fbpx

Online – Young Learners’ Class

📌
ဒီကာလ အတွင်းမှာ ကလေးတွေရဲ့
ပညာရေးကို မနှောင့်နှေးစေချင်တဲ့ မိဘတွေရဲ့ တောင်းဆိုမှုတွေ အရ
ကျွန်တော်တို့ Active English ကနေပြီး
ကလေးတွေအတွက် အွန်လိုင်း သင်တန်းတွေ စီစဉ်ပေးထားပါတယ် 😇

စပြီး ဝန်ခံချင်တာက
အွန်လိုင်း သင်ကြားရေးဟာ အပြင်မှာ လာတက်သလိုတော့
ထပ်တူထပ်မျှ မဖြစ်နိုင်ပါဘူး ။
ဒီ ၂ မျိုးလုံးမှာ မတူညီတဲ့ အားသာချက် အားနည်းချက်တွေ
ကိုယ်စီ ရှိကြပါတယ် ။

❗️❗️❗️
– အွန်လိုင်း ကနေ ပညာရပ် တစ်ခုခု လေ့လာတဲ့ အခါမှာ
သတိထားရမယ့် အချက်တွေ
– ဆောင်ရန် ၊ ရှောင်ရန် တွေ
– ကွဲပြားတဲ့ အွန်လိုင်း သင်ကြားပုံ အမျိုးမျိုး နဲ့
သူတို့ရဲ့ အားသာချက် အားနည်းချက်တွေ
– ကိုယ်နဲ့ ကိုက်တဲ့ အွန်လိုင်း သင်တန်း ရွေးချယ်ရာမှာ
အခြေခံ စဉ်းစားနိုင်မယ့် အချက်တွေကို ကျွန်တော်
ဒီ Live မှာ ဒါတွေ ဆွေးနွေးပေးထားပါတယ် ။
စိတ်ဝင်စားတယ် ဆိုရင်
ဒီလင့် 👉 https://www.facebook.com/activeenglishmyanmar/videos/226896205034594/ 👈ကို နှိပ်ပြီး လေ့လာကြည့်နိုင်ပါတယ် 😇

📌
သင်တန်း မအပ်ဖြစ်သေးတဲ့ မိဘတွေ အတွက်လည်း
ကလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့
အင်္ဂလိပ် ဘာသာစကား သင်ကြားပေးနိုင်မယ့်
သီချင်းလေးတွေ ၊ ကာတွန်း အခြေပြုစကားပြောခန်းလေးတွေ
Videos အခု ၅၀ လောက် ထည့်ပေးထားတဲ့
Mobile App ကိုလည်း
အခမဲ့ ဖြန့်ချီပေးထားတာမို့
လိုချင်ရင် ဒီ Post အောက်မှာ
( ဒါမှမဟုတ် ) စာပို့ပြီး
တောင်းယူခဲ့နိုင်ပါတယ် 😇

📌
ကျွန်တော်တို့ရဲ့ အွန်လိုင်းသင်တန်းနဲ့ ပတ်သက်ပြီး ကတိပေးနိုင်တာကတော့
👉 တကယ်သာ မိဘကလည်း နည်းနည်း ထိမ်းကြောင်းပေးမယ် ၊
👉 ကလေးကလည်း သေချာသာ လိုက်လုပ်မယ်ဆိုရင်
အတိုင်း အတာ တစ်ခုထိ ထိရောက်တဲ့ ၊
တိုးတက်မှု ရှိတာကို သေချာပေါက် သိသာစေမယ့် နည်းစနစ်တွေနဲ့
သေချာ လေ့လာ+လေ့ကျင့်+အရည်အချင်း စစ်ဆေး သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ။

ကျွန်တော်တို့ရဲ့ အွန်လိုင်း သင်တန်းမှာ
👉 သင်ကြားရေး Videos တွေ နဲ့ အတူ လေ့လာ + လေ့ကျင့် ရုံတင်မက
– တခြား နည်းစနစ်တွေနဲ့ ပါ လေ့ကျင့်ပေးတာတွေ ပါပါမယ်

