fbpx

Online – EPFT – English and Personal Development for Teenagers

အားလုံးပဲ မင်္ဂလာပါ … 😇

ဆယ်တန်းပြီးကာစ လူငယ်တွေအတွက်
အင်္ဂလိပ် ဘာသာစကား နဲ့
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး ကို တွဲဖက် သင်ကြားပေးမယ့်
EPFT ( English and Personal Development for Teenagers ) ဆိုတဲ့
အွန်လိုင်းသင်တန်း ကို ကျွန်တော်တို့ Active English က စီစဉ်ပေးထားပါတယ် ။
( ဒီ သင်တန်းကို သင်တန်းတည်ထောင်သူ ဆရာကိုဇင်ဇေ
တစ်ဦးတည်း သီးသန့် သင်ကြားပေးမှာဖြစ်ပါတယ် )

ဒီ အချိန် အပြင်မှာ သင်တန်းသွားတက်ဖို့ကလည်း သိပ် အဆင်မပြေ ၊
ဒီတိုင်း နေနေရတာ ကြာရင်လည်း စိတ်လေနေမှာ စိုးရတယ် ။
ကိုယ့်ရဲ့ တိုးတက်မှုကိုလည်း မနှောင့်နှေးချင်ဘူးဆိုရင်
ဒီ သင်တန်းက သင့်တော်ကောင်း သင့်တော်ပါလိမ့်မယ် ။

ဒီ သင်တန်းရဲ့ ထူးခြားချက်ကတော့
အင်္ဂလိပ် ဘာသာစကားနဲ့ ပတ်သက်ပြီး
သင်ခန်းစာတွေ သင်ပေးရုံတင်မကပဲ
ကိုယ့်ဘာသာ ရေရှည် လေ့လာတတ်သွားအောင်
ဦးစားပေး ဆွေးနွေးသင်ကြားပေးမှာဖြစ်ပါတယ် ။
ဒါ့ အပြင် …
လူငယ်တွေ ကြုံနေရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးပိုင်းဆိုင်ရာတွေကိုပါ
ထည့် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ် ။
( သင်တန်း တကယ် တက်ချင်ပေမယ့် ငွေရေးကြေးရေး အခက်အခဲရှိနေရင်
ပွင့်ပွင့်လင်းလင်း သေချာပြောပြီး အကူအညီ တောင်းနိုင်ပါတယ် )

သင်တန်းအကြောင်း အသေးစိတ်ကို
မိနစ် ၂၀ စာလောက်
Video နဲ့ သေချာ အသေးစိတ် ရှင်းပြထားတာကို ကြည့်ချင်ရင်
Post အောက်ဆုံးမှာ တင်ပေးထားတဲ့ Video ကို လေ့လာကြည့်နိုင်ပါတယ် ။
ပိုပြီး ပြည့်ပြည့်စုံစုံ အသေးစိတ် သိစေချင်လို့ပါ ။
သင်တန်း လူရရင် ပြီးရော မဟုတ်ပဲ
ကျွန်တော်တို့ နဲ့ ကိုက်ညီမယ့် လူမျိုးကိုပဲ လက်ခံချင်လို့ပါ ။
ဒါမှ နှစ်ဦးနှစ်ဖက် အဆင်ပြေ ထိရောက်မယ်လို့ ယူဆလို့ပါဗျာ 😇

တကယ်လို့ Video မကြည့်ဖြစ်သေးဘူးဆိုရင်တော့
လိုတိုရှင်း ရေးထားတဲ့ ဒီစာကို ပဲ ဆက်ဖတ်လိုက်နိုင်ပါတယ် 😇

