fbpx

ဘဝမှာ လမ်းပျောက်နေပါတယ် ဆိုတဲ့
လူများစု မေ့နေတာလေး တစ်ခု ရှိတယ် ?
? ကိုယ့်ဘဝမှာ ဘယ်အရာတွေကို
တန်ဖိုးထားတယ်ဆိုတာကို
သေချာ မသတ်မှတ်ထားမိတာပါ ။
အဲ့လို ကိုယ့် ဘဝရဲ့ စံ တန်ဖိုးတွေကို
သေချာ မသတ်မှတ်ထားမိတော့
ကိုယ် ဘာကို လိုချင်တယ်ဆိုတာ သေချာသိဖို့လည်း
ပို ခက်သွားတယ် ။


ကိုယ် ဘာလိုချင်လဲဆိုတာ သေချာ မသိတော့
ဘာ လုပ်ရမယ် ?
ဘယ် လမ်းကို လျှောက်ရမယ်ဆိုတာ သေချာ သိဖို့
ခက်သွားတော့တာပါပဲ ။ ?
ကျွန်တော် ကိုယ်တိုင်လည်း
သင်္ဘောပေါ်က ပြန်လာကာစ မှာ တစ်ခါ
MLM လောက ကနေ ထွက်လာကာစမှာ တစ်ခါ
အဲ့လို လမ်းပျောက်တယ်ဆိုတဲ့ ခံစားချက်မျိုး
ခံစားခဲ့ဖူးပါတယ် ။ ?

စားဝတ်နေရေး ပြေလည်အောင် လုပ်သင့်တာလေးတွေ
လုပ်နေရုံကလွဲလို့ ဘဝမှာ နေရတာ
သိပ် အဓိပ္ပာယ် မရှိသလို
ခံစားခဲ့ရတာမျိုးပေါ့ ။
ကံကောင်းတာက လုပ်စရာ မရှိရင် လည်း
ငုတ်တုတ်တော့ ထိုင် မနေနိုင်ဘူး ။
လေ့လာလို့ရတာ အကုန် လေ့လာမယ်ကွာဆိုတဲ့
စိတ် ကလေး ဝင်လာတာရယ်
ငယ်ငယ်က ရှိခဲ့တဲ့ စာဖတ်အားလေးရယ်ကြောင့်
နိုင်ငံတကာက တိုးတက်အောင်မြင်ရေး နဲ့ ပတ်သက်တဲ့
ဆောင်းပါးကောင်းတွေ / စာအုပ်ကောင်းတွေ
ဖတ်ဖြစ်ခဲ့တယ် ။

ဟောပြောပွဲတွေ နားထောင် ဖြစ်
အွန်လိုင်း သင်တန်းတွေ တက်ဖြစ်ခဲ့တယ် ။
အဲ့ဒါတွေ လုပ်ရင်းနဲ့မှ
လမ်းမှန်ပေါ် ပြန်ရောက်လာတာပါပဲ ။ ?

အခု ဒီအချိန်မှာ ကျွန်တော် တစ်ဦးတည်း အနေနဲ့ရော
Power of Passion သင်တန်း အနေနဲ့ပါ
လူငယ် ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး စာတွေ ရေးဖြစ်
ဟောပြော ဆွေးနွေးတာလေးတွေ လုပ်ပေးဖြစ်တယ်ဆိုတာ
ဒီ ကိုယ်ချင်းစာ စိတ်ကြောင့်ပါပဲ ။

( English ဘာသာစကား သင်တန်းမှာတောင်
တစ်ချို့ လူတွေ ကြိုက်ချင်မှ ကြိုက်မယ်ဆိုတာ သိပေမယ့်
ကျွန်တော် ဒါတွေကို ရသလောက် ညှပ်ပြောပေးပါတယ် ။
အခု မလိုသေးလည်း နောင် လိုလာချိန်မှာ
သုံးနိုင်စေချင်လို့ပေါ့ လေ ) ?

