fbpx

Young Learner Class

ကလေးများအတွက် Active English သင်တန်း ရဲ့

” Young Learner Class” ?

•••••••••••••••••••••••••••••••••••••••••••••••••••

 

♦️ မိမိရင်သွေးကို

ငယ်ငယ်ရွယ်ရွယ် ကတည်းက အခြေခိုင်ခိုင် ယုံကြည်မှုရှိရှိနဲ့

အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ အခက်အခဲ မရှိစေလိုတဲ့

မိဘများအတွက်

#ActiveEnglish သင်တန်း ရဲ့ “ Young Learner Class” ကနေ

ကူညီ ပေးပါရစေဗျာ ။

?

 

♦ June လ အတွင်း အသစ်ဖွင့်လှစ်မည့်

တန်းခွဲသစ်အချိန်ဇယားများ ပါဝင်ပါတယ်။

( ကျောင်းဖွင့်ချိန်နဲ့ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ် )

9.6.18 မှာ တန်းခွဲသစ်များ ဖွင့်လှစ်မှာဖြစ်လို့

လူပြည့်သွားလို့ မတက်လိုက်ရမှာ စိုးရိမ်သူ မိဘ ၊

အုပ်ထိမ်းသူများ အနေနဲ့ ကြိုတင်အပ်နှံနိုင်ပါပြီ …

?

 

သင်တန်းအကြောင်း အပြည့်အစုံကို

အောက်မှာ ဆက်လက် ဖတ်ရှူနိုင်ပြီး

ထပ်သိချင်တာတွေ ရှိရင်

ဖုန်း 09 261008186 / 09 2522 74890 တို့ကို

ဆက်သွယ် စုံစမ်းနိုင်ပါတယ်ဗျာ ။

?

 

???

ဆယ်တန်းအောင်ပြီးမှ ၊ ဘွဲ့ရပြီးမှ

အင်္ဂလိပ်စာ အခြေခံမခိုင်လို့

မျက်နှာငယ်ငယ်နဲ့

သင်တန်းတွေ လိုက်စမ်းတက်ကြည့်ရတာမျိုး

ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဖြစ်စေချင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။

အသက် ရလာမှ အစကနေ ပြန်ပြန်စနေရတာထက်စာရင်

ငယ်ငယ်ကတည်းက အခြေခိုင်ခိုင် နဲ့

အင်္ဂလိပ်စာ ကို ကြောက်စရာလို့ မမြင်ပဲ

ကိုယ့် ဘဝတက်လမ်း အတွက်

အသုံးချစရာ လှေကား တစ်ခုလို့ပဲ မြင်လာအောင်

ကျွန်တော်တို့ သင်တန်းက ကူညီပေးချင်ပါတယ် ။

ငွေကုန်ကြေးကျ အရမ်း မများပဲ ရေရှည် တက်နိုင်အောင် ၊

အင်္ဂလိပ်စာကို စိတ်ဝင်တစား ကိုယ့်ဘာသာကိုယ် ဆက်လေ့လာသင်ယူချင်စိတ်ပေါက်သွားအောင် ၊

အခြေခံ သိသင့်သိထိုက်တာတွေ ပိုင်ပိုင်နိုင်နိုင်သိပြီး

အထက် အဆင့်ဆင့် ဆက်လေ့လာရာမှာ

ပိုမိုလွယ်ကူသွားအောင် ၊

တတ်စွမ်းသလောက် လမ်းပြသင်ကြားပေးဖို့

ရည်ရွယ်ထားပါတယ် ။

အဓိက ပြောချင်တာကတော့ ဒီသင်တန်းလေးဟာ

” ကလေးများအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်း “

ဆိုတာမျိုး ခါတော်မီ သင်တန်းမျိုး မဟုတ်ပါဘူး ။ ?