၁။
အသက် ၁၅ ကနေ ၂၀ ကြား လူငယ်တွေအတွက် သီးသန့်
အင်္ဂလိပ် ဘာသာစကား ကို
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး ၊
စိတ်ဓာတ်ကြံ့ခိုင်ရေး ၊
ပန်းတိုင်ချမှတ်နည်း ၊
အလုပ်အကိုင် လမ်းကြောင်း ရွေးချယ်နည်း ၊
ထိထိရောက်ရောက် စဉ်းစားနည်း နဲ့ လေ့လာသင်ယူနည်း
*လက်တွေ့ကျတဲ့ ( ထပ်ပြောပါမယ် – လက်တွေ့ကျတဲ့ )
စိတ်အား မြှင့်တင်ရေး စတဲ့ အကြောင်းအရာတွေနဲ့
တွဲဖတ်ပြီး သင်ကြား မျှဝေပေးသွားမှာပါ ။

နိုင်ငံတကာ သင်ရိုးကို ကျောရိုးလောက်ပဲ ယူပြီး
ဆရာ ကိုဇင်ဇေ ရဲ့ အယူအဆ / အတွေ့အကြုံပေါ် အခြေခံတဲ့
တခြား ပြင်ပ အကြောင်းအရာ ၊ သင်ခန်းစာတွေနဲ့ သင်ပေးသွားမှာပါ ။

သင်တန်းမတက်ခင်မှာ ကျွန်တော် ဆွေးနွေးပေးခဲ့ဖူးတဲ့
အင်္ဂလိပ် ဘာသာစကားလေ့လာရေး နဲ့
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ အကြောင်း အရာ တစ်ချို့ကို
*အခမဲ့ လေ့လာကြည့်ချင်ရင်
ဒီ Post အောက်မှာ တောင်းဆိုထားခဲ့နိုင်ပါတယ် ။

၂။
ကျွန်တော် သုံးနေကျ
LPE ( Learn – Practice – Exposure ) စနစ်အတိုင်းပဲ
သင်သွား ကျင့်ပေးသွားမှာပါ ။
လေ့လာ – လေ့ကျင့် – ထိတွေ့ ပေးတဲ့ စနစ်ပါ ။
( LPE System အသေးစိတ်ကို
ဒီ Video မှာ သေချာ ရှင်းပြပေးထားပါတယ် ။
ဒီလင့် > https://youtu.be/gZYXRpoGNv8 < ကို
နှိပ်ပြီး ကြည့်နိုင်ပါတယ် ။ )

၃။
တစ်ဦးချင်း ၊ လူနည်းစု သီးသန့်ဝိုင်း မဟုတ်ပဲ
လူအများအတွက် ဈေး သက်သက်သာသာ သင်ယူလို့ရတဲ့ ပုံစံမျိုးပဲ စီစဉ်ထားတာပါ ။
ဆရာနဲ့ တစ်ဦးချင်း ဂရုစိုက် သင်ပေးခံချင်တာမျိုးဆိုရင်တော့
ဒီ သင်တန်းတက်ဖို့ အဆင်မပြေပါဘူး ။
( တစ်ဦးချင်း ဂရုစိုက်ပြီး သင်ပေးဖို့က
လူနည်းတဲ့ သီးသန့်ဝိုင်း အနေနဲ့ စီစဉ်မှ အဆင်ပြေတာပါ )

ဥပမာ အားဖြင့် …
လူ ၂၀ လောက် ရှိတဲ့ သင်ကြားရေး အစီအစဉ် တစ်ခုမှာ
ဆရာ က မိနစ် ၂၀ ပဲ သင်ပြီး
ကျန်တဲ့ မိနစ် ၄၀ ကို သင်တန်းသားတွေကို *ညီတူညီမျှ
လေ့ကျင့်ခိုင်းမယ် – တစ်ဦးချင်းကို ပြန်သုံးသပ်ပေးမယ် ဆိုရင်
သင်တန်းသား တစ်ယောက်ချင်းရဲ့ စကားပြောချိန်
၁ မိနစ်လောက်ပဲ ရတော့မှာပါ ။