👉 အရုပ် ၊ အသံ အရည်အသွေး ပိုမို ကောင်းမွန်အောင် ၊
လိုအပ်တဲ့ ပုံတွေ ၊ သီချင်းတွေ ၊ ကာတွန်း Animations တွေ ၊
ဗီဒီယိုတွေကိုပါ ထည့်သွင်း သင်ကြားပေးလို့ ပို အဆင်ပြေအောင်
Live အနေနဲ့ မသင်ပဲ
ကြိုတင်ရိုက်ကူးပြီး သေချာ တည်းဖြတ်ထားတဲ့
Videos တွေနဲ့ပဲ ဦးစားပေး သင်ပေးသွားပါမယ် ။

👉 ကလေးတွေအနေနဲ့ မရှင်းတာ ၊ မေးချင်တာ ရှိရင်
သူတို့ကိုယ်တိုင်ပဲ ဖြစ်ဖြစ် ၊ မိဘ အကူအညီနဲ့ပဲ ဖြစ်ဖြစ်
သက်ဆိုင်ရာ သင်ခန်းစာ အောက် မှာ မေးနိုင်ပါတယ် ။
ဒါမှမဟုတ် ( ရှက်တတ်တဲ့ သင်တန်းသားဆိုရင်လည်း )
တခြား အတူလေ့လာသူတွေ မသိစေအောင်
Message ကနေလည်း သီးသန့် မေးနိုင်ပါတယ် ။

– ဒါကြောင့် သေချာလေး လိုက်လုပ်မယ်ဆိုရင်
သင်ခန်းစာတွေကို သဘောပေါက် နားလည်ကြမှာပါ ။
👉 သင်ခန်းစာတွေကို ရိုက်ကူးရာမှာလည်း
ဒီတိုင်း ထိုင်ကြည့်ပြီး လေ့လာရုံတင်မက
အတူ လိုက် လေ့ကျင့်လို့ အဆင်ပြေအောင် သေချာ စီစဉ်ပေးထားပါတယ် ။
ဒါကြောင့် လေ့ကျင့်ရေးပိုင်းမှာလည်း
အတိုင်းအတာ တစ်ခု ထိ အဆင်ပြေနိုင်မှာပါ ။

👉 Videos မဟုတ်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေအနေနဲ့
Vocabulary , Grammar , Pronunciation or Listening ပိုင်း စစ်ဆေးတဲ့ …
ဖြေပြီး တာနဲ့ မှန်-မှား-အမှတ်ပေါင်း သိရမယ့် နည်းပညာတွေ သုံးပြီး
ထပ်လေ့ကျင့်ပေးသွားဦးမှာပါ ။

👉 မိဘ အများစု အဆင်ပြေဖို့အတွက်
ကျွန်တော်တို့ အနေနဲ့ Facebook Group ကနေ
အဓိက သင်ပေးသွားမှာ ဖြစ်ပေမယ့်
ဖြည့်စွက် အနေနဲ့ သုံးရမယ့် Websites တွေ ၊ Mobile Apps တွေကိုလည်း
စနစ်တကျ သေချာ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ် ။

📌
အဲ့ဒီ အွန်လိုင်း သင်တန်းအတွက် သင်တန်းကြေးကို
Level တစ်ခုစာ အတွက် ၅ သောင်းခွဲ လို့
ကျွန်တော်တို့ သတ်မှတ်ထားပါတယ် ။

Level တစ်ခုစာ အတွက်
တစ်ပတ်ကို အဓိက စာသင်ရက် ၂ ရက် နဲ့
သင်တန်းကာလ ၃ လ ကြာမြင့်မှာ ဖြစ်ပါတယ် ။
( အဲ့ဒီ ၃ လ လုံး အတွက်မှ
သင်တန်းကြေး ၅ သောင်းခွဲသာ ကျသင့်မှာ ဖြစ်ပါတယ် )

📌
အွန်လိုင်းသင်တန်း ဖြစ်တဲ့အတွက်
အဓိက အားသာချက်တွေက
> သင်ခန်းစာ တစ်ခုကို နားမလည်မချင်း ပြန်လေ့လာလို့ရမယ် ၊
> မပိုင်နိုင်မချင်း ပြန်လေ့ကျင့်လို့လည်း ရနေပါမယ် ။
> သွားရလာရ ( ကလေးကို ပို့ရကြိုရတဲ့ ) အချိန်တွေ ၊ ငွေတွေ မကုန်တော့ပါဘူး ။
> ဒီကာလ အတွင်းမှာဆို ဘေးလည်း ပိုကင်းမှာဖြစ်ပါတယ် ။