 

#ActiveEnglishသင်တန်း ဖွင့်ခဲ့တဲ့ ကာလ တစ်လျှောက်

မိဘတွေရဲ့ တောင်းဆိုမှုတွေ အကြိမ်ပေါင်းများစွာရှိခဲ့ပေမယ့်

ကျွန်တော်တို့ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကနေ

သွေဖယ် အားလျော့မှာစိုးလို့

ဒီလို ၅ နှစ်ကနေ ၁၃ နှစ်အရွယ်ကလေးတွေ အတွက် သင်တန်းမျိုး မဖွင့်ခဲ့ပါဘူး ။

အခုမှ အကြိမ်ကြိမ် အခါခါ သေချာ စဉ်းစားစီစဉ်ပြီးမှ

” ဖရိုဖရဲ အင်္ဂလိပ်စာ အခြေခံ ” တွေနဲ့

ကိုယ့်ဆီကို ရောက်လာနေတာကို

ကိုယ်ချင်းစာ သတိထားမိလာပြီး မနေနိုင်တော့လို့

သေသေချာချာ ပြင်ဆင်ပြီးမှ

၂၀၁၆ ၊ ၁၁ လပိုင်းက စတင်ပြီး ဒီလို သင်တန်းမျိုးကို

ထပ်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ် ။

ဒါကြောင့် နွေရာသီ ပြီးဆုံးချိန်မှာလည်း ကလေးတွေ

အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေ့မှု မပြတ်သွားအောင် …

အင်္ဂလိပ်ဘာသာစကား စွမ်းရည်

ပုံမှန်တိုးတက်မှု ရှိနေအောင် …

ကျောင်းချိန်လွတ် စနေ ၊ တနင်္ဂနွေတန်းခွဲတွေ ဆက်လက် ဖွင့်လှစ် ပေးထားတာ ဖြစ်ပါတယ် ။

?

 

ကလေးတွေကို ယေဘူယအားဖြင့်

အသက် ၅ နှစ်ကနေ ၇ နှစ် ၊

အသက် ၈ နှစ်ကနေ ၁၀ နှစ် ၊

အသက် ၁၁ နှစ်ကနေ ၁၃ နှစ် ဆိုပြီး ၃ တန်းခွဲ သင်ပေးဖို့

အကြမ်းဖျဉ်းအားဖြင့် စီစဉ်ထားပါတယ် ။

သင်တန်းလာအပ်တဲ့ ကလေးတိုင်းကို

အရင်ဆုံး Level စစ်တဲ့ စာမေးပွဲလေး ဖြေဆိုခိုင်းမှာ ဖြစ်ပြီး

အဲ့ဒီ ရလာဒ်ပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ အတန်းမှာ တက်ရောက်ဖို့

တိုက်တွန်း အကြံပြုပေးမှာ ဖြစ်ပါတယ် ။

 

♦ သင်ရိုး နှင့် သင်ကြားမှု ပုံစံ ♦

*** Oxford တက္ကသိုလ် က ထုတ်ဝေထားတဲ့ သင်ရိုးကို ***

အဓိက အခြေခံ သင်ကြားပေးမှာဖြစ်ပြီး

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ အခြားလိုအပ်တာတွေကိုလည်း

ထပ်မံအားဖြည့် ပေါင်းထည့် သင်ကြား

လေ့ကျင့်ပေးသွားမှာပါ ။

အပြန်အလှန် စကားပြောခန်းတွေ ၊

အမေးအဖြေလုပ်တာတွေ ၊

သီချင်းတွေ ၊ သံစဉ်တွေနဲ့ တွဲဖက် သင်ကြားပေးတာတွေ ၊

ဂိမ်း နဲ့ လှုပ်လှုပ်ရှားရှား ဆောင်ရွက်ရတာတွေ ၊

အသံ နဲ့ ဗီဒီယို တွဲဖက်သင်ကြားမှုတွေ

ပါဝင်မှာ ဖြစ်ပါတယ် ။

 

