Active English သင်တန်းသားတွေ /
English ဘာသာစကား စတင်လေ့လာသူတွေ အတွက် ရည်ရွယ်တာမို့
အမြင်မတော်ရင် ကျော်ဖတ်သွားကြ နော်ဗျ 🙂
( Elementary / Pre-intermediate အဆင့်
လေ့လာသူတွေ အတွက် အဓိက ရည်ရွယ်ပါတယ် ။ )
♦♦♦
” Hello ” ကို
♦ 1.
တစ်စုံတစ်ယောက် ကို မြင်တဲ့ ၊ တွေ့တဲ့အခါ
နှုတ်ဆက်ဖို့ အတွက် သုံးနိုင်ပါတယ် ။
Hello , John! How are you ?
ဟဲ့လို – ဂျွန် – နေကောင်းရဲ့ လား ?
( မှတ်ချက် ။ နေ့စဉ်သုံး အရပ်သုံးမှာတော့
Hello အစား Hi ကို ပိုပြီး အသုံးများပါတယ် ။
Hi က ပိုပြီး ရင်းရင်းနှီးနှီး ရှိစေလို့ ဖြစ်ပါတယ် ။)
♦ 2.
ဖုန်း ပြန်ဖြေတဲ့အခါ ၊ ဖုန်း စပြောတဲ့အခါ မှာ သုံးနိုင်ပါတယ် ။
Hello – may I speak to Anne ?
ဟဲ့လို – အန်း နဲ့ စကားပြောနိုင်မလား ဗျာ ?
♦ 3.
တစ်စုံတစ်ယောက် ကိုယ့်ကို အာရုံစိုက်မိအောင် ၊ သတိပြုမိအောင်
လှမ်းခေါ်တဲ့အခါမှာ သုံးနိုင်ပါတယ် ။
Hello ! Is there anybody home ?
ဟ လိုး – အိမ်မှာ လူရှိသလားဗျို့ ?
( ” ဟဲ့လို – ဟ လိုး ” စသဖြင့်
အသုံးချတဲ့ နေရာပေါ်မှာ မူတည်ပြီး
အသံ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ် ။
မြန်မာစာ နဲ့ English အသံကို ရေးပြရတာ အဆင်မပြေနိုင်တဲ့ အတွက်
English အသံထွက် Dictionary ကို အသုံးပြုဖို့ အကြံပေးပါရစေ ။
♦ 4.
တစ်စုံတစ်ယောက်က မချင့်ချိန်ပဲ ၊ သတိမကပ်ဘဲ
တစ်ခုခု လုပ်လိုက်မိတယ် ၊ ပြောလိုက်မိတယ် လို့
ထင်တဲ့ အခါမျိုးမှာ လည်း Hello ကို အသုံးပြုပြီး ပြောနိုင်ပါတယ် ။
You didn’t remember her birthday? Hello !
မင်း သူ့ မွေးနေ့ကို မမှတ်မိဘူး ? – ဟဲ့လို
( မှတ်ချက် ။ အပြော ဟန် စာကြောင်း တည်ဆောက်ပုံ ကို အသုံးချထားပေမယ့်
Yes/No မေးခွန်းမေးထားတဲ့ သဘောဆောင်နေလို့
အတက် သံ ( Rising Intonation ) ကို အသုံးပြုပြီး
ပြောရမှာကို သတိထားစေလိုပါတယ် ။ )
♦ 5.
တစ်စုံတစ်ရာ ကြောင့် စိတ်ရှုပ်ထွေးရတဲ့အခါ ၊
အံ့အားသင့်ရတဲ့အခါမျိုးမှာလည်း သုံးနိုင်ပါတယ် ။
( British English မှာ အသုံး ပိုများပါတယ် ။ )
Hello ! What’s happened here ?
ဟဲ့လို – ဒီမှာ ဘာဖြစ်နေကြတာတုန်း / ဘာဖြစ်သွားတာတုန်း ?
~~~~
ဒီလောက် ဆိုရင်တော့ ဒီ နေ့ ” Hello ” သင်ခန်းစာအတွက်
ကျေနပ်လိမ့်မယ် ထင်ပါတယ်ဗျာ ။
” Hello ” လေး တစ်ခွန်း ကို
သေသေချာချာ လည်လည်ဝယ်ဝယ် သုံးတတ်ပါစေဗျာ ။
🙂