📌
နောက်တစ်ချက်က အပြင်သင်တန်းမှာဆိုရင်
Level တစ်ခုတက်တဲ့အခါ
ကလေးက ထိုက်သင့်သလောက် စာမရဘူး ဆိုရင်
ကျွန်တော်တို့က နောက် Level မတင်ပေးပါဘူး ။
အခြေမခိုင်ပဲ အမြင့်တက်သွားရင် နောင်မှာ ဒုက္ခရောက်မှာ စိုးလို့ပါ ။
အဲ့တော့ ဒီကလေးဟာ ဒီ Level ကိုပဲ ပြန်တက်ရတာမျိုး ရှိပါတယ် ။
အဲ့လို ပြန်တက်ရတဲ့အခါမှာလည်း
သင်တန်းကြေးကို နည်းနည်းပဲ လျှော့ပေးလို့ ရပြီး ပြန်တက်ခိုင်းရပါတယ် ။
နေရာစရိတ် နဲ့ ဆရာဆရာမတွေအတွက် စရိတ်တွေက ထပ်ကုန်တာပဲကိုး ။

အခု အွန်လိုင်းသင်တန်းမှာတော့ သိပ်အဆင်ပြေတာတစ်ခုက
အဲ့လိုမျိုး အခြေမခိုင်သေးလို့ နောက် Level မတက်ရပဲ
ဒီ Level ပဲ ပြန်တက်ရတဲ့ ကလေးတွေအတွက်
သင်တန်းကြေး ထပ်သွင်းစရာ မလိုတော့ပါဘူး ။
အွန်လိုင်းသင်ကြားရေးမှာလည်း စရိတ်စက တစ်ချို့ရှိပေမယ့်
ဒီလောက်ကိုတော့ ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ် 😇

📌
ဘယ် Level ကနေ စတက်ရမလဲ ဆိုတာကို
– ကလေးရဲ့ အသက်အရွယ်
– ကလေးရဲ့ အတန်း ပညာ ပေါ် အကြမ်းဖျဉ်း အရင် စဉ်းစားပြီး
– လိုအပ်သလို Test ထပ်မံ စစ်ဆေးပြီး
သေချာ လမ်းညွှန် အကြံပြုပေးသွားမှာ ဖြစ်ပါတယ် ။

Level တစ်ခု တက်ပြီးရင်
နောက် Level တဆင့် တက်လို့ ရမရကိုလည်း
အပြင်မှာလိုပဲ စာမေးပွဲတွေ စစ်ပေးမှာပါ ။
အပြင်သင်တန်းမှာလို စာမေးပွဲရက် ကြိုမပြောပဲ
ရုတ်တရတ် ကောက်စစ်တဲ့ စနစ်မျိုးတော့ မလုပ်နိုင်တော့ဘူးပေါ့ဗျာ ။
အွန်လိုင်းမှာဆိုတော့ ကြို ကြေငြာပေးမှ အဆင်ပြေကြမှာ များလို့ပါ ။

( စာမေးပွဲကို ကြိုမပြောပဲ ရုတ်တရတ် ကောက်စစ်တဲ့ စနစ်က
ကလေးရဲ့ လက်ရှိ အရည်အချင်းကို
အမှန်အတိုင်း ပိုပြီး သိရစေတယ်လို့ ယူဆလို့
ကျွန်တော်တို့ အဲ့ဒီ စနစ်ကို သုံးခဲ့တာပါ ။
နောက်ပိုင်းမှာ ကလေးတွေ မိဘတွေကိုယ်တိုင်က
နည်းပညာကို ပို အသုံးချနိုင်လာမယ် ၊
အွန်လိုင်း သင်ယူမှုကို အရှိန်ရလာမယ်ဆိုရင်တော့
ဒီစနစ်ကိုပဲ ကျွန်တော်တို့ ပြန်သုံးချင်ပါသေးတယ် ။ )