ကလေးတွေကို အင်္ဂလိပ် ဘာသာစကား စွမ်းရည်

တိုးတက်ဖို့တင်မကပဲ

စိတ်ဓာတ် နဲ့ အတွေးအခေါ် တိုးတက်ဖို့လည်း

တတ်နိုင်သလောက်

ပူးတွဲ သင်ပြပေးသွားပါမယ် ။

( လိုအပ်ရင် ကလေးတွေကို ဆုံးမ ပါမယ် ။

ဆုပေး ဒဏ်ပေး လုပ်ပါမယ် ။

ကိုယ့်ကလေးကို သက်ဆိုင်ရာ ဆရာ/ဆရာမ က

လိုအပ်လို့ ဆုံးမတာမျိုးကို မကြိုက်ဘူး ဆိုရင်

ကျွန်တော်တို့ သင်တန်းနဲ့တော့

ကိုက်မှာ မဟုတ်ပါဘူး ခင်ဗျာ ။

ဆုံးမတယ် ဆိုတာ အရမ်းကာရော စွတ်ရိုက်နေတာကို

ပြောတာကို မဟုတ်ပါဘူးနော် …. ?

 

ကလေး တစ်ယောက်ယောက်က ဆရာ/ဆရာမတွေကို ၊

ကိုယ့်ထက် အသက် ကြီးသူတွေကို ရိုသေ ၊

လေးစားရကောင်းမှန်းမသိတာမျိုး ၊

အတန်းထဲက တခြား စာသင်ဖော်တွေ

စိတ်အနှောင့်အယှက်ဖြစ်အောင်

တမင်လိုက်လုပ်နေတာမျိုးတွေ ရှိလာရင်

လိုအပ်သလို ပြောဆို ဆုံးမ တည့်မတ်

ပြုပြင်ပေးသွားမှာပါ ။ )

 

♦ ဘယ် Level ကို တက်သင့်လဲ ♦

အသက်အရွယ် နဲ့ ဘာသာစကားအခြေခံပေါ်မူတည်ပြီး

Level အလိုက် တန်းခွဲတွေ ခွဲပေးပြီး သင်ကြားပေးမှာဖြစ်လို့

သင်တန်းမတက်ခင်မှာ

ဘယ် Level ကို တက်သင့်လဲ ဆိုတာကို

စစ်ဆေးမယ့် Placement Test ဖြေဆိုရမှာ ဖြစ်ပါတယ် ။

 

♦ သင်တန်းကာလ နှင့် သင်တန်းကြေး ♦

ကြားရက် ( တနင်္လာ ၊ အဂါၤ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး – တစ်ပတ် ၄ ရက် )

တက်ရောက်မယ်ဆိုရင် Level တစ်ခု စာ ပြီးစီးအောင်

၅ ပတ် တက်ရောက်ရမှာ ဖြစ်ပါတယ် ။

တစ်နေ့မှာ စာသင်ချိန် ၂ နာရီခွဲ ဖြစ်ပါတယ် ။

ပိတ်ရက် ( စနေ ၊ တနင်္ဂနွေ – တစ်ပတ် ၂ ရက် )

တက်ရောက်မယ်ဆိုရင် Level တစ်ခု စာ ပြီးစီးအောင်

၃ လ ကြာ တက်ရောက်ရမှာ ဖြစ်ပါတယ် ။

တစ်နေ့မှာ စာသင်ချိန် ၂ နာရီ ဖြစ်ပါတယ် ။

( စနေ ၊ တနင်္ဂနွေ တန်းခွဲတွေ အတွက်ကို

သင်တန်းကြေး တစ်ခါတည်း မသွင်းပဲ

တစ်လစာစီ ခွဲသွင်းချင်လည်း ရပါတယ် )