သင်တန်းသားက ၁ မိနစ် ပြော /
ဆရာ၊ဆရာမက ၁ မိနစ် ပြန်သုံးသပ်ပေးတဲ့ စနစ်မျိုးနဲ့
ထိထိရောက်ရောက်ရောက် လုပ်ရင်
ကျောင်းသား တစ်ယောက်ချင်း အတွက် အချိန် ၂ မိနစ် နဲ့
ကျောင်းသား အယောက် ၂၀ အတွက်
မိနစ် ၄၀ ကို မျှပေးလိုက်ရမှာမို့ပါ ။

ဒါကြောင့် ” Live ကို ထိထိရောက်ရောက် လေ့ကျင့်ချင်ရင်
လူ ၄ ယောက်လောက်က အထိရောက်ဆုံးပါပဲ ” လို့ ကျွန်တော် က ယူဆတာပါ ။
( ကျောင်းသား ၄ ယောက်လောက်ပဲ ဆိုရင်
မိနစ် ၄၀ ကို အညီအမျှအနေနဲ့
ကျောင်းသား တစ်ယောက်ကို ၁၀ မိနစ်လောက် အချိန်ရပါမယ် ။
ဒါဆို ကျောင်းသားက ၇ မိနစ်လောက်ပြော ၊
ဆရာက ၃ မိနစ်လောက် ပြန်သုံးသပ်ပေး စတဲ့ ပုံစံနဲ့
ပိုပြီး ထိထိရောက်ရောက် *အချိန်ပေး* လေ့ကျင့်ပေးလို့ရတာပေါ့ဗျာ ။

အဲ့လို ၄ ယောက် သီးသန့်ဝိုင်းတို့ ဘာတို့ နဲ့
ပိုပြီး ဖိဖိစီးစီး လေ့ကျင့်ပေးချင်ရင်
နောင်မှ ကျွန်တော်တို့ သီးသန့် စီစဉ်ပေးနိုင်ပါမယ် ။
( သီးသန့် ၊ လူနည်းစုဖြစ်တဲ့အတွက်
သင်တန်းကြေးကလည်း သိသိသာသာကို များသွားနိုင်ပါတယ် )

📌
ဒါကြောင့် လက်ရှိမှာ လူအများကို
သင်တန်းကြေး သက်သက်သာသာနဲ့ သင်ပေးဖို့ ရည်ရွယ်ထားတဲ့
အွန်လိုင်းသင်တန်းတွေမှာတော့ ဒါမျိုး
ကျွန်တော်တို့ မစီစဉ်ပေးနိုင်သေးပါဘူး ။

ကျွန်တော်တို့ မလုပ်ပေးနိုင်တာကို
နားထောင်ကောင်းရုံသက်သက်
အပိုတွေ ပြောပြီး ကတိမပေးချင်လို့ …
ကျွန်တော်တို့ လုပ်ပေးနိုင်သလောက်ကိုပဲ
ရိုးရိုးသားသား ကြို ပြောပြတာပါ ။

📌
သင်တန်းသား အချင်းချင်း လေ့ကျင့်လို့ရအောင်
စနစ်တကျ ချိတ်ဆက်ပေးတာလောက်ထိတော့
သင်တန်းသားတွေဘက်က လုပ်ချင်တယ်ဆိုရင်
ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ် ။
ဒါကြောင့် သင်တန်းသား ၊ မိဘတွေဘက်က
အဲ့ဒီ အချက်လေးကို ကြိုပြီး သိရှိ ချင့်ချိန် စေချင်ပါတယ် ။

📌
တကယ်တမ်းတော့
အွန်လိုင်းသင်ကြားရေးမှာ အဲ့လို သီးသန့် လေ့ကျင့်ပေးတာ မခံရရင်တောင်
တခြား နည်းစနစ်တွေနဲ့ အစားထိုး ၊ ဖြည့်စွက်ပြီး
တကယ် တိုးတက်အောင် လေ့ကျင့်လို့ရပါတယ် ။
အွန်လိုင်းသင်ကြားရေးကို စိတ်ရှည်ရှည် နဲ့
တကယ် လုပ်တတ်သွားဖို့ပဲ လိုပါတယ် ။
ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီ နည်းတွေနဲ့ပဲ ပညာရပ်အတော်များများကို
လေ့လာခဲ့ ၊ လေ့လာနေဆဲ ဖြစ်ပါတယ် ။