📌
အွန်လိုင်းသင်ကြားရေး ရဲ့ အားနည်းချက်ကတော့
အတန်းထဲမှာလို မဟုတ်ပဲ
ကိုယ်တိုင်က သတိထားပြီး တကူးတက အချိန်ပေး လေ့လာလေ့ကျင့်ရမှာပါ ။
တစ်ချို့တွေ သင်တန်းပဲ အပ်ထားပြီး
အချိန်မရလို့ ၊ တခြား အရေးကြီး ကိစ္စတွေ ရှိနေလို့
သင်ခန်းစာတွေကို ဝင် မလေ့လာ မလေ့ကျင့်ဖြစ်တော့ပဲ
အဆက် ပြတ်သွားတတ်တာမျိုးကို သတိထားပေးရမှာပါ ။
ဒါပေမယ့် ကိုယ် အဆင်ပြေတဲ့ အချိန်မှာ
ဘယ် က ပြန်စလေ့လာရမလဲ ဆိုတာ
ပွင့်ပွင့်လင်းလင်း လှမ်း အကြံတောင်းလိုက်ရင်
ဒီ ကိစ္စက အဆင်ပြေမှာပါ ။

ဒီလိုပဲ ဘယ်လောက် ကောင်းတဲ့
Tools / Apps / Software တွေ Websites တွေ ပဲ သုံးသုံး
အပြင်မှာ သင်ရတာလောက် အပြန်အလှန် အချိတ်အဆက်ရဖို့ ၊
အသက်ဝင် တက်ကြွနေဖို့ ခက်နေတာလေး ရှိတတ်ပါတယ် ။

ပို အသက်ဝင်အောင် Live သင်မယ် ဆိုရင်လည်း
သင်ပေးတဲ့ လူဘက်ကတင်မက
သင်ယူတဲ့ လူဘက်ကပါ
အင်တာနက်လိုင်း အတော်လေး ကောင်းနေမှ အဆင်ပြေနိုင်တာပါ ။
ဒါတောင်မှ ကွာဟချိန် ၅ စက္ကန့်ကနေ စက္ကန့် ၂၀ လောက်ထိ ရှိတတ်ပါတယ် ။
ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း Live သင်တာနည်းပြီး
သေချာ ပြင်ဆင် ရိုက်ကူးထားတဲ့ Videos တွေမှာပဲ
အပြန်အလှန် ပြောတဲ့ ခံစားမှုရအောင် လေ့ကျင့်တဲ့ အပိုင်းကို
ညှပ်ထည့်ပေးလေ့ရှိပါတယ် ။

📌
တကယ်လို့
Live ကို ထိထိရောက်ရောက် လေ့ကျင့်ချင်ရင်
လူ ၄ ယောက်လောက်က အထိရောက်ဆုံးပါပဲ ။
နည်းပညာ အရ လူ ဆယ်ဂဏာန်း ရာဂဏာန်းကနေ ထောင်ဂဏာန်းထိ
ကျွန်တော်တို့ဘက်က သင်ပေးနိုင်ပေမယ့်
တကယ် လေ့ကျင့်ဖို့ ဆိုရင် လူနည်းမှပဲ ထိရောက်မှာပါ ။
< သင်ပေးတာနဲ့ လေ့ကျင့်ပေးတာ မတူပါဘူး ။
သင်ပေးတာက လူများလည်း ရပေမယ့်
လေ့ကျင့်ပေး + ပြန်သုံးသပ်ပေးတာက လူများရင်
လူနည်းတာလောက် သိပ် အဆင်မပြေပါဘူး >

ဥပမာ အားဖြင့် …
လူ ၂၀ လောက် ရှိတဲ့ သင်ကြားရေး အစီအစဉ် တစ်ခုမှာ
ဆရာ၊ဆရာမက မိနစ် ၂၀ ပဲ သင်ပြီး
ကျန်တဲ့ မိနစ် ၄၀ ကို သင်တန်းသားတွေကို *ညီတူညီမျှ
လေ့ကျင့်ခိုင်းမယ် – တစ်ဦးချင်းကို ပြန်သုံးသပ်ပေးမယ် ဆိုရင်
သင်တန်းသား တစ်ယောက်ချင်းရဲ့ စကားပြောချိန်
၁ မိနစ်လောက်ပဲ ရတော့မှာပါ ။

သင်တန်းသားက ၁ မိနစ် ပြော /
ဆရာ၊ဆရာမက ၁ မိနစ် ပြန်သုံးသပ်ပေးတဲ့ စနစ်မျိုးနဲ့
ထိထိရောက်ရောက်ရောက် လုပ်ရင်
ကျောင်းသား တစ်ယောက်ချင်း အတွက် အချိန် ၂ မိနစ် နဲ့
ကျောင်းသား အယောက် ၂၀ အတွက်
မိနစ် ၄၀ ကို မျှပေးလိုက်ရမှာမို့ပါ ။