Level တစ်ခုစာ အတွက်

အပြတ် အပ်နှံမယ် ဆိုရင်တော့

? ခုနှစ်သောင်း သာ ကျသင့်မှာ ဖြစ်ပြီး

၁ လ ချင်း အပ်နှံတက်ရောက်ရင်တော့

အချိုးကျ ခွဲသွင်းသွားနိုင်မှာဖြစ်ပြီး

စုစုပေါင်း သင်တန်းကြေး

? ခုနှစ်သောင်းခွဲကျပ် ကျသင့်မှာဖြစ်ပါတယ်။

စာရွက် စာတမ်း နဲ့ စာအုပ်တွေ ၊

အသံဖိုင် ၊ ဗီဒီယိုဖိုင်နဲ့ Software တွေ ပါဝင်မှာဖြစ်ပြီး

ဒါတွေအတွက် ငွေကြေး ထပ်မံသွင်းစရာ

လုံးဝ မလိုအပ်ပါဘူး ။

 

image43
♦ စာကြည့်တိုက် ♦

 

#ActiveEnglish သင်တန်းမှာလည်း နဂိုကတည်းက

စာအုပ်ပေါင်း ထောင်ကျော်ရှိတဲ့

စာကြည့်တိုက်ရှိပြီးဖြစ်တဲ့ အပြင်

အသက်အရွယ် ငယ်တဲ့ ကလေးတွေပါ ဖတ်လို့ရမယ့် ၊

ဖတ်သင့်တဲ့ စာအုပ်တွေကိုပါ

သီးသန့် ထပ်ဖြည့်ပေးထားပါတယ် ။

စာကောင်းပေကောင်း ဖတ်ပြီး ကြီးပြင်းလာတဲ့ ကလေးဟာ

ကိုယ့်ဘဝကိုယ် ကောင်းကောင်း ထိန်းကြောင်းနိုင်ဖို့

အလားအလာ ပိုရှိတယ်လို့ ကျွန်တော့် အနေနဲ့ယူဆလို့

ကလေးတွေကို စာဖတ်ဖြစ်အောင်ပါ ကူညီသင်ပြ

တိုက်တွန်းပေးပါ့မယ် ။

ဒါ့အပြင် လူကြီးမိဘတွေ အနေနဲ့လည်း

” ကလေးတွေကို နားလည်ဆုံးမနိုင်စွမ်း “

မိမိမှာ မွေးရာပါ ရှိထားပြီးသားလို့ မမှတ်ယူထားပဲ

ကလေးတွေရဲ့ စရိုက် အလိုက် ၊ ခေတ်အခြေအနေ

အချိန်အခါပေါ်မူတည်ပြီး

နားလည်မှုရှိရှိနဲ့ ဆုံးမလမ်းပြသင့်တယ်လို့

ကျွန်တော့် အနေနဲ့ ယူဆတာကြောင့်

လူကြီးတွေဖတ်ဖို့ ” ကလေး တွေနဲ့ ပတ်သက်တဲ့ “

စိတ်ပညာ ဆိုင်ရာ ၊

မိဘကောင်း ဖြစ်ခြင်း နဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့

လမ်းညွှန်အကြံပြုစာတွေကိုလည်း

စာကြည့်တိုက်မှာ ထားရှိပေးထားပါတယ် ။

?

 

ကျွန်တော်တို့ မြန်မာကလေးငယ်တွေ

ဘာသာစကားစွမ်းရည်လည်း တိုးတက်လာအောင် ၊

စိတ်နေစိတ်ထားလည်း တော်တည့် ကောင်းမွန်အောင်

( ရတဲ့ အချိန်တိုလေးအတွင်းမှာ အတတ်နိုင်ဆုံး ကြိုးစားပြီး )

ကျွန်တော်တို့ သင်ပြပေးသွားပါ့မယ် ။

ဒါကြောင့် မိမိရင်သွေးကို

ငယ်ငယ်ရွယ်ရွယ် ကတည်းက အခြေခိုင်ခိုင် ယုံကြည်မှုရှိရှိနဲ့

အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ အခက်အခဲ မရှိစေလိုတဲ့

မိဘများအတွက်

#ActiveEnglish သင်တန်း ရဲ့ ” Young Learner Class” ကနေ ကူညီ ပေးပါရစေဗျာ ။

?