ကျွန်တော်တို့ နှစ်ချီ လေ့လာ ခဲ့
အကြိမ်ကြိမ် ပြန်လှန် သုံးသပ်ခဲ့
ကြိုးစား လုပ်ကိုင် ခဲ့ရတာတွေကို
အချိန်တို သင်တန်းလေးတွေ ပေးရုံ
ဆောင်းပါးလေး တွေ ရေးရုံနဲ့တော့
အပြည့်အဝ လက်ဆင့်ကမ်းပေးနိုင်မှာ မဟုတ်ပေမယ့်
ကျွန်တော်တို့လိုပဲ လမ်းစလေး တွေ့သွားမယ် /
ကျွန်တော်တို့လို ဆရာမရှိ ဆရာမတင်တတ်လို့
စမ်းတဝါးဝါး သွားခဲ့ရတာထက်
နည်းနည်းလောက်တော့
အချိန်ကုန် ပို သက်သာသွားမယ် လို့
ယုံကြည် မျှော်လင့်မိပါတယ် ။

ဒါ ကျွန်တော့် ဘဝရဲ့ အဓိပ္ပာယ်ကို တည်ဆောက်ပေးနိုင်မယ့် လမ်းကြောင်း တစ်ခုလို့ပဲ ကျွန်တော် ခံယူထားပါတယ် ။
?
❗️
ဒီတော့ အပေါ်မှာ ပြောခဲ့တာလေး ပြန်ကောက်ရရင်
ဘဝမှာ လမ်းပျောက်နေတယ်လို့ ခံစားနေရရင်
ဘာလုပ်ရမလဲ ? ဘယ်လမ်းကို လျှောက်ရမလဲ ?
ဆိုတာတွေ ကို မစဉ်းစားခင်
ကိုယ့် ဘဝမှာ ဘာတွေကို တန်ဖိုး ထားသလဲ ?
ဘယ်လောက်ထိ တန်ဖိုး ထားသလဲ ဆိုတာလေးကို
အရင် သေချာ ပြန် စဉ်းစားကြည့်စေချင်ပါတယ် ။
အဲ့လို ပြန် စဉ်းစားတဲ့ အခါမှာ
အထောက်အကူကောင်း တစ်ခု ဖြစ်အောင်
လူများစု တန်ဖိုးထားလေ့ ရှိတဲ့
တန်ဖိုး ထားသင့်တယ်လို့
ကျွန်တော် ယူဆမိတဲ့ အရာလေးတွေ
ကျွန်တော် ကြိုပြီး ချရေးပေးထားပါ့မယ် ။