ဒါကြောင့် ” Live ကို ထိထိရောက်ရောက် လေ့ကျင့်ချင်ရင်
လူ ၄ ယောက်လောက်က အထိရောက်ဆုံးပါပဲ ” လို့ ကျွန်တော် က ယူဆတာပါ ။
( ကျောင်းသား ၄ ယောက်လောက်ပဲ ဆိုရင်
မိနစ် ၄၀ ကို အညီအမျှအနေနဲ့
ကျောင်းသား တစ်ယောက်ကို ၁၀ မိနစ်လောက် အချိန်ရပါမယ် ။
ဒါဆို ကျောင်းသားက ၇ မိနစ်လောက်ပြော ၊
ဆရာက ၃ မိနစ်လောက် ပြန်သုံးသပ်ပေး စတဲ့ ပုံစံနဲ့
ပိုပြီး ထိထိရောက်ရောက် *အချိန်ပေး* လေ့ကျင့်ပေးလို့ရတာပေါ့ဗျာ ။

အဲ့လို ၄ ယောက် သီးသန့်ဝိုင်းတို့ ဘာတို့ နဲ့
ပိုပြီး ဖိဖိစီးစီး လေ့ကျင့်ပေးချင်ရင်
နောင်မှ ကျွန်တော်တို့ သီးသန့် စီစဉ်ပေးနိုင်ပါမယ် ။
( သီးသန့် ၊ လူနည်းစုဖြစ်တဲ့အတွက်
သင်တန်းကြေးကလည်း သိသိသာသာကို များသွားနိုင်ပါတယ် )

📌
ဒါကြောင့် လက်ရှိမှာ လူအများကို
သင်တန်းကြေး သက်သက်သာသာနဲ့ သင်ပေးဖို့ ရည်ရွယ်ထားတဲ့
အွန်လိုင်းသင်တန်းတွေမှာတော့
ကျွန်တော်တို့ ဒါမျိုး မစီစဉ်ပေးနိုင်သေးပါဘူး ။

ကျွန်တော်တို့ မလုပ်ပေးနိုင်တာကို
နားထောင်ကောင်းရုံ သက်သက်
အပိုတွေ ပြောပြီး ကတိမပေးချင်လို့ …
ကျွန်တော်တို့ လုပ်ပေးနိုင်သလောက်ကိုပဲ
ရိုးရိုးသားသား ကြို ပြောပြတာပါ ။

📌
သင်တန်းသား အချင်းချင်း လေ့ကျင့်လို့ရအောင်
စနစ်တကျ ချိတ်ဆက်ပေးတာလောက်ထိတော့
သင်တန်းသားတွေဘက်က လုပ်ချင်တယ်ဆိုရင်
ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ် ။
ဒါကြောင့် သင်တန်းသား ၊ မိဘတွေဘက်က
အဲ့ဒီ အချက်လေးကို ကြိုပြီး သိရှိ ချင့်ချိန် စေချင်ပါတယ် ။

📌
တကယ်တမ်းတော့
အွန်လိုင်းသင်ကြားရေးမှာ
အဲ့လို သီးသန့် လေ့ကျင့်ပေးတာ မခံရရင်တောင် …
တခြား နည်းစနစ်တွေနဲ့ အစားထိုး ၊ ဖြည့်စွက်ပြီး
တကယ် တိုးတက်အောင် လေ့ကျင့်လို့ရပါတယ် ။

အွန်လိုင်းသင်ကြားရေးကို စိတ်ရှည်ရှည် နဲ့
တကယ် လုပ်တတ်သွားဖို့ပဲ လိုပါတယ် ။
ကျွန်တော်ကိုယ်တိုင်လည်း
အဲ့ဒီ နည်းတွေနဲ့ပဲ ပညာရပ်အတော်များများကို
လေ့လာခဲ့ ၊ လေ့လာနေဆဲ ဖြစ်ပါတယ် ။

နိုင်ငံတကာမှာလည်း ဒီ ကပ်ရောဂါ မဖြစ်ခင်မှာကတည်းက
အွန်လိုင်းသင်ယူမှုတွေ အရေးပါလာပြီး
အွန်လိုင်းသီးသန့်ရော ၊
အပြင်နဲ့ အွန်လိုင်း ပူးတွဲ သင်တဲ့
Hybrid or Blended Learning ေတြေရာ ကို
အသုံးချလာနေကြတာ ဖြစ်ပါတယ် ။

