fbpx

အင်္ဂလိပ် သဒ္ဒါလေ့လာတဲ့ အခါမှာ ကျောင်းသား အများစု တိုင်ပတ်လေ့ရှိတာက
ကိုယ် ပြောချင်ရေးချင်တဲ့ စာကြောင်းမှာ ပါနေတဲ့ Verbs တွေကို
ဘယ် Tenses တွေနဲ့ သုံးစွဲရမလဲ ဆိုပြီး စဉ်းစားဆုံးဖြတ်ရတဲ့ အခါမျိုးတွေပါ ။

♦ အင်္ဂလိပ် သဒါ္ဒ အရ Tenses က ၁၂ မျိုးလောက် ခွဲထားတော့
ဘယ် အခြေအနေ အချိန်အခါမျိုးမှာ
ဘယ် Tense ကို သုံးရမလဲ ဆိုတာ လေ့လာသူတွေ အတွက်
တကယ်ကို ခေါင်းစားစရာ ဖြစ်တတ်ပါတယ် ။

ပိုဆိုးတာက Present Tense ကို ပစ္စုပန် လို့ အလွယ်ဘာသာပြန်သင်လိုက်တာကို
အတန်းကြီးတဲ့ အထိ ( တစ်ချို့တွေ ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်တဲ့ အထိ )
အသေ မှတ်ထားမိပြီး
( ငယ်ငယ်က ဆရာသင်ပေးလိုက်တာကို ကိုယ့် ဘာသာ ချဲ့ထွင် မလေ့လာဖြစ်ရင် )
အနာဂတ် အကြောင်း ပြောတဲ့ အခါမှာ Present Tense ကို
သုံးလို့ ရမှန်း မသိတော့ မသုံးမိပဲ သဘာဝကျတဲ့ အင်္ဂလိပ်စကားမျိုး မဖြစ်တော့ပဲ
ခပ်ထောင့်ထောင့် ” စာ စကား ” မျိုးတွေ ပြောမိတတ်တော့တာပဲ ။

Present Continuous Tense ကို လက်ရှိ လုပ်နေ ဆဲ အချိန်မှာ သုံးရတယ်
ဆိုတာလောက်ပဲ အသေမှတ်ထားရင်
အနာဂတ် အတွက် Present Continuous Tense သုံးလို့ရတဲ့ နေရာတွေမှာ
တိတိကျကျ လှလှပပ မသုံးတတ်ပဲ ဖြစ်နေတော့တာပဲပေါ့ဗျာ ။

♦ ဒါကြောင့် Tenses တွေကို လေ့လာတဲ့ အခါ
အခြေခံ အဆင့်မှာ အပေါ်ယံ အလွယ် မှတ်ခဲ့တာတွေရှိရင်တောင်
နောင်ကျရင် တဖြည်းဖြည်း တိုးချဲ့ အသေးစိတ်ပြီး လေ့လာသင့်ပါတယ် ။

Tense တစ်ခု ကို ဘယ်လို သုံးရမလဲ ဆိုတဲ့ ကိစ္စ ဟာ နည်းနည်း လွယ်ပေမယ့်
ဘယ်လိုနေရာ ဘယ်လို အချိန်အခါ မျိုးမှာ ဘာကြောင့် သုံးရမယ် ဆိုတာမျိုး
စဉ်းစားရတာကတော့ နည်းနည်း ပညာသားပိုပါလို့
ဒီ စာစုမှာ ဒီကိစ္စလေးကို ဆွေးနွေးမျှဝေပေးသွားပါမယ် ။

အခု စာစုမှာတော့ အခြေခံ အကျဆုံးနဲ့ အတွေ့ရအများဆုံးလို့ ပြောနိုင်တဲ့
( Simple ) Present Tense ကို
ဘယ်လို နေရာမျိုးတွေမှာ အသုံးပြုရမယ်ဆိုတာလေးကို ဆွေးနွေးပေးသွားပါ့မယ် ။

♦ 1 ♦
ပထမဆုံး အသုံးကတော့ အများစု သိပြီးသားပါ ။
Present Tense ကို ယေဘူယ မှန်တဲ့ ၊
အများအားဖြင့် မှန်ကန်တဲ့ အကြောင်းအရာတွေကို
ပြောဆိုရေးသားရာမှာ သုံးပါတယ် ။

Plants die without water. ( အပင်တွေဟာ ရေမရှိရင် သေတယ် ။ )
Two and two make four. ( ၂ နဲ့ ၂ ပေါင်းရင် ၄ ရတယ် ။ )
The sky isn’t green. ( ကောင်းကင်ဆိုတာ အစိမ်းရောင် မဟုတ်ဘူး ။ ) စတာမျိုးတွေပေါ့ ။