 

ကိုဇင်ဇေ

( #ActiveEnglishသင်တန်း တည်ထောင်သူ ၊

သင်ကြားရေးဆရာ )

 

••••••••••••

 

♦ သင်တန်းအချိန်ဇယား ♦

တနင်္လာ မှ ကြာသပတေး နေ့ထိ

( တစ်ပတ် -၄ ရက် တန်းခွဲများ )

– မနက် ၉ – ၁၁ ခွဲ

– နေ့လည် ၁၂ – ၂ ခွဲ

– နေ့လည် ၃ – ၅ ခွဲ ဆိုပြီး ၃ ချိန် ရှိပါတယ် ။

တစ်နေ့ ၂ နာရီ ခွဲနဲ့

Level တစ်ခုစာ အတွက် ၅ ပတ် သင်ကြားပေးမှာ ဖြစ်ပါတယ် ။

……………………………………………………

စနေ ၊ တနင်္ဂနွေ ( တစ်ပတ် – ၂ ရက် တန်းခွဲများ )

– မနက် ၈ ခွဲ – ၁၀ ခွဲ

– နေ့လည် ၁၁ – ၁

– နေ့လည် ၁ ခွဲ – ၃ ခွဲ

– ညနေ ၄ – ၆ ဆိုပြီး ၄ ချိန် ရှိပါတယ် ။

တစ်နေ့ ၂ နာရီ နဲ့ တစ်လ မှာ ၈ ရက်

Level တစ်ခုစာ အတွက် ၃ လ ( ၂၄ ရက် )

သင်ကြားပေးမှာ ဖြစ်ပါတယ် ။

 

အောက်ပါ Levels တွေ အတိုင်း စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ် ။

Young Learner တွေအတွက်

( Starter , Beginner , Foundation 1 ,

Level – 1 , Level – 2 , Level – 3 ,

Level – 4 , Level – 5 , Level -6 )

( CYLE – Cambridge Yound Learners English စံနှုန်း အရဆိုရင်တော့

Towards Starters , Starters , Starters to Movers ,

Movers , Flyers စတာတွေ ဖြစ်ပါတယ် ။ )

Young Adult အတွက် ဆိုရင်တော့

( Starter , Level – 1 , Level – 2 , Level – 3 ,

Level – 4 , Level – 5 , Level -6 )

( CEFR – Common European Framework အရဆိုရင်တော့

A1 – A2- B1 စတဲ့ Level တွေ ဖြစ်ပါတယ် ။ )

 

စနေ ၊ တနင်္ဂနွေ ( တစ်ပတ် – ၂ ရက် ) တန်းခွဲတွေကို

9.6.2018 ရက်နေ့မှာ

တန်းခွဲသစ်တွေ ထပ်မံဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

 

============

 

???

ကလေးတွေ နဲ့ ကျောင်းသားမိဘတွေ

အဆင်ပြေအောင်

ကျောင်းကားတွေလည်း

ဒီနှစ်မှာ တိုးပြီးစီစဉ်ပေးထားပါတယ်။

ရန်ကုန်မြို့တွင်း မြို့နယ် အတော်များများကို

စီစဉ်ပေးထားတာမို့ ဖုန်းဆက်ပြီး စုံစမ်းလိုက်ရုံပါပဲ ?

?

==========

 

ဆက်သွယ်ရန် : 09 261008186 / 09 2522 74890 / 09 25000 5174 / 09 4311 5202 /

တာမွေမြို့နယ် ၊ တာမွေ အဝိုင်းထိပ် မှတ်တိုင် အနီး ၊

၁၆၇ လမ်း ( ခေါ် ) ရာပြည့်ဈေးလမ်း အတွင်းမှာ

#ActiveEnglishသင်တန်း တွေကို ဖွင့်လှစ်ထားပါတယ် ။

 

 

♦ ကလေးတွေ အတွက်

Active English ( Young Learner Class ) က

အိမ်နံပါတ် – ၂၉ ( မြေညီထပ် ) နဲ့ ၃၂ ( မြေညီထပ် ) တို့ဖြစ်ပါတယ် ။

 

