကျိုးရှိသွားစေရမယ် ၊
လက်ရှိ အနေအထားထက် တိုးတက်ဖို့ အတွက်
ဘာလုပ်ရမလဲ ဆိုတဲ့
အတွေးစ တစ်ချို့ ပွင့်သွားမယ်လို့ အာမခံပါတယ် )

👉
ဆရာ့ဘက်က သင်ပေးတဲ့
သင်ကြားရေး စုစုပေါင်း ကြာချိန် – နာရီ ၂၀ လောက် ရှိပါတယ် ။
အဲ့ဒီ ကြာချိန်ထဲမှာ သင်တန်းသား ဘက်က
ကိုယ့်ဘာသာ လေ့ကျင့်ခန်း လုပ်ရတဲ့ အချိန်
ထည့်မတွက်ထားသေးပါဘူး ။
😇

❗️❗️❗️
သင်တန်းတက်သူတွေ အနေနဲ့
အခု အွန်လိုင်းသင်တန်းက
သင်ကြားရေး ရုပ်သံ တွေ ၊ သင်ခန်းစာတွေကို
ခွင့်ပြုချက်မတောင်းပဲ
စီးပွားဖြစ် ဖြန့်တာမျိုး
( ဒါမှမဟုတ် ) နာမည်ကောင်းရဖို့ တဆင့် ဖြန့်တာမျိုးတွေ
မလုပ်ကြပဲ …
ကျွန်တော်တို့ ဆရာတွေဘက်က ပေးရတဲ့ အချိန် ၊
ငွေ နဲ့ ပညာ အရင်းအနှီး ကို
တန်ဖိုး တစ်ခု ထားကြမယ်လို့တော့ မျှော်လင့်ပါတယ် …
😇

📌
သင်တန်း တက်ဖြစ်မယ် ဆိုရင်
ဘဏ်ကနေ ငွေလွှဲရမှာ ဖြစ်ပြီး
ပြီးရင် Facebook Page – Message Box မှာ
ငွေလွှဲပြီး ကြောင်း သက်သေ နဲ့
အမည်စာရင်း ( ဖုန်းနံပါတ် ) လာပေးရမှာ ဖြစ်ပါတယ် ။
စာပို့တဲ့ အခါ Active Grammar လို့
ခေါင်းစဉ် တပ်ပေးရပါမယ် ။
( စာ အဝင်အထွက်များလို့ ပြန်ရှာရလွယ်အောင်ပါ )
အဲ့ဒီ အခါ သင်တန်းသား ဖောင်ကို ပြန်ပို့ပေးမှာ ဖြစ်ပြီး
ဖောင် ဖြည့်ပြီးပြီဆိုရင်
သက်ဆိုင်ရာ Facebook Group ထဲ
ထည့်ပေးလိုက်မှာ ဖြစ်ပါတယ် ။

📌
ငွေလွှဲရမယ့် အကောင့်တွေ ကတော့ ဒီ အကောင့်တွေပါ ။
ဘဏ် အတော်များများ က တဆင့် ၊
Wave Money / KBZ Pay က တဆင့် လွှဲနိုင်ပါတယ် … 😇

👉 KBZ Bank
U Myo Zin Lwin & Daw Moe Thu Hlaing
042-502-04200-673-901 👈

👉 KBZ Pay = 09-4439-49-220 👈

👉 CB Bank ( Daw Moe Thu Hlaing )
001-660-080-000-5436 👈

👉 CB Pay = 001-660-080-000-5436 👈

👉 AYA Bank ( Daw Moe Thu Hlaing )
004-522-301-000-6945 👈

👉 YOMA Bank ( Daw Moe Thu Hlaing )
001-445-175-000-273 👈

👉 MAB Bank ( Daw Moe Thu Hlaing )
061-016-1061-00-252-0022 👈

👉 UAB Bank ( Daw Moe Thu Hlaing )
022-130-1000-22-632 👈

👉 AGD Bank ( Daw Moe Thu Hlaing )
324-030-1000-7500-12 👈

👉 AGD Pay ( Daw Moe Thu Hlaing )
324-030-2000-0400-15 👈

👉 Wave Money
09-764-541-001 👈

📌
လွှဲတဲ့ အကြောင်းအရာမှာ
Active Grammar လို့ ရေးပေးထားပါ ။ 😇

ဒီ အတိုင်းရေးပေးရင် ပိုအဆင်ပြေပါတယ်ခင်ဗျာ … 😇
👉
Active Grammar – လွှဲသူအမည် – ဖုန်းနံပါတ်
ဥပမာ –
< Active Grammar – Ko Zin – 09252274890 >

မရှင်းတာ ၊ ထပ်သိချင်တာရှိရင်
☎️ 09-4010-91-800
☎️ 09-4010-91-900
☎️ 09-4011-800-60
☎️ 09-4011-800-70
တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာ ။
😇

စေတနာဖြင့်
#ကိုဇင်ဇေ

ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင်
အရောက်လှမ်းနိုင်ကြပါစေ …. 😇

~~~~~~~~~~~~~~

ဒီစာကို ဖတ်မိတဲ့ လေ့လာသူတွေ အနေနဲ့
သင်တန်းမတက်ဖြစ်သေးလည်း
ကျွန်တော် ရေးသားပြီး အခမဲ့ ဖြန့်ဝေပေးနေတဲ့
အင်္ဂလိပ်ဘာသာစကားလေ့လာနည်း
အကြံပြုချက်တွေ ဖတ်ချင်ရင်
Page ရဲ့ Message Box
( https://m.me/activeenglishmyanmar ) ကို
Article လို့ စာပို့ထားလိုက်ပါ ။
လေ့လာနည်း ဆောင်းပါးတွေ
ပို့ပေးထားလိုက်ပါမယ် 😇

ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းတွေ
ရယူပိုင်ဆိုင်နိုင်ပါစေဗျာ 😇

ကိုဇင်ဇေ

ကြယ်ငါးကောက်သူတစ်ယောက်မျှသာ

Zin Zae

Zin Zae

Founder

တစ်ခါမှာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ် ကယ်တင်ပေးလိုက်တာဟာ ပင်လယ်ကမ်းခြေ တစ်လျှောက်လုံးမှာ တင်ရှိနေသမျှ ကြယ်ငါးတွေအားလုံးကို ကယ်နိုင်တာမဟုတ်လို့ ဘာမှ မထူးခြားသွားပါဘူးလို့ ပြောနိုင်ပေမယ့် အကယ်ခံလိုက်ရတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သိပ်ကို ထူးခြားသွားတာပဲ မဟုတ်လားဗျာ။ အဲ့လို စိတ်လေးထားပြီး ကြယ်ငါးလေးတွေကို ပုံမှန် ကယ်ပေးနေရင် ကြယ်ငါးကောက်ပြီး ကယ်ပေးသူတွေ ပိုပြီး များ များလာရင် ကျွန်တော်တို့ ကောက်ယူ ကယ်ဆယ်နိုင်လိုက်တဲ့ ကြယ်ငါးလေးပေါင်းများစွာ ရှိလာဖို့ ရည်ရွယ်ပါတယ်

Ko Zin Zae

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေ အဝိုင်းထိပ် အနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

09250005174

Pin It on Pinterest

Share This