♦ 2 ♦
အမြဲတမ်း ( နီးပါး ) ဖြစ်နေ တဲ့ အနေအထားမျိုး ၊
လုပ်ရပ်မျိုးတွေမှာလည်း Present Tense ကို သုံးပါတယ် ။

Where do you live? ( မင်း ဘယ်မှာ နေတာလဲ ။ )
She works in a bank. ( သူ က ဘဏ်မှာ အလုပ်လုပ်တာ ။ )
They love coffee. ( သူတို့က ကော်ဖီ ကြိုက်တယ် ။ )

♦ 3 ♦
တတိယ အသုံးကတော့ ကျွန်တော်တို့ ပုံမှန်လုပ်လေ့ရှိတဲ့ အရာတွေ ၊
အလေ့အကျင့်တွေ အကြောင်း ပြောရင် သုံးပါတယ် ။
များသောအားဖြင့် အကြိမ်အရေအတွက်ပြ ကြိယာဝိသေသန
( adverbs of frequency ) နဲ့ တွဲသုံးလေ့ရှိတယ် ။

I play tennis every Tuesday.
( အင်္ဂါနေ့တိုင်း ကျွန်တော် တင်းနစ် ကစားတယ် ။ )

We sometimes go to the cinema.
( ကျွန်တော်တို့ တစ်ခါတလေ ရုပ်ရှင်ရုံ သွားလေ့ရှိတယ် / ရုပ်ရှင်သွားကြည့်လေ့ရှိတယ် ။ )

♦ 4 ♦
စာအုပ် ၊ ပြဇာတ် ၊ ရုပ်ရှင် တွေထဲမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေ အကြောင်း ပြောရင်လည်း
Present Tense ကို သုံးပါတယ် ။

The hero dies at the end of the film.
( ဇာတ်လမ်း အဆုံးမှာ သူရဲကောင်း သေသွားတယ်လေ ။ )

The main character is very pretty and works in a bookshop.
( အဓိက ဇာတ်ကောင်က အတော်လေး လှတယ် ။
စာအုပ်ဆိုင်မှာ အလုပ်လုပ်တယ် လေ ။

♦ 5 ♦
” the first and the zero conditionals ” တွေမှာ သုံးပါတယ် ။
Conditionals အကြောင်းကတော့ နောက်မှ သီးသန့် ဆွေးနွေးပါဦးမယ် 🙂
အဓိကက ” ဒါ ဖြစ်ရင် … ဒါ ဖြစ်မယ် ” ဆိုတာမျိုးတွေပေါ့ ။

If it rains, I won’t come. ( မိုးရွာရင် ငါ မလာတော့ဘူး ။ )

If you heat water to 100 degrees, it boils.
( ရေ ကို ၁၀၀ ဒီဂရီ အထိ အပူပေးလိုက်ရင် ဆူပွက်လာမှာ ။ )

♦ 6 ♦
ဒီ အသုံးကတော့ ထူးထူးခြားခြားပါပဲ ။
အနာဂတ် အကြောင်း ပြောတဲ့ နေရာမှာ လည်း
Present Tense ကို သုံးနိုင်ပါတယ် ။
အချိန်ဇယားတွေ ၊ အတိအကျ သတ်မှတ်ပြီးသား အစီအစဉ်တွေ အကြောင်း ပြောဆိုတဲ့ အခါမှာ
( ကာလ က အနာဂတ် မှာ ဖြစ်နေပေမယ့်လည်း )
Present Tense ကို သုံးနိုင်ပါတယ် ။
များသောအားဖြင့် အဲ့ဒီ အချိန်ဇယားတွေကို စီစဉ်ရေးဆွဲတာက
ကျွန်တော်တို့ (ပြောဆိုသူ) မဟုတ်ပဲ
ပြင်ပ အဖွဲ့အစည်း တစ်ခုခုက ဖြစ်နေတဲ့ အခါမျိုးတွေပေါ့ ။

School begins at nine tomorrow.
( မနက်ဖြန် ကျောင်းချိန်က ၉ နာရီဆို စပြီ ။ )

Our train leaves at eleven
( ငါတို့ စီးရမယ့် ရထားက ၁၁ နာရီမှာ ထွက်မှာ ။ )

What time does the film start?
( ရုပ်ရှင် ဘယ်တော့ စပြမှာလဲ ။ )

When does the class finish?
( အတန်း ဘယ်အချိန် ပြီးမှာလဲ ။ )
….. စတာမျိုးတွေပေါ့ ။