ကျွန်တော်ဆိုလည်း လူကြီးတန်းတွေကို
အွန်လိုင်း သီးသန့် သင်ပေးလာတာ
၂ နှစ် နီးပါးလောက် ရှိနေပါပြီ ။
အပြင်နဲ့ အွန်လိုင်း ပူးတွဲ သင်တဲ့ Hybrid Learning လည်း စီစဉ်ပေးထားတာ
၁ နှစ်ကျော်လောက်ရှိနေပါပြီ ။
တကယ် လိုက်လုပ်ရင် လုပ်သလောက် ထိရောက်ပါတယ် ။

📌
ဒါကြောင့် ကလေးတွေကို
သူတို့ ဘဝ ရှေ့ရေး အဆင်ပြေဖို့ အတွက်
အွန်လိုင်းသင်ယူရေးမှာ သေချာ လမ်းညွှန်ပေးဖို့ လိုတယ်လို့
ကျွန်တော်ကတော့ ယူဆပါတယ် ။
အဲ့လို လမ်းညွှန်ပေးရာမှာ အဆင်ပြေအောင် …
သူတို့ ဘဝအတွက် လမ်းကြောင်းချပေးရာမှာ ပိုပြီး အဆင်ပြေအောင် ….
မိဘတွေကို သီးသန့် ဆွေးနွေးပေးတဲ့ အွန်လိုင်းသင်တန်းလည်း ဖွင့်ပေးထားပြီး
အဲ့ဒီ အွန်လိုင်းသင်တန်းကိုလည်း မိဘတွေ အနေနဲ့
သင်တန်းကြေး ထပ်ပေးစရာမလိုပဲ တက်ရောက်နိုင်မှာဖြစ်ပါတယ် ။

တကယ်ကတော့
လူကိုယ်တိုင် ( ဒါမှမဟုတ် ) Video နဲ့ အေးဆေး ရှင်းပြချင်တာပါ ။
ဒါပေမယ့် တစ်ချို့က Video ဆို တော်ရုံနဲ့ မကြည့်ဖြစ်တော့
ခုလိုမျိုး စာနဲ့ပဲ တတ်နိုင်သလောက် ရေးပေးလိုက်တာပါ ။

📌
ဒီတော့ ကျွန်တော်တို့ စီစဉ်ပေးတဲ့
ကလေးတွေ အတွက် အွန်လိုင်း သင်တန်းအကြောင်း
လိုတိုရှင်း ပြန် ပြောရရင်တော့

– Level – ၁ ခု ( သင်တန်းကာလ – ၃ လ စာ ) ကို
သင်တန်းကြေး ၅ သောင်းခွဲ ဖြစ်ပါတယ်
( Level တစ်ခု ကို မပိုင်နိုင်မချင်း
အကြိမ်ကြိမ် ပြန်လေ့လာလေ့ကျင့်ခွင့် ရနေပါမယ် )
စာမေးခွင့် ရနေပါမယ်..

– တစ်ပတ်ကို အဓိက သင်ကြားရက် ၂ ရက် ဖြစ်ပါမယ် ။

– သင်ခန်းစာတွေနဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေရှိရင်
သက်ဆိုင်ရာ သင်ခန်းစာအောက်မှာပဲ ဖြစ်ဖြစ် ၊
သီးသန့် ပို့ပြီးပဲ ဖြစ်ဖြစ် မေးမြန်းထားနိုင်မှာဖြစ်ပါတယ် ။

– ကလေးတွေကို ပြန်သင်ပေးချင်တဲ့ ၊
စနစ်တကျ လမ်းကြောင်း တည့်ပေးချင်တဲ့
မိဘတွေ အတွက် သေချာ အကြံပေးလမ်းညွှန်ထားတဲ့
အွန်လိုင်း သင်တန်းလည်း ထပ်တက်ခွင့် ရပါမယ် ။