???
၁။ ချစ်ခြင်း မေတ္တာ
( ကိုယ့် လက်တွဲဖော် / မိသားစု အပေါ် နဲ့
ကိုယ့် မိတ်ဆွေတွေ ကြားမှာ
အပြန်အလှန် ထားကြတဲ့ အရာပေါ့လေ )
၂။ ကိုယ်ချင်းစာ တရား နဲ့ ကိုယ်ကျင့် သိက္ခာ
၃။ ငွေကြေး လုံလောက်မှု / မပူပင်ရမှု / လွတ်မြောက်မှု
၄။ ကျန်းမာရေး
၅။ လူ တွေကို ကူညီဖို့ /
လူ့ အဖွဲ့ အစည်းကို တစ်ခုခု ပြန်ပေးဖို့ /
ကိုယ် သေရင် ကျန်ခဲ့စေချင်တဲ့ အရာတွေ တည်ဆောက်ဖို့
၆။ အသိပညာ / အတတ်ပညာ /
တခြားလူတွေတောင် မသိသေးတဲ့ တစ်စုံတစ်ရာကို
စူးစမ်း ဖော်ထုတ် လိုမှု
၇။ အနုပညာ ခံစားလိုမှု / ဖန်တီးလိုမှု
၈။ လူချစ် လူခင်များမှု / အသိအမှတ်ပြုခံရမှု
၉။ စိတ် ဝိဉာဉ်ပိုင်း စိတ်ရာ အေးချမ်းမှု / လွတ်မြောက်မှု
၁၀။ ပျော်ရွှင်မှု / စိတ်ချမ်းမြေ့ ကျေနပ်မှု
ဒီ ၁၀ ခုအပြင် တခြား အရာတွေလည်း
ရှိနိုင်ပါသေးတယ် ။
ကိုယ်ရဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ နဲ့
စိတ် ခံစားချက်တွေအရ
လိုတိုး ပိုလျှော့ လုပ်ရမှာပါပဲ ။
? အခုလို အလားတူ ကိုယ်ပိုင် စာရင်း တစ်ခု
ရေးသား တည်ဆောက်ပြီးပြီဆိုရင်
ကိုယ့် ဘဝကို ၁၀၀% လို့ သဘောထားပြီး
ဒီ အရာတွေကို ရာခိုင်နှုန်း ဘယ်လောက်စာလောက်စီ
ရှိစေချင်တယ်ဆိုတာ သေချာ သတ်မှတ်ပေးပါ ။
ပြီးရင် အဲ့ သတ်မှတ်ချက်တွေ နဲ့ ကိုက်ညီမယ့်
အလုပ်ကို ရှာပါ ။ ပညာကို သင်ပါ ။
အဆက်အသွယ်ကို ရှာပါ ။
တနေ့ တစ်လှမ်းပဲ လှမ်းနိုင်ပါစေဦး ။
ကိုယ် လျှောက်ချင်တဲ့ လမ်း ကို လျှောက်ပါ ။
( လျှောက်စရာ လမ်းမရှိသေးရင်
ကိုယ်တိုင် ဖောက်ပါ )
( ကျွန်တော် ပညာအခြေခံ စီးပွားရေး မျိုးကိုပဲ
အဓိက လုပ်ဖြစ်တာ /
MLM နဲ့ ပတ်သက်လို့
အသိပညာပေးဆန့်ကျင်ရေးတွေ လုပ်ဖြစ်တာ /
တစ်ချို့ လူတွေကို စာနဲ့ ရော
လူကိုယ်တိုင်ပါ တွေ့ပြီး
ဆွေးနွေး အကြံပေးပေးလေ့ရှိတာတွေဟာ
ဒီ စံတွေ နဲ့ ချိန်ထိုး ရွေးချယ် လုပ်ကိုင်နေတာပါပဲ ။ )
တစ်ချို့ လူတွေ ဒီလို စံတန်ဖိုးတွေ မသတ်မှတ်ခဲ့ပဲ
ကြုံရာ လမ်းကို လျှောက်ခဲ့မိလို့
အများ အမြင်မှာ အောင်မြင်နေလျက်နဲ့တောင်
ကိုယ်တိုင်က လမ်းပျောက်နေသလို ခံစားနေရတတ်ပါတယ်
?
???
ဒါကြောင့် ဘဝမှာ လမ်းပျောက်သလို ခံစားနေရရင်
ကိုယ့်ဘဝရဲ့ စံတန်ဖိုးတွေကို
စိတ်အေးအေးနဲ့ သေချာ စဉ်းစား သုံးသပ်ပြီးမှသာ
ကိုယ် လုပ်သင့်တဲ့ အလုပ်
ကိုယ် သင်ချင်တဲ့ ပညာ
ကိုယ် လျှောက်ချင်တဲ့ လမ်းကို ရွေးပါ ။
ဒါဆို ကိုယ့် ဘဝမှာ
အရမ်း သိသိသာသာ မအောင်မြင်သေးရင်တောင်
ရှင်သန်နေထိုင်နေရတာ ကြိုးစားနေရတာကိုတောင်
ကျေနပ် ပျော်ရွှင်နေနိုင်မှာပါဗျာ ။
စေတနာဖြင့်

Pin It on Pinterest

Share This