fbpx

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့
ဆုံးဖြတ်ပြီးပြီဆိုရင်
? တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး
လေ့လာလေ့ကျင့်မယ်
? အင်္ဂလိပ် ဘာသာစကားနဲ့
ထိတွေ့အောင် ကြိုးစားနေမယ် လို့
ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ???
🙂

♦️
ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့
လေ့လာလေ့ကျင့်ချိန် – နာရီဝက်
ထိတွေ့ချိန် – ၁ နာရီခွဲ ပါ ။
ပို ကြိုးစားချင်တဲ့လူကတော့
လေ့လာလေ့ကျင့်ချိန် – ၁ နာရီ
ထိတွေ့ချိန် – ၃ နာရီပါ ။

♦️
တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင်
ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက်
ရေရှည် လုပ်သွားဖို့ အဓိကပါ ။

? ၂ လ – ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို
ကိုယ် စ သတိထားမိလာမယ် ။
? ၆ လ – ၉ လ လောက်ဆို
ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။
? ၁ နှစ် – ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ
အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။

? ၂ နှစ် ကနေ ၄ နှစ်လောက်ဆို
ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့
ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။
( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ
ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် )
? ၅ နှစ် ကနေ ၈ နှစ်ဆို
ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။
ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ့ အဆင့်ကို ရောက်မယ် ။
( ကိုယ်တိုင်လည်း စိတ်ချ ယုံကြည်မှု
အတန်အသင့် ရှိလာပြီပေါ့ )

♦️
ကြာမယ့် အချိန်တွေကို ကြည့်ပြီး ရင်မောသွားရင်
ရလာမယ့် အကျိုး ကျေးဇူးတွေကို ပြန်ကြည့်ပေါ့ဗျာ ။
အသက်မွေး ဝမ်းကျောင်းချင်းတူရင်တောင်
အင်္ဂလိပ်စာ မကောင်းတဲ့ လူနဲ့
အင်္ဂလိပ်စာ ကောင်းတဲ့ လူဟာ
ဝင်ငွေ အနည်းဆုံး ၃ ဆ ကနေ
၅ ဆ / ဆယ် ဆ အထိ ကွာနိုင်ပါတယ် ။
ငွေရှာတဲ့ အလုပ်မလုပ်ချင်လို့
လူမှုရေး လုပ်ငန်းတွေ
အများ ပြည်သူ အကျိုးပြုလုပ်ငန်းတွေ လုပ်တဲ့အခါ
နိုင်ငံတကာက အကြံဉာဏ် / နည်းပညာ တွေ
လေ့လာလုပ်ကိုင်နိုင်တာမို့
ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်ပါလိမ့်မယ် ။

♦️
ဒီတော့ ခင်ဗျားဟာ အင်္ဂလိပ် ဘာသာစကားကြောင့်
အခက်အခဲ တွေ ကြုံနေရတယ် /
အခွင့်အလမ်း တွေ ဆုံးရှုံးနေရတယ်ဆိုရင်
လူများစု လုပ်နေမိသလို ဆင်ခြေ အမျိုးမျိုးပေးပြီး
အင်္ဂလိပ် ဘာသာစကားကို ပတ်ရှောင်မနေပဲ
စောစော ဆုံးဖြတ်ချက်ချပြီး
ခုကတည်းက စ စမ်းပါဗျာ ။
ဘာသာစကားလေ့လာတယ်ဆိုတာ
( သင်တန်း ကောင်း / ဆရာကောင်း ရှိရင်
အထောက်အကူ အများကြီး ရတယ်ဆိုပေမယ့် )
သင်တန်းတက်မှ ဆရာ နဲ့ သင်မှ
အင်္ဂလိပ်စာ လေ့လာလို့ ရတဲ့ ခေတ်က ကုန်သွားပါပြီ ။
ဆင်ခြေပေးမနေမိပါစေနဲ့ ။
နည်းလမ်း ရှာပြီး စ သာ လုပ်စမ်းပါဗျာ ။

ခင်ဗျား လုပ်နိုင်ပါတယ် ?
ခင်ဗျား လုပ်နိုင်ပါတယ် ??
ခင်ဗျား လုပ်နိုင်ပါတယ် ???

Pin It on Pinterest

Share This