– အွန်လိုင်း သင်တန်းဟာ အပြင်သင်တန်းနဲ့တော့ ဘယ်လိုမှ မတူနိုင်ပါ ။
အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြပါတယ် ။
ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး
ထိရောက်အောင် လေ့လာ+လေ့ကျင့်+ထိတွေ့စေပြီး
စာမေးပွဲစစ်ပေး ၊ ပြန် သုံးသပ်ပေးတာတွေပါ လုပ်ပေးသွားပါမယ် ။

– သင်ကြားရေး + လေ့ကျင့်ရေး Videos တွေ တင်မက

– Videos မဟုတ်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေအနေနဲ့
Vocabulary , Grammar , Pronunciation or Listening ပိုင်း စစ်ဆေးတဲ့ …
ဖြေပြီး တာနဲ့ မှန်-မှား-အမှတ်ပေါင်း သိရမယ့် နည်းပညာတွေ သုံးပြီး
ထပ်လေ့ကျင့်ပေးသွားဦးမှာပါ ။

– သင်ခန်းစာတွေကို မဖျက်ပဲထားပေးထားမှာမို့
တစ်သက်လုံး ပြန်ကြည့် ပြန်လေ့လာလို့ ရနေပါမယ် ။

– အဓိက လိုအပ်တဲ့ စာအုပ်စာတမ်း ၂ မျိုးဖြစ်တဲ့
Student Book နဲ့ Work Book ကို
PDF file အနေနဲ့ အွန်လိုင်းကနေ အခမဲ့ ပို့ပေးပါမယ် ။
စာအုပ်အနေနဲ့ ထပ်လိုချင်ရင်လည်း
Delivery စနစ်နဲ့ အိမ်တိုင်ရာရောက် ပို့ပေးလိုက်ပါမယ် ။
စာအုပ်ဖိုးနဲ့ ပို့ဆောင်စရိတ်
ထပ်မံပေးသွင်းစရာ မလိုပါဘူး ။

– စာမေးပွဲစစ်တဲ့ အခါ
သက်ဆိုင်ရာ ဆရာ ၊ ဆရာမတွေက
ကလေး *တစ်ယောက်ချင်းစီကို
Video Call ခေါ်ပြီး စစ်ပေးသွားမှာပါ ။
Level တစ်ခု မှာ စာမေးပွဲ ၅ ခါ ဖြေရပါမယ် ။
စာမေးပွဲတွေ စစ်ပေးပြီး
သင်ခန်းစာတွေကို ထိုက်သင့်သလောက် ပိုင်နိုင်သွားတယ်လို့ ယူဆရရင်
နောက် Levels တွေ ဆက် တက်သွားနိုင်မှာဖြစ်ပါတယ် ။

– တကယ်လို့ နောက် Level တက်ခွင့်မရသေးရင်လည်း
ဒီ Level ကိုပဲ သင်တန်းကြေး *လုံးဝ ထပ်သွင်းစရာမလိုပဲ
ထပ်ပြီး တက်ရောက် လေ့လာလေ့ကျင့်နိုင်မှာ ဖြစ်ပါတယ် ။

ခု လောက်ဆိုရင်တော့ သင်တန်းအကြောင်း အတန်အသင့် ပြည့်စုံမယ် ထင်ပါတယ် ။
စိတ်ထဲ မရှင်းတာ ၊ ထပ် သိချင်တာ ၊ ဆွေးနွေးချင်တာ ရှိရင် ပြောခဲ့နိုင်ပါတယ် ။

စာဖြေ ၊ ဖုန်းဖြေပေးနေရတဲ့ ဝန်ထမ်းလေးတွေ အနေနဲ့
ခုလို ကာလမျိုးမှာ လူထောင်ချီကို ဆက်ဆံပေးနေရတာမို့လို့
အခန့်မသင့် အဆင်မပြေတာ တစ်ခုခု ရှိခဲ့ရင်လည်း
နားလည် ခွင့်လွှတ်ပေးပါလို့ ကြို တောင်းပန်ထားပါရစေ ။

ဝန်ထမ်းတွေနဲ့ ပြောရတာ အားမရလို့ …
ကျွန်တော်နဲ့ ( ဒါမှမဟုတ် )
ကျွန်တော့် ဇနီး ( သင်တန်း မန်နေဂျာ ) မမိုးသူနဲ့ မှ တိုက်ရိုက် ပြောချင်တယ်ဆိုရင်
ကျွန်တော်တို့ရဲ့ Facebook Accounts တွေကို တိုက်ရိုက် မေးပြီး လှမ်းပြောနိုင်ပါတယ် ။