နိုင်ငံတကာမှာလည်း ဒီ ကပ်ရောဂါ မဖြစ်ခင်မှာကတည်းက
အွန်လိုင်းသင်ယူမှုတွေ အရေးပါလာပြီး
အွန်လိုင်းသီးသန့်ရော ၊
အပြင်နဲ့ အွန်လိုင်း ပူးတွဲ သင်တဲ့
Hybrid or Blended Learning တွေရော ကို အသုံးချလာနေကြတာ ဖြစ်ပါတယ် ။

ကျွန်တော်ဆိုလည်း လူကြီးတန်းတွေကို
အွန်လိုင်း သီးသန့် သင်ပေးလာတာ
၂ နှစ် နီးပါးလောက် ရှိနေပါပြီ ။
အပြင်နဲ့ အွန်လိုင်း ပူးတွဲ သင်တဲ့ Hybrid Learning လည်း စီစဉ်ပေးထားတာ
၁ နှစ်ကျော်လောက်ရှိနေပါပြီ ။
တကယ် လိုက်လုပ်ရင် လုပ်သလောက် ထိရောက်ပါတယ် ။

📌
ဒါကြောင့် ဒီသင်တန်းမှာကတော့
ငါးကျွေးဖို့ထက် ငါးဖမ်းနည်း သင်ပေးဖို့ကို
အဓိက ဦးစားပေးမှာပါ ။

သင်တန်းသားတွေ အနေနဲ့ ကိုယ့်အားကိုယ်ကိုး ချင်စိတ်ရှိဖို့ လိုပါမယ် ။
လောလောဆယ် မရှိသေးရင် လည်း အနည်းဆုံးတော့
ရှိလာအောင် မွေးချင်စိတ်တော့ လိုပါမယ် ။

ကိုယ့်အားကိုယ်ကိုးပြီး လေ့လာတာကို < မလုပ်တတ်သေးရင် သင်ပေးပါမယ် ။
လုပ်ချင်စိတ်ပေါက်လာအောင် အားပေးမယ် ။
ဒါကိုမှ မလုပ်ချင်သေးရင်တော့ တရွတ်တိုက် ဆွဲခေါ်လို့တော့ အဆင်မပြေပါဘူး ။
အများနဲ့ သင်တာဆိုတော့
တစ်ယောက်အတွက် ကြောင့်
ကျန်တဲ့လူတွေအတွက် တန်ဖိုးရှိမယ့် အချိန် ပိုကုန်သွားတာမျိုး မဖြစ်စေချင်လို့ပါ ။

သင်ယူလေ့လာပုံ အမျိုးမျိုးကို သေချာ သိရှိ နားလည်ပြီး
ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ ကိုက်ညီတဲ့ သင်ယူလေ့လာမှုမျိုး ၊
လေ့ကျင့်မှုမျိုး လုပ်နိုင်အောင် အတတ်နိုင်ဆုံး ဆွေးနွေး လမ်းညွှန်ပေးသွားပါမယ် ။

၄။
သေချာရိုက်ကူးတည်းဖြတ်ထားတဲ့ Videos တွေ နဲ့
ဦးစားပေး သင်ပေး ၊ ကျင့်ပေးမှာပါ ။
Live Video က လွန်ရောကျွံရော ၂ ပတ်တစ်ခါလောက်ပဲ သင်ဖြစ်လောက်ပါမယ် ။
( စာတန်း သေချာထိုးတာ ၊
လိုအပ်တဲ့ ပုံတွေ Videos တွေ အသံဖိုင်တွေ
ညှပ်သင်ပေးတာတွေမှာ
Live Video က
သေချာရိုက်ကူးတည်းဖြတ်ထားတဲ့ Video လောက် အဆင်မပြေလို့ပါ ။
Zoom တွေ Google Meet တွေနဲ့ သင်တာလည်း
တကယ် သေချာ တည်းဖြတ်ထားတာလောက်တော့ အားမရလို့ပါ )

