fbpx

ကျွန်တော် ပြောပြချင်တဲ့ English ဘာသာစကားလေ့လာသူ အချို့ရဲ့ ခံယူချက် အလွဲတွေ အကြောင်း ( ၁ )
၁။ ၃ လ နဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်တယ် ။ သင်ပေးနိုင်မလား ?

၂။ English ဘာသာစကားကို Native Speakers လို ပြောတတ်ချင်တယ် ။

ဘယ်လောက်ကြာအောင် လေ့လာရမလဲ ။

၃ ။ စကားပြော လုံးဝ ကျွမ်းကျင်ချင်တယ် ။

ဘယ်လောက်ကြာအောင် သင်တန်း တက်ရမလဲ ။

Comments/Messages တွေနဲ့ အထက်ပါ မေးခွန်းတွေကို လှမ်းမေးတတ်လွန်းလို့ ဖြေပေးလိုက်တာပါ ။

စာနဲ့ ဆိုတော့ တိုတိုတုတ်တုတ်ပဲ ပြောပါ့မယ် 🙂

English စကားပြောကို

၃ လနဲ့ ကျွမ်းကျင်တဲ့ အဆင့်ရောက်အောင် ကျွန်တော်တော့ မသင်တတ်ဘူးဗျ ။

၃လ လေ့လာလေ့ကျင့်တဲ့လူကို

၃ လနဲ့ ထိုက်တန်တဲ့ Level တစ်ခု ရောက်အောင်တော့ လမ်းပြပေးနိုင်ပါတယ် ။

သင်ပေးလေ့ကျင့်ပေးနိုင်ပါတယ် ။

ကျွန်တော် ချပေးတဲ့ လမ်းကြောင်းအတိုင်း တကယ်လုပ်ရင် သာမန်လေ့လာနေသူထက်

၂ ဆ လောက် Speaking and Listening မှာ တိုးတက်နိုင်တယ် ။

ဒါပေမယ့် အဲ့ဒါ ကျွမ်းကျင် အဆင့်ရောက်တယ်လို့တော့ ပြောလို့မရဘူးဗျ 🙂

ဘာသာစကားဆိုတာ ကျယ်ပြန့်တဲ့အတွက် ကျွမ်းကျင်တယ်ဆိုတာ ကို

ဘယ်လိုသတ်မှတ်သလဲဆိုတာ

တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး ။

Native Speakers အချင်းချင်းလည်း

စကားပြော စွမ်းရည် မတူပါဘူး ။

  • ပညာ သိပ်မတတ်သူ
  • ပညာတတ်
  • ပညာတတ် လူသိများ ထင်ရှားသူ

စသဖြင့် ဘဝအခြေအနေတွေ ကွာခြားသလို

ဘာသာစကား စွမ်းရည်လည်း ကွာခြားပါတယ် ။

Native Speaker လို ပြောနိုင်တယ်ဆိုတိုင်း

Advanced Level လို့ ကျွန်တော်က မသတ်မှတ်ပါဘူး ။

ကျွန်တော်ကတော့ Advanced ကျွမ်းကျင်အဆင့်ဆိုတာ ဘာသာစကားတစ်ခုကို

စင်မြင့်ထက်မှာ ဟောပြောနိုင်တဲ့ အခြေအနေ / စာပေမှာဆိုရင်လည်း စာသမားအချင်းချင်းချီးကျူးရတဲ့ အဆင့်အထိ ရေးသားပြုစုနိုင်သူလို့ သတ်မှတ်ထားတာမို့လို့

အနည်းဆုံး ၇ နှစ်ကနေ ၁၀ နှစ် အချိန်ပေးမှ ရမယ်လို့ ခံယူထားပါတယ် ။

ဒါကိုမှ Advanced အဆင့်မြင့် Level လို့ ကျွန်တော်က သတ်မှတ်ပါတယ် ။

ဒါကြောင့် ကျွန်တော့် သင်တန်းမှာ

Advanced Level ဆိုတာကို

ထည့်တောင် မကြော်ငြာတာပါ ။ ကျွန်တော်ကိုယ်တိုင်တောင် ရောက်သေးတာမှ မဟုတ်တာ ။

ဘယ်လိုလို့ သူများကို သင်ပေးနိုင်မလဲ 😀

( ဒီမှာ အရေးကြီးတဲ့ ကျွန်တော့် ဆိုလိုရင်းက Advanced Level ဆိုတာ

မြန်မာ အချင်းချင်း ချီးကျူးရုံမျိုးမဟုတ်ပဲ English – Native Speakers တွေကပါ

တလေးတစား နားထောင် ဖတ်ရှု ရတဲ့ အဆင့်ကို ပြောတာပါ )

ဗြိတိန် ဝန်ကြီးချုပ် Winston Churchill ဟာ အရေးအသားမှာ နာမည်ကြီးပါတယ် ။

စကားလုံး ခန့်မှန်းခြေ ၆ သောင်းလောက်ကို သုံးစွဲရေးသားလို့ ဖြစ်ပါတယ် ။

ကျွန်တော် သတ်မှတ်တဲ့ Advanced level ဆိုတာ အနည်းဆုံး စကားလုံး ၅ သောင်း ရှိတာကို ပြောတာပါ ။

Starter / Beginner = 1,500

Elementary = 2,500 to 3,000

Pre-Intermediate = 4,500 to 5,000

Intermediate = 7,000 to 8,000

Upper-Intermediate = 18,000 to 20,000

Advanced = 50,000 to 65,000

စသဖြင့် လိုအပ်တယ်လို့ ကျွန်တော် လေ့လာဖူးတဲ့ နိုင်ငံတကာက

Research Paper တွေ / သင်ရိုး နဲ့ သင်ကြားနည်း လမ်းညွှန်တွေကနေ

ကျွန်တော် အနှစ်ချုပ် သတ်မှတ်ထားပါတယ် ။

ဒီလောက် Vocab Range ကို အချိန် ဘယ်လောက် မြန်မြန်နဲ့ ရနိုင်တယ်လို့ ယုံကြည်ပါသလဲ ။

ကျွန်တော်ကတော့ အဆင့်မြင့်မြင့်နေရာ ရောက်ချင်ရင် ကိုယ့်ဘက်က လည်း အားများများ စိုက်ထုတ်ရမယ်လို့ ပဲ ခံယူထားပါတယ် ။

ဒါကြောင့် ကျွန်တော့် သင်တန်းမှာ

ရေတို ခဏလေးနဲ့ အသားကုန် ကျွမ်းကျင်ချင်ပါတယ်ဆိုတဲ့လူများ ကို ကျွန်တော် သင်မပေးတတ်ပါကြောင်း

အသိပေးလိုက်ရပါတယ် ခင်ဗျာ

🙂

လေးစားလျက်

ကိုဇင်ဇေ

Founder and Trainer

Active English သင်တန်း

” အကာ ဆန်တဲ့ အပေါ်ရံ စကားလုံးတွေကို ကျော်လွန်ပြီး

တကယ့် အနှစ်အသားကို နားလည် ခံစား တန်ဖိုးထားနိုင်ကြပါစေဗျာ “

🙂

Pin It on Pinterest

Share This