Fb – ကိုဇင်ဇေ > https://www.facebook.com/zin.zae
Fb – မမိုးသူလှိုင် > https://www.facebook.com/shaw.layy

လိုအပ်ရင် ကျွန်တော်တို့ကိုယ်တိုင် ဖုန်း ခေါ်ပြီး
ဆွေးနွေးပေးပါ့မယ် ။

ဒီ ကပ်ရောဂါ ကာလကို ဘေးကင်းကင်း ကျန်းကျန်းမာမာနဲ့
အကောင်းဆုံး တောင့်ခံ ကျော်လွှားနိုင်ကြပါစေ
ကျန်းမာရေးတင်မက
စီးပွားရေး ၊ လူမှုရေး အရ ကြုံလာရမယ့် စိန်ခေါ်မှုတွေကိုလည်း
အကောင်းဆုံး ဖြေရှင်း နိုင်ကြပါစေ
ကိုယ့်ရဲ့ သားသမီးတွေအတွက် အကောင်းဆုံး လမ်းပြညွှန်ကြားပေးနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါရစေဗျာ 😇

စေတနာဖြင့်
#ကိုဇင်ဇေ
Active English သင်တန်းတည်ထောင်သူ ၊ သင်ကြားရေးဆရာ

ဆက်သွယ်ရန် :
☎️ 09-4311-5202 / 09-26100-8186
☎️ 09-4011-800-50 / 09-4011-800-60
☎️ 09-4010-91800 / 09-4010 91900

Message ပို့ရန် 👉 https://m.me/activeenglish.younglearners/ 👈

📌
ကိုယ့်ကလေးကို အင်္ဂလိပ် ဘာသာစကားမှာ အားမနည်းစေချင်တဲ့
မိဘတွေ အတွက် ကျွန်တော် သိစေချင်တာလေးတွေကိုလည်း
ကျွန်တော် စာတစ်ပုဒ် ရေးပြီး
လိုတိုရှင်း ပြောပြထားပါတယ် ။
စိတ်ဝင်စားရင် ဒီလင့်ကို
👉 https://www.facebook.com/911752985584575/posts/2368519679907891 👈 ကလစ်နှိပ်ပြီး ဖတ်ရုံပါပဲ ။

📌
ကလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့
အင်္ဂလိပ် ဘာသာစကား သင်ကြားပေးနိုင်မယ့်
သီချင်းလေးတွေ ၊ ကာတွန်း အခြေပြုစကားပြောခန်းလေးတွေ
Videos အခု ၅၀ လောက် ထည့်ပေးထားတဲ့
Mobile App ကိုလည်း
အခမဲ့ ဖြန့်ချီပေးထားတာမို့
လိုချင်ရင် ဒီ Post အောက်မှာ
( ဒါမှမဟုတ် ) စာပို့ပြီး
တောင်းယူခဲ့နိုင်ပါတယ် 😇

ကိုဇင်ဇေ

ကြယ်ငါးကောက်သူတစ်ယောက်မျှသာ

Zin Zae

Zin Zae

Founder

တစ်ခါမှာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ် ကယ်တင်ပေးလိုက်တာဟာ ပင်လယ်ကမ်းခြေ တစ်လျှောက်လုံးမှာ တင်ရှိနေသမျှ ကြယ်ငါးတွေအားလုံးကို ကယ်နိုင်တာမဟုတ်လို့ ဘာမှ မထူးခြားသွားပါဘူးလို့ ပြောနိုင်ပေမယ့် အကယ်ခံလိုက်ရတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သိပ်ကို ထူးခြားသွားတာပဲ မဟုတ်လားဗျာ။ အဲ့လို စိတ်လေးထားပြီး ကြယ်ငါးလေးတွေကို ပုံမှန် ကယ်ပေးနေရင် ကြယ်ငါးကောက်ပြီး ကယ်ပေးသူတွေ ပိုပြီး များ များလာရင် ကျွန်တော်တို့ ကောက်ယူ ကယ်ဆယ်နိုင်လိုက်တဲ့ ကြယ်ငါးလေးပေါင်းများစွာ ရှိလာဖို့ ရည်ရွယ်ပါတယ်

Ko Zin Zae

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေ အဝိုင်းထိပ် အနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

09250005174

Pin It on Pinterest

Share This