အချင်းချင်း တွဲဖက် လေ့ကျင့်လို့ရအောင် စီစဉ်ပေးထားပြီး
ကိုယ်နဲ့ ကိုယ့် လေ့ကျင့်ဖော် ကြိုးစားချင်စိတ်ရှိရင်ရှိသလောက် လေ့ကျင့်လို့ရမှာပါ ။

သေချာ ရိုက်ကူး တည်းဖြတ်ထားပြီးသား
Recorded Video နဲ့ သင်တာနဲ့
Zoom တို့ Google Meet တို့လို Live Training အနေနဲ့ သင်တာ
ဘယ်ဟာ ပိုကောင်းလဲ ? 👈 ဆိုတာကို
အသေးစိတ် ဆွေးနွေးပေးထားတာကို ဖတ်ချင်ရင်လည်း
ဒီလင့်ကိုနှိပ်ပြီး ဖတ်နိုင်ပါတယ် 😇
👉 https://www.facebook.com/activeenglishmyanmar/posts/3090355317724320 👈

၅။
Videos သင်ခန်းစာတွေ တင်မက
ဖြေပြီးတာနဲ့ မှန်-မှား-အမှတ်ပေါင်း သိနိုင်မယ့်
လေ့ကျင့်ခန်း ပုံစံတွေကိုလည်း သုံးပေးသွားပါမယ် ။

လူအများနဲ့ သင်ရတာမို့လို့
တစ်ယောက်ချင်း ရေးသမျှ ပြောသမျှ စာတွေ တော့
လိုက်ပြင်မပေးပါ ။
အမှားများတတ်တာတွေကို
အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးသပ်ပေးတာမျိုး ပဲ လုပ်ပေးပါမယ် ။

၆။
အများစု ကောင်းကောင်း သုံးတတ်ပြီးသား
Facebook Group နဲ့
ဦးစားပေး သင်ပေးသွားမှာပေမယ့်
တခြား လိုအပ်တဲ့ Websites တွေ Mobile Apps တွေ ကို
စနစ်တကျသုံးတတ်အောင် ညွှန်ပေး ၊
မျှဝေပေးသွားပါမယ် ။

၇။
သင်တန်းကာလ ၃ လ ပါ ။ တစ်ပတ် ၃ ရက် သင်ပါမယ် ။
( တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာပါ )
အဲ့ဒီ ၃ လ ပြီးသွားရင်
အပိုဆောင်း ၁ လ ကိုလည်း
တစ်ပတ် ၁ ရက် နှုန်းနဲ့ ဆက်ပြီး
သင်ပေး ၊ စာပြန်နွှေးပေး ၊ လေ့ကျင့်ပေးသွားဦးမှာပါ ။

၈။
သင်တန်းကြေးက Level တစ်ခု အပြတ်ကို ၅ သောင်းပါ ။

Level က 1 to 5 အထိ ရှိပါမယ် ။
Level တစ်ခုပြီးမှပဲ နောက်တစ်ခု ဖွင့်မှာပါ ။
အခု ဖွင့်မှာက Level – 1 ပါပဲ ။

( ဆယ်တန်းမှာ အင်္ဂလိပ်စာ ဂုဏ်ထူးလည်းထွက်ပြီး
Listening & Speaking လည်း အတန်အသင့် ကျင့်ဖူးတဲ့ လူငယ်တွေ
Level – 1 ကနေ စ မတက်သင့်ပါဘူး … 😇 )

တွဲပြီး လေ့ကျင့်မယ့် သူငယ်ချင်း ရှိစေတဲ့ အတွက်
တွဲအပ်ရင် သင်တန်းကြေး လျှော့ပေးတဲ့
အစီအစဉ်လုပ်ပေးထားပါတယ် ။
၂ ယောက်တွဲ အပ်ရင် တစ်ယောက် ၄ သောင်းခွဲ ၊
၃ ယောက်တွဲ အပ်ရင် တစ်ယောက် ၄ သောင်း ပဲ ကျပါမယ် ။