♦ 7 ♦
‘when’, ‘until’, ‘after’, ‘before’ , ‘as soon as စတဲ့
စကားလုံးတွေရဲ့ အနောက်ကနေ လိုက်ပြီး
အနာဂတ် အကြောင်း ကို ပြောဆိုရာမှာ လည်း
Present Tense ကို သုံးပါတယ် ။
( ဒီ စကားလုံးတွေ ပါဝင် ဦးဆောင်တဲ့ စာစုအတွင်းမှာ
Present Tense ကို သုံးရပြီး
နောက် စာစု တစ်ခုအတွင်းမှာ တော့ Future Tense ကို သုံးလေ့ရှိပါတယ် )

  • I will call you when I have time.
    ( ငါ အချိန်ရရင် မင်းဆီ ဖုန်းခေါ်လိုက်မယ် ။ )
  • I won’t go out until it stops raining.
    ( မိုး မတိတ်မချင်း ငါ အပြင် မထွက်ဘူး ။ )
  • She’ll come as soon as her babysitter arrives.
    ( ကလေးထိန်း ရောက်လာတာနဲ့ သူ(မ) ထွက်လာလိမ့်မယ် ။ )
  • I’ll give you the book before you go.
    ( မင်း မသွားခင် ငါ စာအုပ်ပေးလိုက်မယ် ။ )

♦ 8 ♦
နောက်ဆုံး အနေနဲ့ မှတ်ထားသင့်တာကတော့
Stative verbs တွေနဲ့ ပြောဆိုရေးသားရတဲ့ အခါမှာလည်း
Present Tense ကို သုံးပေးရပါတယ် ။
( သာမန် အားဖြင့် present continuous သုံးလို့ရလောက်တဲ့ အခြေအနေမျိုး ဖြစ်နေပေမယ့်
ကိုယ် အသုံးပြုတဲ့ Verb က ပြုလုပ်ခြင်းပြ ကြိယာ
( Action Verbs ) မျိုး မဟုတ်ပဲ
အခြေအနေ ၊ စိတ်ခံစားချက် ပြ ကြိယာ
( Stative or State verbs ) မျိုး ဖြစ်နေတဲ့ အခါမှာ
Present Tense ကို သုံးပေးရတာပါ ။ )

  • This soup tastes great. ( ဒီ စွပ်ပြုတ်က အတော်လေး အရသာ ရှိတာပဲ ။ )
    ( ” This soup is tasting great – ဒီ စွပ်ပြုတ်က အတော်လေး အရသာ ရှိနေတယ် ” လို့
    မသုံးသင့်ပါဘူး ။ )
  • I think she is very pretty.
    ( သူ အတော်လေးကို လှတယ်လို့ ငါ ထင်တယ် ။ )
    ( ” I am thinking – ငါ ထင်နေတယ် ” လို့ မသုံးသင့်ပါဘူး ။ )
  • I promise I will help you. ( ငါ မင်းကို ကူညီမယ်လို့ ကတိပေးတယ် ။ )
    ( ” I am promising – ငါ ကတိပေးနေ တယ် ” လို့ မသုံးသင့်ပါဘူး ။ )

~~~~~

အခုလောက် ဆိုရင်တော့ ( Simple ) Present Tense ကို
ဘယ်လို အနေအထားမျိုးမှာ သုံးလို့ရတယ် ၊ သုံးသင့်တယ် ဆိုတာကို
နားလည် သဘောပေါက်လိမ့်မယ်လို့ ယူဆပါတယ် ။
Present Tense ကို လို့ Simple ထည့်ပြောရတာက
Present Continuous , Present Perfect စတာတွေနဲ့ ကွဲပြားအောင်လို့ ဖြစ်ပါတယ် ။

အခု ဆွေးနွေးသွားတဲ့ အခြေအနေ ၈ မျိုးလုံးကို
အစပိုင်းမှာ ပိုင်နိုင်စရာ မလိုပါဘူး ။

Elementary အဆင့်မှာ အခြေအနေ ၃ မျိုး
Pre-intermediate အဆင့်မှာ အခြေအနေ ၅ မျိုး
Intermediate အဆင့်ကျမှ အခြေအနေ ၈ မျိုးလုံး ကို
ပိုင်နိုင်အောင် လေ့လာလေ့ကျင့်သွားတာမျိုးလည်း လုပ်နိုင်ပါတယ် ။

အင်္ဂလိပ် ဘာသာစကားက ရေရှည် လေ့လာ လေ့ကျင့်သွားရတာမျိုးပါ ။
ပေါ့ပေါ့ပါးပါး ပိုင်ပိုင်နိုင်နိုင်နဲ့ မပျက်မကွက် လေ့လာသွားရင် လိုချင်တဲ့ ပန်းတိုင်ရောက်မှာပါဗျာ ။

” အားလုံးပဲ ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက် လှမ်းနိုင်ကြပါစေဗျာ “
🙂

Pin It on Pinterest

Share This