♦ ဆယ်တန်းအောင်အရွယ်ကနေ စပြီး လူကြီးတွေကို

အဓိက လေ့ကျင့် သင်ကြားပေးတဲ့

Active English ( Applied English Class ) /

Active IT ( Computer သင်တန်းများ ) /

Power of Passion (Management , Personal Development ……) ရဲ့ သင်တန်းတွေကတော့

အိမ်နံပါတ် – ၂၈ (မြေညီထပ်) နဲ့

၃၂ (ပထမထပ်) မှာ ဖြစ်ပါတယ် ။

 

♦ သင်တန်း စုံစမ်းတဲ့ အခါမှာ

အဲ့ဒီ Applied English Class

အိမ်နံပါတ် – ၂၈ (မြေညီထပ်) ကို လာစုံစမ်းရမှာပါ ။

 

♦ ၁၆၇ လမ်း ( ရာပြည့်ဈေးလမ်း ) ထဲမှာတင်

#ActiveEnglishသင်တန်း 4 ခုကို

နီးနီးနားနား ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ် ။

 

အတန်းတိုင်းကို အချိန်ပြည့် ကျွန်တော်ကိုယ်တိုင်

သင်ပေးတာမျိုး မလုပ်နိုင်တော့ပေမယ့်

ကျွန်တော် စီမံ လမ်းညွှန်မှုအောက်မှာ ရှိနေအောင် ၊

ကျွန်တော် လိုအပ်သလို စောင့်ကြည့် ဖြည့်စွက်

သင်ကြားပေးနိုင်အောင်

တခြား နေရာတွေမှာ သင်တန်းခွဲ မဖွင့်ပဲ

နီးနီးနားနားမှာတင် တန်းခွဲ ၄ ခု စီစဉ်ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ် ။

?

 

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်

အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး

ရောက်နေတဲ့နေရာကို ပြောပြီး

လမ်းညွှန်မေးမြန်းနိုင်ပါတယ်

?

 

ဆက်သွယ်ရန် : 09 261008186 / 09 2522 74890 /

09 25000 5174 / 09 4311 5202 /

သင်တန်းအကြောင်း အပြည့်အစုံ ဖတ်ရှူပြီး

မရှင်းတာ ထပ်သိချင်တာတွေ ရှိရင်

ဖုန်း 09 261008186 / 09 2522 74890 တို့ကို

ဆက်သွယ် စုံစမ်းနိုင်ပါတယ်ဗျာ ။ ?

=================

 

” ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင်

အရောက်လှမ်းနိုင်ကြပါစေဗျာ …”

???

 

စေတနာဖြင့်

ကိုဇင်ဇေ

Zin Zae

Zin Zae

Founder

တစ်ခါမှာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ် ကယ်တင်ပေးလိုက်တာဟာ ပင်လယ်ကမ်းခြေ တစ်လျှောက်လုံးမှာ တင်ရှိနေသမျှ ကြယ်ငါးတွေအားလုံးကို ကယ်နိုင်တာမဟုတ်လို့ ဘာမှ မထူးခြားသွားပါဘူးလို့ ပြောနိုင်ပေမယ့် အကယ်ခံလိုက်ရတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သိပ်ကို ထူးခြားသွားတာပဲ မဟုတ်လားဗျာ။ အဲ့လို စိတ်လေးထားပြီး ကြယ်ငါးလေးတွေကို ပုံမှန် ကယ်ပေးနေရင် ကြယ်ငါးကောက်ပြီး ကယ်ပေးသူတွေ ပိုပြီး များ များလာရင် ကျွန်တော်တို့ ကောက်ယူ ကယ်ဆယ်နိုင်လိုက်တဲ့ ကြယ်ငါးလေးပေါင်းများစွာ ရှိလာဖို့ ရည်ရွယ်ပါတယ်

Ko Zin Zae

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေ အဝိုင်းထိပ် အနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

09250005174

Pin It on Pinterest

Share This