၉။
သင်တန်း တကယ်တက်ချင်ပေမယ့်
( ကိုယ့် သားသမီးကို သင်တန်းကို ထားပေးချင်ပေမယ့် )
ငွေရေးကြေးရေး အခက်အခဲရှိနေရင်
ပွင့်ပွင့်လင်းလင်း သေချာပြောပြီး အကူအညီ တောင်းနိုင်ပါတယ် ။
( အချောင် လိုချင်စိတ်နဲ့ တောင်းတာ မဟုတ်တဲ့ လူတွေအတွက် )
တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးပါ့မယ်

သင်တန်းတက်ဖို့ စိတ်ဝင်စားရင်
အသေးစိတ် သေချာသိရအောင်
ဒီစာကို ဖတ်ရုံတင်မကပဲ
Video ကိုလည်း သေချာ အစအဆုံး ကြည့်စေချင်ပါတယ်ဗျာ ။
( ဒီလင့် > https://www.facebook.com/112702940414348/posts/581125289160761 < မှာ ကြည့်နိုင်ပါတယ် )

သင်တန်းမှာက ဒီလို Videos တွေ အများကြီး နဲ့ သင်မှာမို့လို့
ဒီ Video လေးမှ အစအဆုံး မကြည့်ချင်ရင် သင်တန်းနဲ့ သိပ်ကိုက်မယ် မထင်ပါဘူး 😇

ဒီ သင်တန်း တက်ဖြစ်သည် ဖြစ်စေ ၊ မတက်ဖြစ်သည် ဖြစ်စေ
လူငယ်တွေ ကိုယ်တကယ် ရောက်ချင်တဲ့ ပန်းတိုင်ကို သေချာသိပြီး
ရောက်အောင်သွားနိုင်တဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်ဝနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ဗျာ 😇

စေတနာဖြင့်
#ကိုဇင်ဇေ
Founder & Trainer @ActiveEnglish

မရှင်းတာ ၊ ထပ်သိချင်တာ ၊
သင်တန်း အပ်ချင်တာတွေအတွက်
https://m.me/active.epft ကို စာပို့ပြီး မေးလို့ရသလို

☎️ 09-4010-91800 / 09-4010 91900
☎️ 09-4311-5202 / 09-26100-8186
☎️ 09-4011-800-50 / 09-4011-800-60
တို့ကို လည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ် 😇

ကိုဇင်ဇေ

ကြယ်ငါးကောက်သူတစ်ယောက်မျှသာ

Zin Zae

Zin Zae

Founder

တစ်ခါမှာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ် ကယ်တင်ပေးလိုက်တာဟာ ပင်လယ်ကမ်းခြေ တစ်လျှောက်လုံးမှာ တင်ရှိနေသမျှ ကြယ်ငါးတွေအားလုံးကို ကယ်နိုင်တာမဟုတ်လို့ ဘာမှ မထူးခြားသွားပါဘူးလို့ ပြောနိုင်ပေမယ့် အကယ်ခံလိုက်ရတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သိပ်ကို ထူးခြားသွားတာပဲ မဟုတ်လားဗျာ။ အဲ့လို စိတ်လေးထားပြီး ကြယ်ငါးလေးတွေကို ပုံမှန် ကယ်ပေးနေရင် ကြယ်ငါးကောက်ပြီး ကယ်ပေးသူတွေ ပိုပြီး များ များလာရင် ကျွန်တော်တို့ ကောက်ယူ ကယ်ဆယ်နိုင်လိုက်တဲ့ ကြယ်ငါးလေးပေါင်းများစွာ ရှိလာဖို့ ရည်ရွယ်ပါတယ်

Ko Zin Zae

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေ အဝိုင်းထိပ် အနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

09250005174

Pin It on Pinterest

Share This